All Hotel Guides

နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Ananda မှ အင်းဝတွင် ပထမဆုံး  ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်မည်

နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Ananda မှ အင်းဝတွင် ပထမဆုံး ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်မည်

Travelling Journal နှစ်နှစ်နီးပါး ရပ်နားထားသည့် နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Sanctuary Ananda မှ အင်းဝတွင် ပထမဆုံး ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းရေပေါ်ဟိုတယ်၏ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောကြားသည်။ လက်ရှိ သင်္ဘော ပေါ်၌ အခန်းပေါင်း၂၁ ခန်း ရှိပြီး အင်းဝတွင် ယခုကဲ့သို့ ပထမဆုံး ရေပေါ်ဟိုတယ်အဖြစ် စတင်ခြင်းအတွက် နှစ်ယောက်ခန်းတစ်ခန်းကို တစ်ညလျှင် အမေရိကန် ဒေါ်လာ ၈၀ မှ ဒေါ်လာ ၁၀၀ ထိ အထူး သတ်မှတ်ပေးထားကြောင်း သိရသည်။ ထို့ပြင် Sanctuary Ananda Luxury Cruise မှ ဧပြီလနှင့် မေလ နှစ်လတည်းတွင် ဧရာဝတီမြစ်အတွင်း နှစ်ညအိပ်ခရီးစဥ် ကိုပြန်လည် ပြေးဆွဲ ပေးရန် စီစဥ် ထားကြောင်းသိရသည်။ ခရီးစဥ်လမ်းကြောင်းအနေဖြစ် မန္တလေး- မင်းကွန်း - အင်းဝ ခရီးစဥ် ဖြစ်ကာ အထူးအစီအစဥ် အနေဖြင့်Cruise Experience အပြင် အင်းဝ တွင် လည်ပတ်သည့် Sightseeing ကိုပါ ထည့်သွင်းပေးထားကြောင်းသိရသည်။ ယင်းနှစ်ညအိပ်ခရီးစဥ်ကို သောကြာနေ့တိုင်း မန္တလေးမှ စတင်ထွက်ခွာပြီး Full package ပုံစံမျိုးဖြစ်သည့်အတွက် ခရီးစဥ်တစ်လျှောက် အစားအသောက်, Freesoft Drunk , Tea, Beer, မင်းကွန်း / အင်းဝ အလည်အပတ်, guide service နှင့် Entrance Fee များပါ ပါဝင် ပြီးဖြစ်ကြောင်း သိရသည်။ UK အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Sanctuary Retreats မှ ပြေးဆွဲ သည့် Sanctuary Ananda Cruise ဖြစ်ပြီး ယင်းကုမ္ပဏီပိုင် သင်္ဘော များမှာ အီဂျစ် နှင့် တရုတ် တွင် ပြေးဆွဲပေးနေပြီး မြန်မာနိုင်ငံ တွင် Ananda တစ်စီးတည်းဖြင့် သာ ပြေးဆွဲနေကြောင်း သိရသည်။
Contine Reading
By - Admin / 03-04-2022
ငွေဆောင် သဇင်ကျေးရွာ တွင် ကြယ်သုံးပွင့်အဆင့်ရှိ Pinn Pinn Hotel ကို စတင် ဖွင့်လှစ်

ငွေဆောင် သဇင်ကျေးရွာ တွင် ကြယ်သုံးပွင့်အဆင့်ရှိ Pinn Pinn Hotel ကို စတင် ဖွင့်လှစ်

#Travelling journal ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ကြသည့် ငွေဆောင် ကမ်းခြေ သဇင် ကျေးရွာတွင်ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်ကို စတင် ဖွင့်လှစ်မည် ဖြစ် ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်နာမည်ကို Pinn Pinn ( Ngwe Saung ) Hotel ဟု အမည်ပေးထားကာ လက်ရှိတွင် Phase 1 အနေဖြင့် အခန်း ၂၀ ကို တည်ဆောက်ပြီး ဖြစ်သလို Bungalow Type အမျိုးအစားဖြစ်ကြောင်း ယင်းဟိုတယ်ပိုင်ရှင်က Travelling journal သို့ ပြောသည်။ "ကျွန်တော်တို့က Beach Site ဘက်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံချင်တာရယ် ကမ်းခြေဘက်မှာဆိုရင် Beach Party စျေးကွက်ကို ပိုပြီးချဲ့ချင်တာကြောင့် ဒီဘက်ကို ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပါတယ်။ အခု စတော့ ဖွင့်တော့ဖွင့်နေပါပြီ။အကုန်လုံးတော့ မဖွင့်သေးပါဘူး"ဟု ဟိုတယ်ပိုင်ရှင်က Travelling journal သို့ ပြောသည်။ လက်ရှိတွင် အခန်းခနှုန်းထားအနေဖြင့် သုံးယောက်ခန်းကို တစ်သိန်းငါးသောင်းကျပ် ဖြစ်ပြီး နှစ်ယောက်တည်းမည်ဆိုပါက တစ်သိန်း နှစ်သောင်း ကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိ တွင် ဧက ၁၄ ဧက ရှိပြီး ဧက ၅ ဧက ဝန်းကျင်ကို သာ သုံးစွဲထားပြီး တစ်ဆင့်ချင်းစီ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ငွေဆောင် ကမ်းခြေနှင့် သုံးမိုင်ကျော်အကွာတွင် ဟိုတယ်ကို တည်ဆောက်ထားသလို ယင်းဟိုတယ် မှ ချောင်းသာ ကမ်းခြေသို့ မိနစ် ၃၀ ခန့် စက်လှေ ဖြင့် သွားရောက် နိုင် ကြောင်း သိရသည်။ ထို့အပြင် ခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိသည့် ဓာတ်ပုံ ရိုက်ကောင်းသည့်မြွေကျွန်း နှင့် လည်း နီး ကြောင်း သိရသည်။ အဆိုပါ ဟိုတယ်ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး၂၀၂၁ နှစ်ဆန်းပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။လက်ရှိတွင် ခရီးသွားမြို့တော်ဖြစ်သည့် ကလော မြို့တွင် Pinn Pinn Hotel ကို တည်ဆောက်ထားပြီး ဖြစ်​ သလို ငွေဆောင် သဇင်ကျေးရွာတွင် Pinn Pinn ( Ngwe Saung ) Hotel ကို ထပ်မံ တည်ဆောက် ခဲ့ ကြောင်းသိရသည်။
Contine Reading
By - Admin / 06-10-2021
ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၂၅ရာခိုင်နှုန်း ထိ လျော့ချပေးမည်

ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၂၅ရာခိုင်နှုန်း ထိ လျော့ချပေးမည်

#Travelling journal ငပလီကမ်းခြေ အခြေစိုက် မြပြင်ကျေးရွာတွင် တည်ရှိသည့် ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင် နှုန်း ထိ လျော့ချပေးသွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ Sale Director ဒေါ်စုစုမွန် က Travelling journal သို့ ပြောသည်။ ဟိုတယ်အခန်းခများကို ဖေဖေါ်ဝါရီလမှ မေလလယ်အထိ လျော့ချပေးထားပြီး ကြိုတင်အခန်းမှာယူမှသာ အခန်းခလျော့ချထားသည့် ဝန်ဆောင်မှု များကို ရရှိမည် ဖြစ်ကြောင်း သိရသည် ။ "အခန်းစျေးတွေကိုလည်း တော်တော်လေး ချပေးထားပါတယ်။ ဘွက်ကင်လေးလုပ်ထားလိုက်ရုံပဲ။ ဇန်နဝါရီ ၃၁ ရက်ထိ အခန်းကြိုတင်မှာထားရုံနဲ့ရပါပြီ။ Open Date နဲ့ပဲ ဖြစ်ဖြစ်။အဲဒီမျိုးဆိုရင် ရပါပြီ"ဟု Sale Directorဒေါ်စုစုမွန် က Travelling journal သို့ ပြောသည်။ အခန်းအမျိုးအစားများဖြစ်သည့် Deluxe ၊ Executive Deluxe ၊Garden View Villa၊ Seaview Villa နှင့် Beachfront Villa ထိ အခန်းအမျိုးအစားအလိုက် အခန်းခများကို ၁၀ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း ထိ လျော့ချထားသည်။ ထို့​ပြင် ပရိုမိုးရှင်းကာလအတွင်း အခန်းမှာယူပါက သံတွဲလေဆိပ် ကြို၊ ပို့ ၊ Breakfast ၊Welcome drinks in room ၊3ply fabric mask for each guest ၊ Pocket Antiseptic bottles ၊ Free WiFi internet service ၊ အပြန် swab test ယူရန် သံတွဲသို့ ကြို၊ပို့ စသည့် ဝန်ဆောင်မှု များကိုလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါဟိုတယ်ကို ဧကပေါင်း ၆ ဒဿမ ၆ဧက ပေါ်တွင် တည်ဆောက်ထားပြီး ဟိုတယ်အခန်းပေါင်း ၅၆ ခန်းရှိသော်လည်း ကိုဗစ်ကာလအတွင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက် ဖြင့် အခန်း ပေါင်း ၂၀ ကျော်သာ ဖွင့်လှစ်ပေးသွားမည်ဖြစ်သလို ရေကူးကန်ကိုလည်း ခွင့်ပြုချက် ဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ငပလီကမ်းခြေ သို့ လေယာဥ် ခရီးစဥ် ဖြင့် သွားရောက်နိုင်ပြီး ခရီးသွားများအနေ ဖြင့် Q ဝင်စရာမလိုဘဲ ကိုဗစ် ရောဂါရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပြီး Negative ဖြစ်မှသာ ခရီးသွားလာခွင့်ရှိသည်။ Photo Jade Marina Resort
Contine Reading
By - Admin / 24-01-2021
အဆင့်မြင့် အနော်ရထာ ဇိမ်ခံ သင်္ဘောကို မြစ်လယ်တွင် Floating Cruise Hotel အဖြစ် ပြုလုပ်ပြီး မြစ်ကြောင်း တစ်လျှောက် Sunset ကြည့်မည့် အစီအစဥ် စတင်မည်

အဆင့်မြင့် အနော်ရထာ ဇိမ်ခံ သင်္ဘောကို မြစ်လယ်တွင် Floating Cruise Hotel အဖြစ် ပြုလုပ်ပြီး မြစ်ကြောင်း တစ်လျှောက် Sunset ကြည့်မည့် အစီအစဥ် စတင်မည်

#Travelling journal မန္တလေး -ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲနေသည့် အထပ်လေးထပ်ပါ အပျော်စီး အနော်ရထာ ဇိမ်ခံသင်္ဘော ( Luxury Cruise)ကို ရန်ကုန်မြစ်လယ်တွင် Floating Cruise Hotel သဘောမျိုး ပြုလုပ်ပြီး မြစ်ကြောင်းတစ်လျှောက် နေဝင်ချိန် ကြည့်နိုင်မည့် ဝန်ဆောင်မှုကို စတင်သွားမည်ဖြစ်ကြောင်း Moken Capital ကုမ္ပဏီ ၏ General Manager ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။ အဆိုပါ အစီအစဥ်ကို လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်သွားမည်​​ ဖြစ်ပြီး အစီအစဥ် အနေဖြင့် ဗိုလ်တထောင် ဘုရား တစ်ဖက်ခြမ်းရှိ မြစ်လယ်ခေါင်တွင် သင်္ဘောကို ကျောက်ချထားပြီး နေ့စဥ် ညနေ ၅ နာရီမှည ၇ နာရီထိ ရန်ကုန်မြစ်ကြောင်းတစ်လျှာက် Sunsetကြည့်သည့် Activityကို ဝန်ဆောင်မှု ပေးသွားမည်ဖြစ်​ကြောင်းသိရသည်။ "သင်္ဘော ကို ကျောက်ချထားပြီး Floating Cruise Hotel လိုမျိုး လုပ်မယ် ၊ Events တွေရှိမယ် ၊ Special Events တွေရှိမယ် ၊ ညနေတိုင်း Sunset Cruise ထွက်မယ် ၊ ရေတက်ရေကျပေါ်ကြည့်ပြီး အဆင်ပြေတဲ့လမ်းကြောင်းကို ပြေးဆွဲသွားပေးမှာပါ။အလုံ ကြည့်မြင့်တိုင်ဘက်ခြမ်းနဲ့ သန်လျင်ဘက်ကိုဆင်းတဲ့လမ်းကြောင်းတစ်ကြောင်းရှိပါတယ်။ သင်္ဘောပေါ်မှာ Over Night Stay လာနေမယ်ဆိုရင် ညနေ Sunset ကြည့်တဲ့ဝန်ဆောင်မှုပါ တစ်ခါ တည်း ပါသွားတယ်။ ရန်ကုန်ရဲ့ဟိုတယ်မှာ လာနေမယ့်အစား သင်္ဘောပေါ်မှာ လာနေပြီး နေဝင်ဆည်းဆာအလှကို ခံစားစေရမယ့်ပုံစံလိုမျိုး ဝန်ဆောင်မှု ပေးသွားမှာပါ"ဟု ဒေါ်စုမွန်ဦး က Travelling journal သို့ ပြောသည်။ အဆိုပါ အဆင့်မြင့်ဇိမ်ခံသင်္ဘော တွင် အထပ်လေးထပ်ပါဝင်ပြီး အခန်းပေါင်း ၂၃ခန်း ရှိကာ Royal Suite ၊ Executive suite၊Junior Suite နှင့် Deluxe အခန်းအမျိုးအစားလေးမျိုးခွဲခြားထားကြောင်း သိရသည်။ ယင်းအခန်းများကို ဖေဖေါ်ဝါရီလမှစတင်ပြီး Weekendနှင့် Weekday ဆိုပြီး စျေးနှုန်း ခွဲ ခြားထားပြီး Deluxe အခန်းများကို Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၂၁၀) နှင့် Weekday ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၁၈၀) ကျသင့်မည်ဖြစ် ကာ အမြင့်ဆုံးအခန်းဖြစ်သည့် Royal Suite အခန်း အနေဖြင့် Weekdayဆိုပါက ကန်ဒေါ်လာ (၄၃၀)နှင့် Weekend ဆိုပါက တစ်ညလျှင် ကန်ဒေါ်လာ (၄၆၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ "အဲဒီ ခရီးစဥ်ကို ရောင်းသွားပေးမှာပါ ။ ရန်ကုန်ထဲမှာ စိတ်ဝင်စား တဲ့သူ တက်နိုင်တဲ့သူကလည်း ရှိတာပဲလေ။သူ့မှာ Cruise အသေး Moken ရှိသေးတယ်။ အဲဒါကလည်း ရောင်းရတယ်။ ရောင်းပေးတယ်"ဟု ကမ္ဘာ့မြန်မာခရီးသွား ကုမ္ပဏီ မှ ဒါရိုက်တာ ဒေါ်ဆုမွန်ချစ် က Travelling journal သို့ ပြောသည်။ အဆိုပါ အပျော်စီးဇိမ်ခံသင်္ဘောပြေးဆွဲမှုကို ဗီယက်နမ်နိုင်ငံ အခြေစိုက် Heritage Line ကုမ္ပဏီနှင့် Moken Capital ကုမ္ပဏီ တို့ ပူးပေါင်း ပြေးဆွဲခြင်းဖြစ်ပြီး ယခင်က ဧရာဝတီ မြစ်နှင့်ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေခြင်းဖြစ်ကာ ကိုဗစ် ရောဂါဖြစ်ပွားသဖြင့် ခရီးစဥ်များကို တစ်နှစ်တိတိရပ်ဆိုင်းခဲ့ပြီးနောက် ရန်ကုန်မြစ်ကြောင်း တွင် ပြေးဆွဲရန် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရေလယ်ခေါင်မှာ ကျောက်ချထားပြီး ကျန်းမာရေးဆိပ်ကမ်းကနေ ကိုယ်ပိုင် ဖယ်ရီ နဲ့ ခေါက်တုံ့ ခေါက်ပြန် ကြိုပေးမယ်။ အဲဒါကို နေ့လည် ၁၂ နာရီကနေ ည ၁၀ ထိ ဖယ်ရီကြိုပို့လုပ်ပေးသွားမှာပါ"ဟု ဒေါ်စုမွန်ဦးက Travelling journal သို့ ပြောသည်။ ထို့ပြင် မတ်လနှင့်ဧပြီလများတွင် Sunset Cruise သီးသန့်လက်ခံမည့် ခရီးစဉ် များကိုလည်း ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သလို Private Events ၊ Lunch Only ၊ Dinner Only စသည့် ဝန်ဆောင်မှုအသစ်များ ကိုထည့်သွင်း သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အနော်ရထာ ဇိမ်ခံ သင်္ဘောကို၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့ပြီး မြန်မာပြည်သို့ သယ်ဆောင်လာခဲ့ပြီးနောက်၂၀၁၆ ခုနှစ် မတ်လ မှ စကာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကြောင်း တစ် လျှောက်တွင် ပြေးဆွဲခဲ့သည့် အဆင့်မြှင့် ဇိမ်ခံသင်္ဘောဖြစ် ကြောင်း သိရသည်။ Anawrahta Cruise FB
Contine Reading
By - Admin / 18-01-2021
ပြင်ဦးလွင်၏ White House Hotel PyinOoLwin ကိုဗစ်ပြီးပါက ဖွင့်လှစ်မည်

ပြင်ဦးလွင်၏ White House Hotel PyinOoLwin ကိုဗစ်ပြီးပါက ဖွင့်လှစ်မည်

Travelling journal ပန်းမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့တော် တွင် White House hotel pyioolwin အမည်ရှိ ဟိုတယ်သစ် ကို ကိုဗစ်ရောဂါပြီးပါက ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း အဆိုပါဟိုတယ်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သူက Travelling journal သို့ ပြောသည်။ " ကိုဗစ်ပြီးရင် ဖွင့်မှာပါ ။ အတိအကျတော့ ပြောလို့မရပါဘူး။ တိုင်းဒေသကြီး က ဖွင့်ခွင့်ပေးလိုက်တဲ့အချိန်မှာ နှစ်ပတ်လောက် ခွာပြီးရင် ဖွင့်ဖို့လုပ်ထားပါတယ်"ဟု ၄င်းက ဆိုသည်။ လက်ရှိတွင် အဆိုပါဟိုတယ်ကို ပြင်ဦးလွင် ကားကြီးကွင်းနှင့် အနီးဆုံးရှိ ချယ်ရီလမ်းဟောင်း၊ရပ်ကွက်ကြီး(၆)တွင် တည်ဆောက်ထားကြောင်း သိရသည်။ ယင်းဟိုတယ်ကို မြေဧက ၁ ဧက ပေါ်တွင်တည်ဆောက်ထားပြီး ဟိုတယ်အဆောက်အအုံ ၉ လုံးပါဝင်ကာ အဆောက်အအုံ တစ်လုံးစီတွင် လေးခန်းပါဝင်ပြီး ၂ယောက်ခန်း ၃ယောက်ခန်း ၄ယောက်ခန်း ၅ယောက်ခန်း များ ထားရှိပေးထားကြောင်းသိရသည်။ ထို့​ပြင် လာရောက်တည်းခိုသူများအဆင်ပြေစေရန် အတွက် အခန်းအမျိုးအစားကိုလည်းခြောက်မျိုးခွဲထားပြီး စျေးနှုန်းမှာ ကျပ်လေးသောင်းခွဲမှ ကျပ် ရှစ်သောင်း အထိသတ်မှတ်ထားကြောင်း သိရသည်။ အဆိုပါဟိုတယ်ကို ၂၀၁၈ခု နှစ် ၆လပိုင်း မှစတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ဟိုတယ်ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။ "ဟိုတယ် ဖွင့်ပွဲအထိမ်းအမှတ်နဲ့ တစ်လအတွင်း လာရောက် တည်းခိုတဲ့ဧည့်သည်တွေကို ၁၅ ရာခိုင် နှုန်း လျော့ချပေးသွားမှာပါ"ဟု ယင်းဟိုတယ်၏ မန်နေဂျာ ဦးဆက်ပိုင်ထူး က Travelling Journal သို့ ပြောသည်။ လက်ရှိ တွင် ပြင်ဦးလွင် မြို့တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း အလုံး၇၀ ကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပြင်ဦးလွင် ) ရုံး၏ စာရင်းအရ သိရသည်။
Contine Reading
By - Admin / 13-10-2020
ချိုင့်ဝှမ်းတောင်စောင်းထက်က ကိုလိုနီစတိုင် တည်ဆောက်ထားတဲ့ Green Valley

ချိုင့်ဝှမ်းတောင်စောင်းထက်က ကိုလိုနီစတိုင် တည်ဆောက်ထားတဲ့ Green Valley

နှင်းဆီသခင် ကလောဆိုတာ ဘယ်အချိန် ဘယ်ရာသီပဲ ဖြစ်ဖြစ် အေးမြလွန်းတဲ့ ရာသီဥတုကို ထာဝရပိုင်ဆိုင် ထားတဲ့ မြို့ငယ်လေးမို့ ယနေ့ထိတိုင် ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ ဆွဲဆောင်စရာမြို့အဖြစ် တည်ရှိနေပါ တယ်။ ထင်းရှုးရနံ့တွေ ထုံမွန်းနေတာရယ်၊ တစ်နေရာ တည်းမှာ ထင်းရှုးပင်များစွာကျန်ရှိနေသေးတဲ့ အစိမ်း ရောင်မြို့လေးလို့ တင်စားခံထားရတဲ့ ကလောမြို့လေး ပဲဖြစ်ပါတယ်။ အေးချမ်းတဲ့  ခံစားမှုမျိုးကို ဆယ်စုနှစ် ပေါင်းများစွာ ထိန်သိမ်းထားနိုင်တဲ့ ထင်းရှုးမြို့တော် ကလောမြို့လေးပဲဖြစ်ပါတယ်။ ဒီလို အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ကလောမြို့ငယ်လေးမှာ ရင်းနှီးမြုပ်နှံလာကြတဲ့ ဟိုတယ်တွေကလည်း တစ်စတစ်စနဲ့ရှိနေပါပြီ၊ ဒီလို များစွာထဲမှ မကြာသေးခင်က ဖွင့်လှစ်ထားပြီးတော့  ဟိုတယ်အဆင့်မီ တည်ဆောက်ထားတဲ့ Green Valley Motel လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီမိုတယ်ဟာဆိုရင် အစိမ်းရောင်တောင် ကြားလမ်းလို့ဆိုတဲ့အတိုင်း နာမည်လေးနဲ့ တစ်သား တည်းကျနေ အောင်ဖန်တီးထားပြီးတော့ ချစ်စရာကိုလို နီစတိုင် ဘန်ဂလိုလုံးချင်းပုံစံ တည်ဆောက်ထားတဲ့  ဟိုတယ်ပိုင်ရှင်ရဲ့ စိတ်ကူးကတော့ သဘာဝကိုချစ်မြတ် နိုးသူတစ်ယောက်အနေနဲ့ ကိုလိုနီအငွေ့အသက်လေး တွေရရှိစေအောင် တည်ဆောက်ထားတဲ့ စိတ်ကူးကို လည်း ပေါ်လွင်စေမိပါတယ်။ ကလောဆိုတာ ကိုလိုနီအဆောက်အအုံများ စွာကျန်ရှိနေသေးတဲ့ တစ်ခုတည်းသောထင်းရှုးမြို့တော် ပါ။ ဘယ်နေရာပဲကြည့်ကြည့် ကိုလိုနီအငွေ့အသက် တွေရှိနေဆဲလို့ ခံစားရစေတဲ့ မြို့လည်းဖြစ်ပါတယ်။ ဒီမိုတယ်ဟာဆိုရင် ညောင်ပင်သာလမ်း ၇ ရပ်ကွက်မှာတည်ရှိပြီးတော့ သွားရောက်မယ်ဆိုရင်  ကလောမြို့အဝင် ဘီးခွန်ဂိတ်ကနေ ၁၀ မိနစ်ဝန်းကျင် လမ်းလျှောက်ရုံမျှနဲ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ချိုင့် ဝှမ်းတောင်ကြားမှာ တည်ဆောက်ထားတဲ့ Green Valley ကို မြေဧက ၂ ဧကခွဲပေါ်မှာ တည်ဆောက် ထားပြီးတော့ ထူးခြားချက်က သီးသီးသန့်သန့်နေချင် တဲ့သူတွေရယ်၊ ရှုပ်ရှုပ်ယှက်ယှက် သိပ်မကြိုက်တဲ့ သူတွေအတွက် အကြိုက် တွေ့စေမှာဖြစ်ပါတယ်။ ကွန်ကရစ်နဲ့ ထင်းရှုးသားကို ပေါင်းစပ်ပြီး ဘန်ဂလိုလုံးချင်းတွေကို တည်ဆောက်ထားရှိပေးထား ခြင်းကလည်း ွ Green Valley ရဲ့ ထူးခြားမှုတစ်ခု ပါပဲ။ Green Valley Motel မှာ ဘန်ဂလိုလုံးချင်း ၁၀ လုံးကို တည်ဆောက်ထားပြီး ဘန်ဂလိုလုံးချင်းမှာ တည်းမယ် ဆိုရင် တစ်ညကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး အနည်းဆုံးသုံးယောက်တည်းခိုနိုင်ပါတယ်။Superior အခန်းအမျိုးအစားက သုံးခန်းရှိပြီးတော့ တစ်ည ကို  ကျပ် ၃၅၀၀၀ ကျသင့်မှာဖြစ်ပါတယ်။ ဘန်ဂလိုလုံးချင်းတွေရဲ့ အခန်းတွေကတော့ ကျယ်ဝန်းပြီး အခန်းထဲဝင်လိုက်တာနဲ့တင် စိတ်ကိုပေါ့ ပါးစေတဲ့ ခံစားချက်မျိုးရရှိအောင် အခန်းဖွဲ့စည်းပြင် ဆင်ထားတာကို တွေ့မြင်ရစေပါတယ်။ အတွင်းပိုင်းကို ထင်းရှုး အသားတွေနဲ့ ရောစပ်တည်ဆောက်ထားတာမို့ အခန်းတွင်းအေးမြမှုကိုတော့ တစ်နေကုန်ရရှိစေပါ တယ်။ ဒါ့အပြင် ရေချိုးခန်းမှာ  Bathtub ထားရှိပေး ထားပြီး Bathtub ထဲမှာရေစိမ်ရင်း ကောင်းကင်ကို တွေ့နိုင်တဲ့ မြင်ကွင်းမျိုးကို ရရှိစေအောင် ပုံဖော် တည်ဆောက်ထားတာကို တွေ့မြင်ရပါတယ်။ ဘန်ဂလိုရဲ့ အရှေ့ဘက်ဝရံတာကနေကြည့် မယ်ဆိုရင်လည်း  စိမ်းစိုနေတဲ့ တောင်စောင်းချိုင့်ဝှမ်း ကိုမြင်တွေ့နိုင်သလို ညနေဆိုရင်လည်း တောင်စောင်း နောက်ကို ကျဆင်းသွားတဲ့  နေဝင်ဆည်းဆာအလှကို လည်း ခံစားရရှိစေအောင်တည်ဆောက်ထားပါတယ်။ ဒါ့အပြင် Dining Room ခန်းမကိုလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကြိမ်ကုလား ထိုင်တွေနဲ့အလှဆင်ပေးထားတာကိုတွေ့ မြင်ရစေပါတယ်။ နောက်ပိုင်းဒီနေရာမှာ အစည်း အဝေးတွေ၊ သင်တန်း ခန်းမတွေ၊ မင်္ဂလာဆောင်တွေ စတဲ့ ဝန်ဆောင်မှုတွေကို ပေးသွားဖို့လည်း ရှိပါတယ် လို့ ဆိုပါတယ်။ Green Valley Motel မှာတည်းပြီး အနီး နားက ထင်းရှုးတောလမ်းတွေနဲ့ လိမ္မော်ခြံစိုက်ခင်းတွေ ကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ သဘာ၀ ကို ချစ်မြတ်နိုးသူနဲ့ သီးသီးသန့်သန့်တည်းခိုချင်တဲ့သူ  တွေအတွက် Green Valley ကို တည်ဆောက်ထား တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အေးမြတဲ့ရာသီဥတုကိုထာဝရ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသောထင်းရှုးမြို့တော်ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေအတွက် တိတ်ဆိတ်မှုကိုခံစားနိုင်ပြီး အမြင်အာရုံကိုရှင်းလင်း စေရုံမက သွားလာရ လွယ်ကူစေတဲ့အပြင် ဟိုတယ်အဆင့်ဝန်ဆောင်မှုမျိုးကိုပေးထားတဲ့ ချိုင့်ဝှမ်းတောင် စောင်းထက်က ကိုလိုနီ စတိုင် တည်ဆောက်ထားတဲ့ Green Valley Motel ကို သွားရောက်လည်ပတ် နိုင်ဖို့ ဒီတစ်လရဲ့ ဟိုတယ် လမ်းညွှန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။ Vol-1-Issue-22 Photo Green Valley
Contine Reading
By - Admin / 02-04-2020
လွိုင်ကော်မြို့က မေတ္တာမြေဟိုတယ်

လွိုင်ကော်မြို့က မေတ္တာမြေဟိုတယ်

နှင်းဆီသခင် ငွေတောင်ပြည်ဌာနေ (သို့) ဒွေးမယ်နော် လို့ အမည်နာမရှိတဲ့ ကယားပြည်နယ်ကို ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်လို့နေပါပြီ။၂၀၁၆ ခုနှစ်နောက်ပိုင်း ကယားပြည်နယ်မှာ ဟိုတယ်လုပ်ငန်း တွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာစေခဲ့တာ အခု ဆိုရင် ဟိုတယ်အရေအတွက် ၃၀ နီးပါးခန့်ရှိလို့နေ ပါပြီ။ ပြည်တွင်းခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများဆုံးရရှိတဲ့ ပြည်နယ်တစ်ခုဖြစ်လာသလို ခရီး သွားတွေအတွက် တည်းခိုစရာဟိုတယ်တွေကိုလည်း ရွေးချယ်တည်းခိုလာနိုင်ပါပြီ။ ဒီလိုရွေးချယ်စရာထဲက မှ ဒီတစ်လမှာ ဖော်ပြပေးချင်တာကတော့ မေတ္တာရိပ် တွေထုံလွှမ်းနေတဲ့ မေတ္တာမြေဟိုတယ်နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ဒီဟိုတယ်ဟာ လွိုင်ကော်မြို့လယ်ထဲက အေးချမ်းတိတ်ဆိက်တဲ့ လန်ကွတ်ရပ်ကွက်ထဲမှာရှိပြီး နားအေးပါးအေးတည်းခိုချင်ကြတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဟိုတယ်ကို ရိုးရိုးရှင်းရှင်းနဲ့ နှစ်ထပ်တိုက်အိမ်ပုံသဏ္ဌာန်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဟိုတယ်ဆိုတာထက် မိမိအိမ်ကို ပြန် ရောက်သွားသလို စိတ်ခံစားချက်ဖြစ်ပေါ်စေအောင် ဟိုတယ်ကို ဖန်တီးပေးထားတာဖြစ်ပြီး ကိုယ်အိမ်ပြန် ရောက်သွားသလို စိတ်ခံစားချက်ကိုလည်း ရရှိစေပါ တယ်။ ဟိုတယ်လို့ခံစားမှုကိုတော့မရပဲ အိမ်ကိုပြန် ရောက်သွားသလို ခံစားရစေတာကလည်း မေတ္တာမြေ ဟိုတယ်ရဲ့ ထူးခြားမှုဖြစ်စေမှာပါ။ ဒီဟိုတယ်မှာ အခန်းပေါင်း ၁၄ ခန်းပါဝင်ပြီး ဟိုတယ်အခန်းခအနေနဲ့ တစ်ညကို မနက်စာအပါအဝင် ကျပ် နှစ်သောင်းက နေရှိတယ်လို့ဆိုပါတယ်။ ဟိုတယ်ရဲ့ နံနက်စာကိုလည်း ဒေသရိုးရာအစားအစာများနဲ့ တွဲဖက်ပြင်ဆင်ပေး တက်ပြီး မိမိစားချင်တဲ့ ပုံစံကိုလည်း ကြိုတင်မှာယူကာ စားသုံးနိုင်ပါတယ်။ ဒေသရိုးရာစာဖြစ်တဲ့ အာလူး ထောင်း၊ ခရမ်းချဉ်သီးထောင်း၊ ပန်ထွေဖျော်၊ ပဲသီး ထောင်း စတဲ့ ရိုးရာစာတွေနဲ့ပြင်ဆင်ပေးသလို အောင် မဲညိုလက်ဖက်နဲ့ ခတ်ထားတဲ့ ရေနွေးကြမ်းကိုလည်း ပြင်ဆင်ပေးတာက မေတ္တာမြေရဲ့ထူးခြားမှုတစ်ခုပါပဲ။ ဒါ့အပြင် ဟိုတယ်ကို လာရောက်တည်းခို တဲ့သူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ လာရောက် ကြိုပေးတဲ့ ဝန်ဆောင်မှုကိုလည်း ထည့်ပေးထားပါ တယ်။ အေးချမ်းတိတ်ဆိတ်ပြီး နားအေးပါးအေးနေ ချင်တဲ့သူတွေအတွက်အဆင်ပြေသလို၊ တည်းခိုတဲ့ ကုန်ကျစရိတ်ကလည်းမများပဲ ကြိါနအ နဲ့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက်တော့ အသင့်တော် ဆုံးဟိုတယ်တစ်ခုပါပဲ။ ဒါကြောင့်မို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို လာရောက်လည်ပတ်ရင် အေးချမ်း တိတ်ဆိတ်တဲ့ ရပ်ကွက်ထဲမှာရှိတာရယ် တည်းခိုခဈေး လည်းသိပ်မကြီးလှတဲ့ မေတ္တာမြေဟိုတယ်ဆီ သွား ရောက်တည်းခိုနိုင်စေဖို့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန် အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ TravellingJournal / Vol -1 Issue -21hh
Contine Reading
By - Admin / 10-03-2020
ပအိုဝ်းဒေသရဲ့အသည်းနှလုံးလို့တင်စားရတဲ့ရွှေကျွန်းမျှောလှိုင်ကွန်းဟိုတယ်

ပအိုဝ်းဒေသရဲ့အသည်းနှလုံးလို့တင်စားရတဲ့ရွှေကျွန်းမျှောလှိုင်ကွန်းဟိုတယ်

နှင်းဆီသခင် စေတီပေါင်း ၂၄၇၈ ဆူရှိပြီး သီရိဓမ္မာသော ကမင်းကြီးတည်ထားတဲ့ စေတီရှိသလို အလောင်း စည်သူမင်းကြီးတည်ထားတဲ့ ရှေးဟောင်းမွေတော် ကက်္ကူဒေသရဲ့ တစ်ခုတည်းသော ဟိုတယ်။ ကက္ကူ ဒေသဟာ ပအို၀်းတိုင်းရင်းသားတွေရဲ့ အသည်းနှလုံး နေရာ။ ကက်္ကူဒေသရဲ့ ပထမဆုံး လှိုင်ကွန်းဟိုတယ်။အပြည့်အစုံပြောရမယ်ဆိုရင်တော့ ရွှေကျွန်းမျှော လှိုင်ကွန်းဟိုတယ် (Golden Island Cottages Hlaing Konn Hotel )လေးပဲဖြစ်ပါတယ်။ ဟိုတယ် ရဲ့အမည်နာမကလည်း လေးနက်မှု တွေအပြည့်ပါပဲ။ သာယာစည်ပင်၀ပြောအောင်လို့ အနက်အဓိပ်္ပာယ်ရှိ တဲ့နာမည်ကို ပအို၀်းဒေသ အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီက ပေးခဲ့ခြင်းကလည်း အနာဂတ် ကက်္ကူဒေသကို ရည်ညွန်းပုံဖော် ပေးချင်တဲ့ စိတ်ကူး ကောင်းနဲ့ ပေးစွမ်းထားတာလို့မြင်မိပါတယ်။ ဒီလှိုင်ကွန်းဟိုတယ်လေးကတော့ သမိုင်း ၀င် ရှေးဟောင်းမွေတော်ကက်္ကူဘုရားရဲ့ အနီးဆုံးမှာ တည်ရှိပြီးတော့ ပအို၀်းဒေသရဲ့ ယဉ်ကျေးမှုပုံရိပ်တွေ နဲ့ လိုက်ဖက်ညီအောင် တည်ဆောက်ထားတဲ့ ဟိုတယ် တစ်လုံး ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မွေတော်ကက်္ကူ ဘုရားကို လာရောက်ဖူးမြော်ရင်း အေးဆေးအပန်းဖြေ အနားယူချင်သူတို့အတွက် မကြားသေးခင်ကမှဖွင့်လှစ် ထားတဲ့ ရွှေကျွန်းမျှောလှိုင်ကွန်းဟိုတယ် (Golden Island Cottages Hlaing Konn Hotel)လေးနဲ့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္႑လေးကနေ မိတ်ဆက်ပေးချင်ပါတယ်။ ဟိုတယ်၀င်းအတွင်း ၀င်လိုက်တယ်ဆိုတာ နဲ့ ရှေးဟောင်းအငွေ့အသက်သဖွယ် ခံစားမှုမျိုးရရှိ အောင် တည်ဆောက်ထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အုတ်ကို အဓိက ထားပြီး တည်ဆောက်ထားတာဖြစ်သလိုအုတ်နံရံတွေကအစ မန္တလေးနန်းတော်အုတ်ရိုး၊ ပုဂံအုတ်ရိုးပုံစံနဲ့ ခြံစည်း ရိုးခတ်ထားကိုလည်း တွေ့မြင်ရစေတာကလည်း ဟိုတယ်ရဲ့ဆွဲဆောင်မှုတစ်ခုလို့ ဆိုရပါမယ်။ လှိုင်ကွန်းဟိုတယ်ကိုတော့ မြေဧက ၃ ဧက ကျော်နီးပါးတည်ဆောက်ထားပြီးတော့ ဟိုတယ်အခန်း ပေါင်း ၂၄ ခန်းကို ထည့်သွင်းတည်ဆောက်ထားပါ တယ်။ ဒီဇိုင်းကိုတော့ အင်ဂျင်နီယာရဲ့စိတ်ကူး၊ ဗိသုကာ ပညာရှင် တွေရဲ့ ဒီဇိုင်းတွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ် ပြီးတော့ ရှေးဟောင်းမွေတော်ကက်္ကူဘုရားနားမှာ တည်ရှိတာ ဖြစ်တာမို့ ဒီဒေသနဲ့ လိုက်ဖက်ညီမျှလှတဲ့ ဒီဇိုင်းနဲ့အရောင်ကို ရွေးချယ်ပြီး မျက်စိပသာဒဖြစ် အောင် ဟိုတယ်ကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခန်းအမျိုးအစားတွေကိုတော့ ဘန်ဂလိုပုံစံမျိုးလေးတွေနဲ့ တည်ဆောက်ထားတာဖြစ် ပြီးတော့ Couple Deluxe နဲ့ Family Deluxe ဆိုပြီး နှစ်မျိုးထားရှိပေးထားပါတယ်။ Couple Deluxe ကတော့ ၈ ခန်းရှိပြီးတော့ Family Deluxe က ၁၆ ခန်းရှိပါတယ်။ Couple Deluxe အခန်းဈေး ကတော့ နိုင်ငံခြားဧည့်သည်ဆိုရင် တစ်ညကို (၉၅) ဒေါ်လာ ကျသင့်မှာဖြစ်ပြီးတော့ ၊ပြည်တွင်းဧည့်သည် တွေအတွက်ကတော့ တစ်ညကို ကျပ် (၉၅၀၀၀) ကျသင့်မှာဖြစ်ပါတယ်။ Family Deluxe အခန်းဆို ရင်တော့ နိုင်ငံခြားဧည့်သည်ဆိုရင် (၈၅)ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ပြည်တွင်းဧည့်သည်ဆိုရင် ကျပ် (၈၅၀၀၀) ကျသင့်မှာပဲ ဖြစ််ပါတယ်။ ဟိုတယ်ရဲ့ ထူးခြားတဲ့ ၀န်ဆောင်မှုအနေနဲ့ မနက်စာသာမကပဲ ညဘက် Dinner ကိုပါ ထည့် သွင်း၀န်ဆောင်မှုပေးထားပါတယ်။ ညစာကိုလည်း ဧည့်သည်သုံးဆောင်ချင်တဲ့ အစား အစာကို ရွေးချယ်စားသောက်နိုင်မှာဖြစ်ပြီးတော့ ပအို၀်းရိုးရာအစားအစာပဲစားမလား၊ ဥရောပအစား အစာစားမလား၊ ဧည့်သည်စိတ်ကြိုက် ရွေးချယ်စား သောက်ဖို့ထည့်သွင်းပေးထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားချက်ပါပဲ။ ဒါ့အပြင် အခန်းတွင်း ထည့်သွင်းထားတဲ့ ၀န်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် ၀န်ဆောင်မှု အပြင်ကို စေတနာပါ ထည့်သွင်းထားတာကို တွေ့ရ ပါတယ်။ ထူးခြားချက်လေးအနေနဲ့ ကော်ဖီမှုန့်စစ်စစ် ကို ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေ မှာ အမှန်ပါပဲ။ အသုံးအဆောင်ကို ကြည့်မယ်ဆိုရင် လည်း အများနဲ့မတူနဲ့ အိုင်ဒီယာတွေ အခန်းတွင်းကို ဒီဇိုင်းဖော်ထားတာ တွေ့ရပါတယ်။ အခန်းတိုင်းမှာ ရိုးရိုးရေချိုးခန်း၊ ရေစိမ်ချင် သူတွေအတွက် Bathtub ရေချိုးခန်းတစ်ခန်းနဲ့ Toliet တွေကို တစ်ခန်းစီဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ အဲဒီသုံးခန်းရဲ့ အပြင်ဘက်အလယ်မှာတော့ ဘေစင် ကို ထားရှိပေးထားတွေ့ရပါတယ်။ Bathtub အခန်းကို ဖွဲ့စည်းတည်ဆောက်ထားပုံကြည့်မယ်ဆိုရင်လည်း ကျောက်တုံးကြား စိမ့်စမ်းရေကြားမှာ ရေစိမ်လို့ရတဲ့ ခံစားမှုမျိုးရရှိနိုင်ပါလိမ့်မယ်။ စိတ်၀င်စားတာနဲ့ မန်နေ ဂျာ အစ်ကိုကို တီးခေါက်ကြည့်တော့ ဧည့်သည်တွေ အနေနဲ့ ရေချိုးခန်းနဲ့ Toliet ကို တွဲထားရင် တစ် ယောက်နဲ့တစ်ယောက် စောင့်နေရမှာဆိုးတဲ့အတွက် အရေးကြီးရင်လည်း အချိန်ကုန်သက်သာစေရန် ရည် ရွယ်တာလို့ ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ ကုတင်ကိုလည်း ကျွန်းခုတင်အကြီးစားကို အသုံးပြု ထားတာမို့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စိတ်တိုင်းကျကျ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်။ အခန်းတွင်းအသုံးအဆောင်ပစ္စည်းများကို လည်း ပအို၀်းတိုင်းရင်းသားတွေရဲ့ ရိုးရာအရောင်၊ အနက်နဲ့ အဖြူကို အဓိကထားတာတာဆိုတော့ အခန်းတွင်းကိုလည်း ဒီလိုအမှတ်အသားနဲ့လိုက်ဖက် ညီအောင် ထားရှိပေးထား တာကလည်း ရိုးရာယဉ်ကျေး မှုကို လေးစားထိန်းသိမ်းထားတဲ့ စိတ်ဓာတ်ကို ချီးကျုး စရာကောင်းလှပါတယ်။ ပေးရတဲ့ဈေးနဲ့ထိုက်တန် အောင် အခန်းတွင်းအသုံးအဆောင်ပစ်္စည်းတွေနဲ့ ၀န် ဆောင်မှုကို ထားရှိပေးထား တာကလည်း လှိုင်ကွန်း ဟိုတယ်ရဲ့ ထူးခြားမှုပါပဲ။ အခန်းတွင်းထားရှိပေးထား တ့ဲ ကော်ဖီမှုန့်အစ ဒေသထွက်ကော်ဖီမှုန့်ကို ၀ယ်ယူ အားပေးတာကလည်း ချစ်စရာကောင်းတဲ့ အလေ့ အကျင့်ဖြစ်ပြီး ဒေသကို ချစ်ခင်တတ်တဲ့ စိတ်ကို ပေါ် လွင်စေတာကိုတွေ့မြင်ရတာကလည်း ဟိုတယ်ပိုင်ရှင် တွေရဲ့ ဆန်းသစ်တဲ့ စိတ်ကူးလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် Couple Deluxe အခန်းတွေ မှာဆိုရင် ထိုင်ခုံတွေက သလွန်ထိုင်ခုံတွေကို သုံးပေး ထားပြီး Family Deluxe မှာဆိုရင်တော့ ကွပ်ပျစ် ပုံစံမိျုးတွေကိုထည့်သွင်းပေးထားကလည်း ဟိုတယ်ရဲ့ ထူးခြားမှုစတိုင်တစ်ခုကို တွေ့မြင်ရစေပါတယ်။ ouple Deluxe ရဲ့ အခန်းပတ်၀န်းကျင်ရှုခင်း တွေဟာ မျက်စိပသာဒဖြစ်စရာမြင်ကွင်းမျိုးကို ရရှိ အောင် ဖန်တီးထားပေးထားပြီးတော့ နားအေးပါး အေးနဲ့ အေးအေးလူလူစာဖတ်ချင်သူတွေအတွက် Family Deluxe အခန်းမှာနေနိုင်ပြီး ကွစ်ပျစ်ခုံမှာ အေးအေးလူလူစာဖတ်နိုင်အောင် ထည့်သွင်းပေးထား တာကလည်း ဟိုတယ်ရဲ့ထူးခြားမှုပါပဲ။ ဟိုတယ်ရဲ့ အဆင့်သတ်မှတ်ချက်ကိုတော့ 3 Stars အဆင့်ထိ ၀န်ဆောင်မှုပေးသွားဖို့ လျာထား တာကြောင့် တခြားအခန်းတွင်းအသုံးအဆောင် ၀န် ဆောင်မှုတွေကိုတော့ သီးသန့်ပြောစရာမလိုလောက် တော့ဘူးထင်ပါ တယ်။ ဒါ့အပြင် ဟိုတယ်ရဲ့ သီးသန့်၀န်ဆောင်မှု တွေအနေနဲ့ မနက်စောစော သံယာတော်တွေ ဆွမ်း တော်ကပ်ချင်တာမျိုး၊ တရားထိုင်ချင်တာတို့ကိုလည်း ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားသလို များမကြာ အနီးအနားရွာတွေကို စက်ဘီစီးပြီးလည်ပတ်နိုင်တဲ့ ၀န်ဆောင်မှုတွေ ပေးထားပါသေးတယ်။ ဘုရားနဲ့ တစ်ခေါ်စာလောက်သာကွာေ၀း တာကြောင့် မနက်စောစော ရှေးဟောင်းမွေတော် ကက်္ကူဘုရားကို လမ်းလျှောက်ပြီး ဖူးမြင်လို့ရနိုင်တဲ့ အခွင့်အရေးတွေကို ရရှိစေတာကလည်း လှိုင်ကွန်း ဟိုတယ်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဘုရားရှိရာကို မျက်နှာမူပြီး နေ့လယ်စာ၊ ညစာ သုံး ဆောင်ရတဲ့ အခွင့်အရေးကလည်း ကံကောင်းခြင်း တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ မွေတော်ကက်္ကူဘုရားကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဘုရားဖူး မြော်နိုင်သလို အခါကြီးရက်ကြီးတွေဆိုရင်တော့ ပန်း ရေချမ်း၊ဆီမီးကပ်လှုပူဇော်ချင်ပါက မနက် ၄ နာရီ ကနေ ဖွင့်လှစ်ပေးထားလု့ိဆိုပါတယ်။ လက်ရှိဟိုတယ်မှာ ၀န်ထမ်းဦးရေ ၃၀ ကျော် ရှိပြီး အများစုကတော့ ပအို၀်းတိုင်းရင်းသူ/သားလေး တွေပဲဖြစ်တာမို့ အပြုံးချိုချိုလေးတွေကို တွေ့မြင်ရမှာ ပဲဖြစ်ပါတယ်။ ဟိုတယ်မှာနားနေရင်း ပအို၀်းတိုင်း ရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ပတ်၀န်းကျင်ရွာရဲ့ လူနေ မှုဘ၀တွေကို အနီးကပ်လေ့လာလို့ရနိုင်ပါသေးတယ်။ဟိုတယ်မှာ လာရောက်တည်းခိုသူတွေ အဆင်ပြေစေ ဖို့ ဧည့်သည်တွေအတွက် ဟိုတယ်မှာ မီးလည်းရရှိ သလို အင်တာနက်လိုင်းစတဲ့ ၀န်ဆောင်မှုတွေကို လည်း ဖြည့်ဆည်းပေးထားတာကိုလည်း တွေ့မြင်ရ ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့လေးကို လည် ပတ်ပြီးလို့ လမ်းကြုံ၀င်လည်ရင်ပဲဖြစ်ဖြစ် တကူးတက နဲ့ ကက်္ကူဒေသကို လည်ပတ်ရင်ပဲဖြစ်ဖြစ် ပအို၀်းဒေသ ရဲ့ လူနေမှုဘ၀တွေကို လေ့လာရင်း သမိုင်း၀င်ရှေး ဟောင်းမွေတော်ကက်္ကူဘုရားကို အနီးကပ်စိတ်တိုင်း ကျဖူးမြော်ကြည်ညိုနိုင်ရုံမကပဲ တိတ်ဆိတ်အေးချမ်းမှု အရသာတွေကို တ၀ကြီးခံစားနိုင်မယ့် ကက်္ကူဒေသရဲ့ ပထမဆုံးဟိုတယ်ဖြစ်တဲ့ ရွှေကျွန်းမျှော လှိုင်ကွန်း ဟိုတယ် (Golden Island Cottages Hlaing Konn Hotel) ကို သွားရောက်အနားယူနိုင်ဖို့အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်အဖြစ် ဖော်ပြပေးလိုက် ပါတယ်။ Travelling_Journal/Vol_1_Issue_18 Photo_TravellingJournal
Contine Reading
By - Admin / 01-02-2020
“ယ” တောင်တန်းခြေရင်းနား Golden Cave ဟိုတယ်ဆီ

“ယ” တောင်တန်းခြေရင်းနား Golden Cave ဟိုတယ်ဆီ

နှင်းဆီသခင် တောင်စဉ်တောင်တန်းတွေ ဝန်းရံနေတဲ့ မြို့ငယ်လေးလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေကြားမှာ ရေပန်းစားစေတာက ပင်းတယမြို့လေးပါ။ စိမ်းဝါနီ စိုက်ခင်းတွေရဲ့ အလှတရားတွေကို တဝကြီးကြည့်ရှု ရနိုင်ပြီး အေးမြမှုနဲ့ တိတ်ဆိတ်ပြီး ခမ်းနားထည်ဝါမှု တွေနဲ့ အိနြေ္ဒရနေတဲ့ မြို့ငယ်လို့ စာရေးသူကတော့ တင်စားချင်ပါတယ်။ ဒီပင်းတယမြို့လေးကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိပြီးတော့ ထင် ရှားတဲ့ ဝိသေသလက္ခဏာတွေ ပိုင်ဆိုင်ထားတဲ့ မြို့ လေးတစ်မြို့ဖြစ်ပါတယ်။ နှစ်ရာကျော်သက်တမ်းရှိတဲ့ ညောင်ပင်များစွာကို တစ်နေရာထဲမှာမြင်တွေ့ရစေတဲ့ တစ်ခုတည်း သော ပင်းတယမြို့။ ဂုဏ်သတင်းကြီးမားတဲ့ ရွှေဥမင်ဘုရား။ ပုန်းတလုတ်ရေကန်၊ ကုံလုံဆရာတော်ရုပ် ကလာပ်စံ ကျောင်းတော်အစရှိတဲ့ အထင်ကရနေရာများစွာတည်ရှိနေတဲ့ ပင်းတယမြို့လေးပဲဖြစ်ပါတယ်။ ဒီလိုထင်ရှား လှစေတဲ့ ဝိသေသတွေရှိရာမြို့လေးကို သွားရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေ အနေနဲ့ ညအိပ် ညနေတည်းခိုနိုင်ဖို့အတွက် ယတောင် တန်းခြေရင်းနားမှာ မှေးခိုထားတဲ့ ရွှေဂူဟိုတယ် သို့မဟုတ် Golden Cave ဟိုတယ်လေးနဲ့ ဒီတစ်လမှာ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Golden Cave ဟိုတယ်ကတော့ ရွှေဥမင်လမ်းမကြီးရဲ့ဘေး ယတောင်ခြေနား၊ ဆင်ခေါင်း ရပ်ကွက်အတွင်းမှာတည်ရှိပါတယ်။ ဟိုတယ်ကတော့ ရိုးရှင်းလှတဲ့ အပြင်အဆင်နဲ့တွေ့ရပြီးတော့ သဘာ၀ တရားရဲ့ လက်ဆောင်ကောင်းများကို ရယူပိုင်ဆိုင် ထားစေတဲ့ ဟိုတယ်တစ်ခုလို့ဆိုချင်ပါတယ်။ ဟိုတယ် ကို မြေဧက တစ်ဧကကျော်မှာတည်ဆောက်ထားပါ တယ်။ ဟိုတယ်ဝင်းထဲကို ဝင်လိုက်ရပြီဆိုရင် ဟိုတယ် လျှောက်လမ်းတစ်လျှောက်မှာ အစီအရီစိုက်ပျိုးထားတဲ့ ပန်းပင်မျိုးစုံကို တွေ့မြင်ရမှာပါ။ ပိန်းပန်းပင်တွေ၊ နှင်းဆီပင်တွေကို စိုက်ပျိုးထားသလို ဒေသသစ်ခွ မျိုးရင်းကိုလည်း ပန်းခြံအတွင်းမှာ ထည့်သွင်းထားရှိ ပေးတာကို တွေ့မြင်ရပါတယ်။ ဧရိယာကျဉ်းကျဉ်းမှာ LandScape ပိုင်းကို အတတ်နိုင်ဆုံးသေသေ သပ်သပ်လုပ်ထားတာတွေ့ရပါတယ်။ အခန်းအမျိုးအစားတွေကတော့ ဘန်ဂလို ခန်း၊ Building Type ပုံစံနဲ့တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ၊ ငါးခန်းတွဲ၊ လေးခန်းတွဲ အဆောက်အအုံပုံစံများနဲ့ ဟိုတယ်ကိုတည်ဆောက် ထားတာပါ။ ဟိုတယ်မှာ အဲယားကွန်းအခန်းနဲ့ ပန်ကာ အခန်းဆိုပြီးထားရှိပေးထားတဲ့ မိမိနှစ်သက်ရာအမျိုး အစားကိုု ရွေးချယ်နိုင်ပါတယ်။ အခန်းပေါင်းတော့ ၃၃ ခန်းရှိပြီးတော့ အခန်းခနှုန်းထားတွေ ကတော့ ပွင့်လင်းရာသီကာလမှာဆိုရင် ပြည်တွင်းခရီးသွား ဧည့်သည်တွေအတွက် တစ်ညကို ကျပ်(၂၅,၀၀၀) နဲ့ ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပေမဲ့ Low Sea sonဆိုရင် တစ်ညကို ကျပ် (၂၁,၀၀၀) နဲ့ ကျပ် (၂၄,၀၀၀) နှုန်းဆိုပြီး ပြည်တွင်းခရီးသွားတွေအတွက် အထူးဝန်ဆောင်မှုပေးထားပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေအတွက်ကတော့ ခရီးသွားကုမ်္ပဏီတွေ နဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ Work In ဝင်လာတဲ့ နိုင်ငံခြားသားတွေအတွက်ဆိုရင် တစ်ယောက်ခန်းကို ၃၂ ဒေါ်လာ ၊ နှစ်ယောက်ခန်းဆိုရင် ၃၇ ဒေါ်လာ၊ သုံးယောက် ခန်းဆိုရင် ၅၇ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးပန်း တာတွေပြေပျောက်စေဖို့အတွက် Spa ထား ရှှိပေးထားသလို လာရောက်တည်းခိုတဲ့သူတွေသာ မက တခြားပြင်ပဧည့်သည်တွေကိုလည်း Spa များ လာရောက် အပန်းဖြေနိုင်ပါသေးတယ်။ ဈေးကတော့ နှုန်းထားအလိုက် သတ်မှတ်ပေးထားပါတယ်။ ဟိုတယ်ရဲ့ အထူးဝန်ဆောင်မှုအနေနဲ့ သဘာ ဝတောတောင်အလှတွေကိုခံစားရင်း Trekking သွား ချင်တဲ့ဧည့်သည်တွေအတွက် ပင်းတယကနေ ကလော ကို ညအိပ်ခရီးစဉ်နဲ့ ပင်းတယ - ကလော - အင်းတိန် ခရီးစဉ်တွေကိုလည်းပို့ဆောင်ပေးပါတယ်။ ဧည့်သည် တွေအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ခရီးစဉ် လမ်းကြောင်းတွေကိုလည်း သွားနိုင်အောင် ဟိုတယ် ကနေ ဝန်ဆောင်မှုပေးထားပါသေးတယ်။ ဧည့်သည် အပေါ်မူတည်ပြီး နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်တွေကို ရေးဆွဲပေးပါတယ်။ အရှေ့မြင်အနောက်မြင်တောင်တန်းတွေဆီ ကိုသွားမလား၊ မိုးလုံးဟိန်းတောင်ဆီကို သွားချင် သလား၊ ပလောင်၊ ဓနု၊ ပအို့ဝ်တိုင်းရင်းသားတွေဆီကို သွားရောက်လည်ပတ်ပြီးတော့ ဃကူအကမန တွေ လေ့လာချင်သလား ဟိုတယ်ကနေ နေ့ချင်းပြန်ခရီးစဉ် တွေ၊ညအိပ်ခရီးစဉ်တွေကိုလည်း စိတ်တိုင်းကျဖြစ် အောင် ဝန်ဆောင်မှုပေးထားပါတယ်။ ဓနုမြေဖြစ်တာမို့ ဟိုတယ်မှာ ဓနုရိုးရာအစား အစာတွေနဲ့ တရုတ်အစားအစာတွေကို မှာယူစား သောက်နိုင်ပါတယ်။ ဒေသရိုးရာအစားအစာကို အရ သာရှိစွာနဲ့ ဧည့်ခံကျွေးမွေးတာကလည်း ဟိုတယ်ရဲ့ ဝန်ဆောင်မှုကောင်းတစ်ခုပါ။ ချက်ပြုတ်ကျွေးမွေးတဲ့ ဟင်းလျာတွေမှာ ဆီသိပ်မပါတဲ့အပြင် အရသာရှိလှ ပြီး လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေနဲ့ ချတ်ပြုတ်ကျွေးမွေးဧည့်ခံပေးခြင်းကလည်း ဟိုတယ်ရဲ့ ဝန်ဆောင်မှုကောင်းတစ်ခုလို့ ဆိုရပါမယ်။ မနက်စာကတော့ ရှမ်းစာ ဒါမှမဟုတ် ပဲပြုတ်ထမင်း ကြော်၊ ဒေသလက်ဖက်၊ ခေါပုတ်ကြော်နဲ့ ဧည့်ခံကျွေး မွေးပါတယ်။ လူနှစ်ဆယ်အထက်ဆိုရင်တော့ မနက် စာကို ဘူဖေးကျွေးမွေးတယ်လို့ဆိုပါတယ်။ ဟိုတယ် မှာ နားခိုပြီး နေ့လယ်စာ ညစာတွေကိုလည်း မှာယူ သုံးဆောင်နိုင်ပါတယ်။ ဟိုတယ်ရဲ့ Land Scape ပိုင်းမှာတော့ နား နားနေနေ နေထိုင်နိုင်အောင် သစ်ရိပ်ကောင်းကောင်း အောက်မှာ သစ်သားစားပွဲခုံတွေကို ထားရှိပေးထား တာကြောင့် ဟိုတယ်ဝင်းထဲမှာ အေးအေးလူလူစာ ဖတ်ချင်လည်း ဖတ်လို့ရသလို အေးစိမ့်တဲ့ အရသာ ခံစားရင်း စကားစမြည်ပြောချင်တယ်ဆိုလည်း ရနိုင် ပါသေးတယ်။ ဒါ့အပြင် ဟိုတယ်ကနေ လမ်းလျှောက်ရင်း အနီးနားက သက်တမ်းရာကျော်ညောင်ပင်တွေဆီ သွားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရနိုင်သလို။ ရွှေဥမင်ဘုရားကိုလည်း ခြေကျင်တက်ရောက်ဖူးမြော် နိုင်ပါသေးတယ်။ ဒါမှမဟုတ် ဟိုတယ်က ဝန်ဆောင်မှု ပေးထားတဲ့ စက်ဘီးငှားစီးပြီးတော့ တတ်ရောက်နိုင်ပါ တယ်။ အမှတ်တရလက်ဆောင်ဝယ်ယူလိုသူတွေ အတွက် ဟိုတယ်ရဲ့ဘေးမှာ အမှတ်တရလက်ဆောင် ဆိုင်လည်းရှိနေတာမို့ ရေကန်အသင့်ကြာအသင့်ပါပဲ။ ဒါကြောင့် အေးမြလှတဲ့ သဘာဝတောင်တန်း တွေအပြင် တိုင်းရင်းသားရိုးရာဓလေ့တွေ ၊ တန်ခိုးကြီး ဘုရားတွေတည်ရှိရာ ပင်းတယမြို့လေးကို ရောက် ဖြစ်ခဲ့လို့ စိတ်တိုင်းကျလည်ပတ်ပြီး ညအိပ်ညနေ နား နေချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက် “ယ” တောင်တန်းခြေရင်းနား Golden Cave ဟိုတယ် ဆီကို သွားရောက်ပတ်လည်နိုင်ဖို့အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ မိတ်ဆက်ပေး လိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_16 Photo_TravellingJournal&Golden Cave
Contine Reading
By - Admin / 19-11-2019
ဝန်ဆောင်မှုကိုအလေးထားတဲ့ Panorama ဟိုတယ်

ဝန်ဆောင်မှုကိုအလေးထားတဲ့ Panorama ဟိုတယ်

နှင်းဆီသခင် စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ တော်ရဲ့ အချက်အချာမှာတည်ရှိနေတဲ့ Panorama ဟိုတယ်။ စကော့စျေးသွားမလား၊ ဆူးလေဘုရားကို လမ်းလျှောက်သွားမလား၊ Stand Road ဘက်ကို သွားကြည့်မလား၊ ကိုလိုနီအဆောက်အအုံတွေဘက် ကို သွားမလား၊ Night Market ဘက်ကို လမ်း လျှောက်ရင်း သွားလည်လို့ရနိုင်စေတဲ့ Panorama ဟိုတယ်။ သွားလာလွယ်ကူစေတဲ့ တည်နေရာမှာရှိ နေတဲ့ Panorama ဟိုတယ်ပါ။ အထပ်မြင့် ၁၀ ထပ် ကို ပိုင်ဆိုင်ထားပြီး ခေတ်မီတဲ့ အပြင်အဆင်ဒီဇိုင်းနဲ့ မြန်မာမှုလက်ရာတွေကိုပါ တွဲဖက်ပေါင်းစပ်ထားတဲ့ မြန်မာ့ရှုခင်းလို့ အမည်ပေးထားတဲ့ Panorama ဟိုတယ်။ ဒီလိုမတူညီတဲ့ Taste ကို ရရှိစေအောင် ဆွဲဆောင်ထားနိုင်တဲ့ Panorama ဟိုတယ်ကို ဒီတစ် လရဲ့ ဟိုတယ်လမ်း ညွန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။ ဒီဟိုတယ်ဟာ ရန်ကုန်မြို့ရဲ့ Down Town မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်တံတားမြို့နယ်အတွင်း မှာ တည်ရှိပြီး တော့ အမှတ် ၂၉၄- ၃၀၀ ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။ ဟိုတယ်မှာ အခန်းပေါင်း ၁၀၂ ခန်းပါ၀င် ပြီး ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါ တယ်။ အထပ် ၂ လွှာကနေ အထပ် ၉ လွှာထိကို တော့ ဧည့်သည်တွေအတွက် အိပ်ခန်းအဖြစ်ထားရှိ ပေးတာကို တွေ့ရပါတယ်။ ဟိုတယ်ရဲ့ အခန်းအမျိုးအစားကိုတော့ Superior နဲ့ Suite ဆိုပြီး နှစ်မျိုးပဲထားရှိပေးထား ပါတယ်။ Superior အခန်းကတော့ ၉၄ ခန်းရှိပြီး အဲဒီထဲကမှ Single အိပ်ခန်း ၂ ခန်း၊ Twin အိပ်ခန်း ၆၂ ခန်း၊ Doubel အိပ်ခန်း ၃၀ ခန်းတို့ရှိပြီိးတော့ ပြည်တွင်းဧည့်သည်ဆိုပါက တစ်ညကို ကျပ် ၄၀၀၀၀ နဲ့ နိုင်ငံခြားသားဆိုပါက တစ်ညကို ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Suite ခန်းကတော့ Twin အိပ်ခန်း ၄ခန်းနဲ့ Double အိပ်ခန်း ၄ ခန်း စုစုပေါင်း ၈ ခန်းရှိပြီးတော့ ပြည်တွင်းဧည့်သည်ဆိုပါက တစ်ည ကို ကျပ် ၅၅၀၀၀ နဲ့ နိုင်ငံခြားသားဆိုပါက ဒေါ်လာ ၇၀ သတ်မှတ်ထားရှိပါတယ်။ Suite ခန်းမှာက အိပ်ခန်းအပြင် ဧည့်ခန်း ကို ပါတွဲပေးထားတာဖြစ်တာမို့ သက်တောင့်သက်သာ ရှိစေပြီး အေးအေးလူလူစကားစမြည်ပြောလို့ရအောင် အခန်းဖွဲ့စည်းထားပေးတာကိုလည်း တွေ့ရပါတယ်။ ရန်ကုန်မြို့ဟာ ဟိုတယ်ကြီးတွေ အများ ကြီးကို ရင်းနှီးမြှုပ်နှံကြတာများတဲ့အတွက် စျေးကွက် ပြိုင်ဆိုင်မှုတွေရှိသလို၊ ရွေးချယ်တဲ့သူတွေဘက်က လည်း ငွေကြေးနဲ့ ၀န်ဆောင်မှုပိုင်းကို အဓိကရွေးချယ် လာကြပါတယ်။ ဒီလို ယှဉ်ပြိုင်မှုတွေရှိပေမယ့် ပန်ဒိုရားမား ဟိုတယ်ရဲ့ ၀န်ဆောင်မှုကတော့ ဧည့်သည်ကို ၁၀၀ ရာခိုင်နှုန်းအထိ စိတ်ကျေနပ်မှုရရှိစေအောင် ဖြည့် ဆည်းပေးထားတယ်လို့ ဟိုတယ်ရဲ့ Operation ပိုင်း ကိုတာ၀န် ယူထားသူတစ်ဦးက ရှင်းပြပါတယ်။ ဟိုတယ် လုပ်ငန်းဟာ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာမို့ ၀န်ဆောင် မှုကို အဓိကအလေးထားဆောင်ရွက်ပေးပါတယ်လို့ ဆိုပါတယ်။ ဟိုတယ်ရဲ့အရည်အချင်းတစ်ခုက ၀န်ထမ်း တွေကို စီမံခန့်ခွဲ့မှုအပိုင်းမှာ အလေးထားသင်ကြား ပေးထားတာကို သတိပြုမိစေပါတယ်။ ဒီဟိုတယ်ကို အကြိမ်ရေများစွာလာတဲ့ ဧည့်သည်တွေရှိနေသလို၊ ဧည့်သည် အဆင်ပြေစိတ်ကျေနပ်မှုရရှိစေတဲ့အထိ ၀န်ဆောင်မှုကို ပေးထားနိုင်တာကတော့ ဟိုတယ်ရဲ့ အရည်အချင်းတစ်ခုလို့ ဆိုရပါမယ်။ဧည့်သည်အနေနဲ့ ခေါင်းအုံးအမာကြိုက် သလား၊ အပျော့ကြိုက်သလားအထိ အသေးစိတ် စိစစ်ပေးတဲ့ ၀န်ဆောင်မှုထိကို စီမံခန့်ခွဲပေးနိုင်တာက ဟိုတယ်ရဲ့ အားသာချက်တစ်ခုပါပဲ။ ဒါကြောင့်မို့ ဟိုတယ်ကို ကြိမ်ဖန်များစွာ လာရောက်တည်းခိုလေ့ရှိတဲ့ နိုင်ငံခြားသားများကို ရရှိထားစေခြင်းက ဟိုတယ်ရဲ့ ထင်ရှားတဲ့ အားသာ ချက်လို့ ဆိုရပါမယ်။ ၀န်ဆောင်မှုကို အလေးထားပြီး အလုပ်ပေါ်မှာ စိတ်စေတနာကောင်းနဲ့ လုပ်ကိုင်စေ ခြင်းကြောင့်လည်း တည်းခိုခဲ့တဲ့သူတွေရဲ့ မှတ်ချက် ကောင်းများစွာကိုပိုင်ဆိုင်ရရှိထားတဲ့ Panorama ဟိုတယ်ပါ။ ဒီဟိုတယ်ကို လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေရဲ့အကြိုက်နဲ့ အမူအကျင့်တွေ၊ အလေ့ အကျင့်တွေကိုအလေးထားပြီး ဆောင်ရွက်ပေးတာက လည်း Panorama ဟိုတယ်ရဲ့ အရည်အချင်းတစ်ခု ပါလို့ဆိုနိုင်ပါတယ်။ ဟိုတယ်ရဲ့ ပထမထပ်မှာ စားသောက်ဆိုင် နဲ့ ကျောက်စိမ်းအမှတ်တရအရောင်းဆိုင်ကို ထားရှိ ပေးသလို လူ ၃၀ ခန့်ဆံ့တဲ့ အစည်းအဝေးခန်းမကို လည်းထားရှိပေးထားပါတယ်။ အစည်းအဝေးခန်းမက တော့ အနည်းဆုံး၂ နာရီကို ကျပ်ငါးသောင်းနဲ့ တစ်နေ့ လုံးအထိ ငှားရမ်းမယ်ဆိုပါက တစ်သိန်းသုံးသောင်း သုံးထောင်နဲ့ ငှားရမ်းနိုင်ပါတယ်။ Ground Floor မှာကတော့ Lobby နဲ့ ဧည့်ကြိုကောင်တာကို ထားရှိ ပေးထားပါတယ်။ ဒါ့အပြင် လာရောက်တည်းခိုသူတွေအနေ နဲ့ ဧည့်ခန်းမှာပဲ အင်တာနက်အသုံးပြုနိုင်အောင် Computer Desktop များကို အခမဲ့ထားရှိပေးတာ ကလည်း ဧည့်သည်ရဲ့ စိတ်ကျေနပ်မှုကို ရရှိစေတဲ့ အထိဖြည့် ဆည်းပေးရမယ်ဆိုတဲ့ ၀န်ဆောင်မှုအတတ် ပညာတွေကို နားလည်ထားရှိစေတဲ့ Panorama ဟိုတယ်ပါပဲ။ လာရောက်တည်းခိုတဲ့သူတွေအတွက် ဘာသာစကားကလည်း အရေးကြီးတာမို့ ဂျပန်၊ တရုတ်၊ အိန်္ဒိယ စတဲ့ ဘာသာစကားတက်ကျွမ်းတဲ့ ၀န်ထမ်းတွေကိုခန့်ထားစေခြင်းကလည်း ၀န်ဆောင်မှု ကို အလေးထားတာကို တွေ့ရှိစေရပါတယ်။ ဟိုတယ်မှာ ရက်ရှည်နေထိုင်ကြတဲ့ နိုင်ငံ ခြားသားတွေရှိတာမို့ အစားအသောက်ပိုင်းဆိုင်ရာမှာ လည်း နေ့စဉ် မရိုးအီအောင် ဖန်တီးပေးသလို သူတို့ အစားအစာတွေကို ပြင်ဆင်ပေးစေခြင်းကလည်း ဧည့်သည်ရဲ့အကြိုက်ကို ဂရုပြုပေးစေတာက ဟိုတယ် ရဲ့ ၀န်ဆောင်မှု အားသာချက်တွေပါ။ ကြယ်သုံးပွင့်အဆင့်မီဟိုတယ်ဖြစ်တာမို့ ဟိုတယ်အဆင့်အတန်းကို အလေးထားပေးပြီး ဟိုတယ်အထပ်တိုင်းရဲ့လျှောက်လမ်းတိုင်းမှာ စီစီတီဗီ၊ မီးသတ်ဆေးဘူး၊ ဝိုင်ဖိုင်လွှင့်ပေးထားခြင်း၊ ဆေးလိပ် မသောက်ရ အမှတ်အသားများတဲ့ ဖြည့်ဆည်းပေးရ မယ့်စနစ်တွေကလည်းပါရှိထားပြီးမို့ အထူးပြောစရာ တော့ မလိုပါဘူး။အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ၀န်ဆောင်မှု ကို နံပတ်တစ်ထားရှိပေးစေခြင်းက ဟိုတယ်ရဲ့ကောင်း မွန်တဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဟိုတယ်မှာလည်း အိန်္ဒိယအစား အစာချက်ပြုတ်နိုင်တဲ့သူ၊ ဂျပန်အစားအသောက်ချက် ပြုတ်နိုင်တဲ့သူ၊ European အစားအစာ ချတ်ပြုတ်နိုင် တဲ့သူ၊ တရုတ်အစားအစာနဲ့ မြန်မာအစားအစာစားဖို မှူးတွေကို ထားရှိပေးထားမို့ ဧည့်သည်စိတ်ကျေနပ်မှု ရရှိအောင် စီမံခန့်ခွဲပေးနိုင်တဲ့ ဟိုတယ်တစ်ခုလို့ ဆိုနိုင် ပါတယ်။ လက်ရှိဟိုတယ်မှာ အများဆုံးလာရောက် တည်းခိုကြတဲ့ နိုင်ငံခြားသားအများစုကတော့ ဂျပန် နိုင်ငံသားက ထိပ်ဆုံးလို့ ဆိုနိုင်ပါတယ်။ နှစ်ချုပ်နဲ့ ငှားရမ်းထားတာမျိုးလည်း ရှိကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန်္ဒိယ၊ တရုတ်၊ European လူမျိုးတွေက တော့ အများဆုံး Panorama ဟိုတယ်မှာလာရောက် တည်းခိုမှု အများဆုံးဖြစ်ပါတယ်။အဓိက လာ ရောက်တည်းခိုကြတဲ့ အကြောင်းရင်းက ရန်ကုန်မြို့ လယ်ခေါင်မှာတည်ရှိတဲ့ အားသာချက်တွေကြောင့် Panorama ဟိုတယ်ကို ရွေးချယ်တယ်လို့ ဆိုနိုင်ပါ တယ်။ ဒါ့အပြင် ဟိုတယ်ဘေးမှာလည်း Ruby Mart ကုန်တိုက်ကလည်းရှိစေတာမို့ အချက်အချာကျတဲ့ တည်နေရာမှာရှိစေတဲ့ အားသာချက်များစွာကို ပိုင် ဆိုင်ထားတဲ့ ဟိုတယ်တစ်ခုပါ။ ဒါ့အပြင် ဟိုတယ်မှာ လာရောက်တည်းခိုသူတွေရဲ့ မှတ်ချက်စကားသံတွေ ကလည်း အဓိကအရေးကြီးစေပါတယ်၊ ဧည့်သည်တွေ ရဲ့ မှတ်ချက်ဟာ ဟိုတယ်ရဲ့ အသက်တမျှအရေးကြီး ဆုံးပါပဲ။ ဧည့်သည်တွေဆီက Panorama ဟိုတယ် ပြန်ရရှိစေတာက နွေးထွေးတယ်။ လိုအပ်ချက်ကို အကုန်လုံးဖြည့်ဆည်းပေးနိုင်တယ်။ ဒီဟိုတယ်ရဲ့ ၀န်ထမ်းတွေက Recommend အရမ်းကောင်းတယ်။ ယဉ်ကျေးတယ်၊ ချစ်ခင်ဖွယ်ကောင်းတယ်စတဲ့ မှတ် ချက်တွေကြောင့် ၀န်ဆောင်မှုနာမည်ကောင်းများကို ပိုင်ဆိုင်ထားတဲ့ ဟိုတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကုန် မြို့မှာ ဟိုတယ်တွေအများကြီးတည်ရှိတာမို့ ဧည့်သည် ကတော့ ရွေးချယ်စရာတွေ အများကြီးပါပဲ၊ ဒီအထဲက မှ Panorama ကို ရွေးချယ်စေတာကလည်း ဟိုတယ် ရဲ့ Service ကောင်းမွန်မှုကြောင့်ပါပဲ။ ဆက်ဆံရေး၊ ကွာလတီ၊ စျေးနှုန်း စတဲ့ ယှဉ်ပြိုင်မှုတွေထဲကမှ ရွေးချယ်ကြလေ့ရှိကြပါတယ်။ ဧည့်သည်ရဲ့ ဒုတိယအိမ်လိုသဘောထားပြီး ၀န်ဆောင် မှုကို အဓိကထားဆောင်ရွက်ပေးထားပါတယ်လို့ ဟိုတယ်ရဲ့ တာ၀န်ရှိသူက ဆိုပါတယ်။ ဧည့်သည်ရဲ့ လိုအပ်ချက်ကို House Kepping က ချက်ချင်းတုံ့ပြန် တာမျိုးလုပ်ပေးနိုင်ရင် ဧည့်သည်က ဒါကို မှတ်ထား စေပြီး နောက်တစ်ကြိမ် သူ လာတည်းရင်လည်း ဒီ ဟိုတယ်ကို ရွေးချယ်မယ်လို့ စိတ်ထဲမှတ်ထားလိုက်တဲ့ အထိ အကောင်းဆုံး၀န်ဆောင်မှုတွေကို ဟိုတယ်က နေဖြည့်ဆည်းပေးပါတယ်လုိ့ ဟိုတယ်ရဲ့ တာ၀န်ရှိက ပြောပြပါတယ်၊။ ၁၅ နှစ် ၁၆ နှစ် တိုင်အောင် တည်းခို တဲ့ ဧည့်သည်ရှိနေတာကို ကြည့်ခြင်းအားဖြင်လည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှုကို အထူးပြောစရာမလိုပါဘူး။ စျေးလည်းမှန်မယ် ၀န်ဆောင်မှုကိုလည်း အကောင်းဆုံးပေးထားတယ်။ မြန်မာရဲ့ Taste ကို ဖော်ညွှန်းပြသပိုင်ဆိုင်ထားတဲ့အပြင် ဟိုတယ်ရဲ့နာမည် နဲ့လိုက်ဖက်အောင် ၀န်ဆောင်မှုကို အကောင်းဆုံးထိန်း သိမ်းထားတဲ့ ဟိုတယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ မိသားစုလို နွေးထွေးစွာဆက်ဆံတတ်တဲ့ ပိုင်ရှင်နဲ့ ၀န်ထမ်းကြားက ဆက်ဆံရေးကလည်း ဟိုတယ်ရဲ့ အောင်မြင်ခြင်းအချက်ပါပဲ။ ဒါကြောင့်မို့ Panorama ဟိုတယ်၀န်ထမ်းတွေဟာ မြဲတဲ့အပြင် ၀န်ထမ်းကောင်းတွေကို ပိုင်ဆိုင်ထားရခြင်းကလည်း ဆုလာဒ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဟိုတယ်မှာ ၀န်ထမ်း ပေါင်း ၉၆ ယောက်ရှိပြီး နေ့ဆိုင်း ညဆိုင်းတာ၀န်ကျ စေပြီး နေ့စဉ် ထမင်းနှစ်နပ်ကျွေးမွေးသလို နှစ်စဉ် လွတ်လပ်ရေးနေ့တွေမှာဆို ၀န်ထမ်းကောင်းဆုတွေကို ချီးမြှင့်ပေးတာမျိုး၊ ထူးချွန်ဆုပေးတာမျိုးနဲ့ Staff Party မျိုးကို ပြုလုပ်ပေးလေ့ရှိတာမို့ ဟိုတယ်မှာပျော် ရွှင်စွာနဲ့လုပ်ကိုင်ကြတာမို့ ၀န်ထမ်းမြဲခြင်းကလည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှုကို ပိုပြီးကောင်းမွန်စေတဲ့ အားသာချက်အချက်တစ်ခုဖြစ်စေပါတယ်။ ဟိုတယ် လုပ်ငန်းဟာ Service ဆိုတာကို နားလည်ထားတဲ့ ဟိုတယ်တစ်ခုလုိ့ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဟိုတယ်အိပ်ခန်းတွေမှာ ဒေါ်လာ ၅၀ တန် ပန်းချီကားတွေကိုလည်း အလှဆင်ချိတ်ဆွဲ ထားပေးထားပြီး အိပ်ခန်းတွေမှာ Shower နဲ့ ချိုးတာ မျိုးနဲ့ Bath-tubs နဲ့ အခန်းတွေကို ထားရှိပေးထား ပါတယ်။ Asian တွေကတော့ Shower နဲ့ ချိုးတာ မျိုးကို ကြိုက်နှစ်သက်ကြတာမို့ ရွေးချယ်နိုင်အောင် လည်း ၀န်ဆောင်မှုပေးထားတာကိုလည်း တွေ့မြင်ရစေပါတယ်။ ဆေးလိပ်သောက်ချင်တဲ့ ဧည့်သည် အတွက် အထပ်ကို ၂ ၊ ၄ ၊ ၅ အထပ်တွေအဖြစ် ထားရှိပေးထားပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေ အတွက် သီးသန့်ပဲနေမယ်ဆိုရင်တော့ သပ်သပ်ထားရှိ ပေးထားပါတယ်။ ဂျပန်လူမျိုးဧည့်သည်တွေကတော့ ရေချိုးကန်ပါတာကို သဘောကျတာမို့ Bath-tub ပါတဲ့ အိပ်ခန်းတွေကိုသာ ရွေးချယ်ပေးတာမို့ တည်းခို သူရဲ့အကြိုက်ကို ဂရုပြုစေပြီး ၀န်ဆောင်မှုပေးခြင်းက လည်း ဟိုတယ်ရဲ့အားသာချက်တစ်ခုပါပဲ။ ဒါ့အပြင် ဟိုတယ်ကို ထပ်လောင်းအား ဖြည့်ထားတဲ့ ကျွန်းလှေကားကြီးရဲ့ လှပခန့်ညားထည်ဝါမှုကိုလည်းတွေ့မြင်ရစေပါတယ်။ ဟိုတယ်က အထပ် မြင့်ဆိုပေမယ့် ဟိုတယ်တည်ဆောက်ထားတဲ့ အခန်းတိုင်း ဖွဲ့စည်းမှုတွေက စိတ်ကို သက်သောင့် သက်သာဖြစ်စေအောင် အခန်းဖွဲ့စည်းပေးထားတာမို့ ဟိုတယ်ရဲ့ အားသာချက်တစ်ခု ဖြစ်စေတာပါပဲ။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ အထင်ကရနေရာ တွေကို အလွယ်တကူသွားရောက်လည်ပတ်နိုင်တဲ့ အားသာ ချက်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် မြို့လယ် ခေါင်ရဲ့ ဆုံချက်မှာတည်ရှိပြီး ဟိုတယ်တစ်ခုရဲ့အရေး ကြီးဆုံး အချက်ဖြစ်တဲ့ ၀န်ဆောင်မှုကို လက်ကိုင်ထား ပြီး နာမည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Panorama ဟိုတယ် ကို ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန်အဖြစ် ဖော် ပြပေးလိုက်ပါတယ်။ TravellingJournal/ Vol_1_Issue_17 Photo_PanoramaHotel
Contine Reading
By - Admin / 11-11-2019
ကလော – အောင်ပန်း နယ်နိမိတ် စည်းမျဉ်းပေါ်မှာ တည်ရှိနေတဲ့ View Point Hotel ဆီသွားလည်ကြမယ်

ကလော – အောင်ပန်း နယ်နိမိတ် စည်းမျဉ်းပေါ်မှာ တည်ရှိနေတဲ့ View Point Hotel ဆီသွားလည်ကြမယ်

နှင်းဆီသခင် အေးစိမ့်မှုရဲ့ အရသာတွေကို ခံစားရရှိစေတဲ့ ကလောမြို့နဲ့ အောင်ပန်း မြို့ လို့ ဆိုရင် အထူးသလည် စဉ်းစားစရာမလိုအောင် စာဖတ်ပရိသတ် တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒီလို ခရီးသွားအများစု နှစ်သက်စွာ လည်ပတ်နေကြတဲ့ တောင်ပေါ်မြို့ လေးတွေကို သွားရောက်လည်ပတ်ကြတဲ့ ခရီးသွားမိတ်ဆွေ တွေ အတွက် ဒီတစ်လမှာတော့ တည်းခိုရလွယ်ကူအောင် အချက်အချာ ကျတဲ့ ဟိုတယ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ ဟိုတယ်လေးရဲ့ နာမည်ကတော့ နေချင်စဖွယ် ကောင်းအောင် ပေးထားပါတယ်။ “ ရှုခင်းသာ ဟိုတယ်(View Point Hotel ) ” တဲ့ ။ တကယ်လည်း ဒီနာမည်လေးနဲ့ လိုက်ဖက်လှအောင် ဟိုတယ် တည်ဆောက်ထားပြီးတော့ ထင်းရှုးမြို့တော်လို့ ခေါ်တွင်စေတဲ့ ကလောမြို့တော်နဲ့ စီးပွားရေးမြို့တော် လို့ အများက ခေါ်ကြတဲ့ အောင်ပန်းမြို့ အကြား အချက်အချာကျတဲ့နယ်နိမိတ်စည်းမျဉ်းလေးမှာ တည်ရှိနေပါတယ်။ ကလောဘက်ကနေပဲလာလာ၊ အောင်ပန်းဘက်ကပဲလာလာ အနီးဆုံး ဆုံမှတ်မှာ တည်ရှိတာမို့ သွားလာရ လွယ်ကူစေတာကတော့ အမှန်ပါပဲ။ ကလော - အောင်ပန်း ကားလမ်းဘေး၊ Denko ဆီဆိုင်အနီး အောင်ပန်းမြို့ဝင် ဆိုင်းဘုတ်နားမှာ တည်ရှိတာမို့ ဟိုတယ်ရဲ့ အချက် အချာကျတာကတော့အထူးပြောစရာမလိုတော့ပါဘူး။ ဟိုတယ်တည်ဆောက်ထားပုံကို ပြောရမယ်ဆိုရင် အထပ်မြင့်လေးထပ် အဆောက်အအုံဖြစ်ပါတယ်။ လာရောက်တည်းခိုတဲ့ဧည့်သည်တိုင်းကို စိတ်တိုင်းကျစေဖို့ ဟိုတယ်အိပ်ခန်းတွေရဲ့ အရှေ့၀ရံတာတွေ ထားရှိပေးထားတယ်။ ဒီလိုနေရာမှာ ထိုင်ပြီး အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်ဖို့ အတွက် ဒီဇိုင်းဆွဲတည်ဆောက်ထားတာ တွေ့ရပါတယ်။ အနားယူတဲ့ ဟိုတယ်အခန်းရှေ့ကနေ ကြည့်ရတ ဲ့ရှုခင်းကလည်း အရမ်းပဲ ကြည့်ကောင်းပါတယ်။ စာရေးသူတို့ တည်းတဲ့ အခန်းရှေ့ကနေ ကြည့်ရတဲ့ ရှုခင်းက လှတယ်။ နီနီရဲရဲ စိတ်ကို တတ်ကြွစေတဲ့ အနီရောင်အဆောက်အအုံအမိုးဖွင့်နဲ့ Sky Bar ကို မြင်တွေ့စေနိုင်တယ်။ ဒီဟိုတယ်မှာ Sky Bar ထားရှိ ပေးခြင်းကလည်း ဟိုတယ်ရဲ့ ထူးခြားတဲ့ စတိုင် တစ်ခုလို့ ဆိုပါတယ်။ ဒီSky Bar မှာ လေညင်းခံရင်းကိုယ့်ရဲ့ မိတ်ဆွေ အပေါင်း အသင်း တွေနဲ့ ဖြစ်စေ မိသားစု တွေနဲ့ဖြစ်စေ Party ကျင်းပနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး၊ ဟိုတယ်ရဲ့ ပန်းခြံထဲမှာ မီးပုံပွဲ လည်း ကျင်းပနိုင်ပါသေးတယ်။ ကာရာအိုကေ ခန်းမကိုပါ ထားရှိပေးတာမို့ လာရောက်တည်းခိုတဲ့ သူတွေအနေနဲ့ စိတ်ကျေနပ်စေနိုင်တဲ့ ၀န်ဆောင်မှုကောင်းတွေ ဆောင်ရွက်ပေးထားတဲ့ ဟိုတယ်တစ်ခုပါ။ ဒါ့အပြင် ဟိုတယ်တည်ဆောက်ထားတဲ့ နေရာကလည်း ကလော - အောင်ပန်း မီးရထားသံလမ်းရဲ့ ဘေးမှာ တည်ရှိတာမို့ မီးရထားခုတ် မောင်းသံတွေကိုလည်း ကိုယ့်ရဲ့အခန်းကနေ နားဆင်နိုင်ပါသေးတယ်။အရင် အင်္ဂလိပ်ခေတ်ကာလတုန်းကဆိုရင် ငွေကြေးချမ်းသာကြွယ်ဝတဲ့ အသိုင်းအ၀န်းတွေဟာ သူတို့ နေထိုင်တဲ့ စံအိမ်နားရဲ့ အနီးဆုံးမှာ မီးရထားဥသြသံတွေကို ကြားရချင်တာမို့ မီးရထားဖောက်လုပ်တဲ့ သူတွေကို ငွေပေးပြီး ရထား သံလမ်း ဖောက်လုပ်ခိုင်းရတယ်လို့ ဆိုပါတယ်။ ဒီလို တကူးတက ဖောက်လုပ်စရာမလိုပဲ ရှုခင်းသာဟိုတယ်က ရရှိစေခြင်းကလည်း လက်ဆောင်မွန်ကောင်း တစ်ခုဖြစ်ပါတယ် ။ ဟိုတယ်ရဲ့ မြေဧကကတော့ ၄ ဧကရှိပြီး လာရောက်တည်းခိုတဲ့ သူတွေ အတွက်အဆင်ပြေစေရန် ကားပါကင်ကိုလည်း ဟိုတယ်ဝင်းထဲ ထားရှိ ပေးထားသလို ကားလမ်းဘေးမှာလည်း ရပ်နိုင်အောင် စီစဉ်ထားရှိပေး ထားပါတယ်။ ဒါ့အပြင် မှန်လုံကားကြီးတွေပါရပ်ဖို့လည်း အဆင်ပြေနိင်သလို ဟိုတယ်မှာ တည်းခိုပြီး သွားရောက်နိုင်တဲ့ နေရာတွေ လည်းအများကြီး ရှိပါသေးတယ်။အချက်အချာကျတဲ့နေရာမှာရှိတာမို့ သွားရေးလာရေး ကတော့ အဆင်ပြေစေပါတယ်။ Hotel ကနေဆိုရင် နာမည်ကြီးလှတဲ့ ဗျိုက်တောင် ကို ကားနဲ့သွားရင် ၁၂မိနစ် ပဲကြာမြင့်သလို အိုးစည် တောင်ကို သွားရင်လည်း ၁၃မိနစ်ပဲကြာမြင့်ပါတယ်။ ဒီတောင်တွေကတော့ ကလောဘက်ခြမ်းမှာတည်ရှိပါတာပဲဖြစ်ပါတယ်။ ခရီးသွားအများစုကတော့ ‌အိုးစည်တောင်ကို မဖြစ်မနေ သွားကြပါတယ်။ ‌ဒီတောင်ပေါ်ကနေကြည့်ရတဲ့ နေထွက်ချိန် နဲ့‌ နေဝင်ချိန်က အရမ်းလှလို့ တစ်ချို့ကPrewedding တွေ လာရိုက်တာတွေလည်း ရှိပါတယ်။ ဒီလို ပြီးပြည့်စုံစေတဲ့ အရာတွေကို ပိုင်ဆိုင်ထားတဲ့ ရှုခင်းသာ ဟိုတယ်(၂) မှာ တည်းဖူးသူတွေအတွက် အမှတ်ရစရာတွေ ဖြစ်စေမှာ ကတော့ အမှန်ပါပဲ။ ဒါဟာ ဟိုတယ်ရဲ့ အားသာချက်လို့ဆိုနိုင်ပါတယ်။ ဟိုတယ်မှာ အခန်း ၂၁ ခန်း ထားရှိပေးထားပြီး အခန်းအမျိုးအစား အလိုက် စျေးနှုန်းသတ်မှတ်ထားပါတယ်။ Deluxe Double အခန်းမှာ ဆိုရင် Balcony & Rail Road View နဲ့ Garden View ဆိုရင် တစ်ညကို ကျပ် ၃၅၀၀၀ နဲ့ ကျပ် ၄၀၀၀၀ သတ်မှတ်ထားပါတယ်။ Deluxe Triple မှာ ဆိုရင် Balcony & Rail Road View နဲ့ Garden View ဆိုရင် တစ်ညကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားပါတယ်။ Family Suit မှာဆိုရင် Balcony & Rail Road View နဲ့ Garden View မှာတည်း မယ်ဆိုရင်တော့ တစ်ညကို ကျပ် ၅၅၀၀၀ သတ်မှတ် ထားပါ တယ်။ ဟိုတယ်အခန်းတွင်းမှာလည်း Safety Box ၊ Mini Bar ၊ အ၀တ်ဗီရို ထားရှိပေးထားတဲ့ ကုတင်မွေ့ရာ အသုံးအဆောင်တွေရဲ့ အရည်အသွေး ပစ္စည်းတွေကို သုံးစွဲထားလို့ တည်းခိုသူတွေအတွက် စိတ်တိုင်း ကျ နှစ်ခြိုက်စေမှာတော့အမှန်ပါပဲ။ ညဖက်တွေဆိုရင် ကိုယ်ပိုင် အခန်းရဲ့ လေသာဆောင်ကနေ ကော်ဖီသောက်ရင်း ညရှုခင်း အလှတွေရယ်၊ ထင်းရှုးရနံ့ လေနုအေးတွေကို ခံစားရင်း စိတ်လက် ပေါ့ပါး ပြီး အမှတ်ရစေမယ့် ညတစ်ညဖြစ်စေမှာတော့အသေအချာပါပဲ။ ဒီရှုခင်းသာဟိုတယ်ရဲ့ ထူးခြားမှုစတိုင်ကတော့ တရုတ်အစားအစာ ကိုပဲ ရရှိနိုင်တာဖြစ်သလို အရသာကောင်းမွန်လှတဲ့ ဟော့ပေါ့ စားသောက်ဆိုင် ကိုပါ ထည့်သွင်းပေးထားခြင်းပါပဲ။လက်ရာ ကောင်း မွန်တဲ့ စားဖိုမှူးရဲ့ ဟော့ပေါ့ လက်ရာကို စားသောက်ချင်တယ်ဆိုရင် ရှုခင်းသာဟိုတယ် ၂ ဆီကို သွားရောက်စားသုံးနိုင်ပါတယ်။ ဒါ့အပြင် မာလာရှမ်းကော လက်ရာကလည်း အရသာ ကောင်းလှတာမို့ သီးသန့် လာရောက်စားသုံးတဲ့ သူတွေ လည်းရှိတယ်လို့ ဟိုတယ်ရဲ့ ပိုင်ရှင် ဖြစ်သူ ကိုကျော်စိုးမင်းက ဆိုပါတယ်။ တည်းခို မှ သာမဟုတ်ပဲ အပြင် သူတွေပါ လာရောက် စားသုံးနိုင်ပါတယ်။ ဒါ့အပြင်အစားအသောက်ကောင်းတွေကိုနှစ်သက်ခုံမင်သူတွေအတွက်လည်း ဟိုတယ်ကနေ နောက်ထပ် ထည့်သွင်း ၀န်ဆောင်မှုပေးထားတဲ့ ဆော်လမွန် ငါးခေါင်း လည်းရရှိသလို ဗီယက်နမ်ကနေ တင်သွင်းလာတဲ့ ငါး နဲ့ ပြုလုပ်ထားတဲ့ ငါးအသားချောင်းကြော်ကလည်း လာရောက်စားသုံးသူတွေအတွက် အကြိုက်ဖြစ်စေမှာပါ။ ဟိုတယ်မှာ တည်းခိုရင်း Spa လည်းပြုလုပ်နိုင်ပါသေးတယ်။ Spaစျေးနှုန်းကတော့ နည်းနည်းလေး စျေးနှုန်းမြင့့်ပေမယ့် လာရောက် သူ ဦးရေကို ကန့်သတ်ထားလိုခြင်းကြောင့် စျေးနှုန်း သတ်မှတ်ထားခြင်း ဖြစ်တယ်လို့ ဟိုတယ်ရဲ့ တာ၀န်ရှိသူက ဆိုပါတယ်။ ဟိုတယ်ရဲ့ နောက်ထပ်ထူးခြားမှု က ဟိုတယ်ရဲ့ မီးရထား သံလမ်း နောက်မှာ Organic ခြံ စိုက်ပျိုးထားခြင်းပါ။ ဒီခြံထဲမှာ သရက်ပင် ဌက်ပျောပင်၊ မန်းရှားပင် စတဲ့ အပင်တွေကို အကွက်ကျကျနဲ့ ဖော်ဆောင်စိုက်ပျိုးထားပေးခြင်းပါပဲ ။လာရောက်တည်းခိုတဲ့သူတွေအတွက်ရည်ရွယ်ပြီး Organic ခြံကို စိုက်ပျိုးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ စာဖတ်သူတို့အနေနဲ့ အေးချမ်းလှတဲ့တောင်ပေါ်မြို့လေးကို အကြောင်းကိစ္စတစ်ခုခုကြောင့် သွားရောက်ဖြစ်ခဲ့ရင် ဆန်းသစ်တဲ့ ပတ်ဝန်းကျင် ၊ လှပတဲ့ဒီဇိုင်း၊ ကောင်းမွန်ပြည့်စုံတဲ့ဝန်ဆောင်မှု၊ သန့်ရှင်း လတ်ဆတ်တဲ့ အစားသောက်ကောင်းတွေ၊ နောက်ပြီးခံစားမှုရသအသစ် တွေကို ကြိုတင်ရှာဖွေတတ်တဲ့သူတွေအတွက် စိမ်းစိုနေတဲ့ တောအုပ်နဲ့ ရထားသံလမ်း၊ ကျယ်ဝန်းတဲ့ကားပါကင် ဒီလို ထူးခြားမှုတွေရှိနေတဲ့ ကလော- အောင်ပန်း နယ်နိမိတ်စည်းမျဉ်းလေးပေါ်က အချက်အချာ ကျတဲ့ ကားလမ်းမကြီးဘေးမှာ တသီးတသန့်တည်ရှိနေတဲ့ View Point Hotel (II) ဟိုတယ်ဆီ သွားရောက် လည်ပတ်နိုင်ရန် အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။ Travelling_Journal/Vol_1_Issue_14 Photo_TravellingJournal&ViewPointHotel
Contine Reading
By - Admin / 26-07-2019
ရွှေရောင်ကမ်းခြေလို့တင်စားထားတဲ့ ချောင်းသာက Golden Beach Hotel ဆီသွားလည်မယ်

ရွှေရောင်ကမ်းခြေလို့တင်စားထားတဲ့ ချောင်းသာက Golden Beach Hotel ဆီသွားလည်မယ်

နှင်းဆီသခင် ချောင်းသာကမ်းခြေဟာဆိုရင် ပြည်တွင်းခရီး သွားတွေ အများဆုံးလာရောက်လည်ပတ်ကြတဲ့ ဆုံမှတ်တစ်ခုလို့ တင်စားချင်ပါတယ်။ ရန်ကုန်မြို့နဲ့ အနီးဆုံးကမ်းခြေတစ်ခုဖြစ်တာရယ်၊ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တဲ့ အားသာချက် တွေရှိတာကြောင့် ရာသီဥတုမရွေး အမြဲတမ်းဧည့်သည် မပျက်သွားလာနေတဲ့ ကမ်းခြေတစ်ခုပါ။ ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေအနေနဲ့ တည်းခိုနေနိုင်ဖို့အတွက် လည်း ရွေးချယ်စရာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ကမ်းခြေပါ။ ဒီလိုရွေးချယ်စရာတွေများတဲ့အထဲကမှ ရွှေရောင်ကမ်းခြေလို့တင်စားထားတဲ့ Golden Beach ဟိုတယ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဟိုတယ်ဟာဆိုရင် ဆယ်ခုနှစ် နှစ်ခုနီးပါးကျော် တည်ရှိလာတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါတယ်။ ဟိုတယ် ကို မြေ လေးဧကနီးပါး ပေါ်မှာ တည်ဆောက်ထားပြီး အခန်းပေါင်း (၁၀၂)ခန်းပါရှိပါတယ်။ Sea View ဘန်ဂလို (၁၁)လုံး၊ Second Sea View (၃)လုံး၊ လေးခန်းတွဲဘန်ဂလို Type (၄)လုံး၊ ခြောက်ခန်းတွဲ ဘန်ဂလိုType (၁)လုံးနဲ့ နှစ်ထပ် အဆောင်(၂)ဆောင် နဲ့ သုံးထပ်အဆောင် တစ်ဆောင်တို့ကို ထည့်သွင်း တည်ဆောက် ထားပါတယ်။ ဒီဟိုတယ်ရဲ့ အခန်းစျေးနှုန်းတွေကတော့ Sea View အခန်းအမျိုးအစားဆိုရင် ပုံမှန်အားဖြင့် ကျပ် (၁၁၀၀၀၀)၊ Second Sea View (၉၉၀၀၀)၊ Garden View အခန်းအမျိုးအစားဆိုရင် ကျပ် (၇၇၀၀၀) ရှိပါတယ်။ ဒါပေမဲ့ မိုးရာသီကာလတွေ မှာဆိုရင်တော့ Sea View ဆိုရင် ကျပ် (၈၈၀၀၀) ၊ Second Sea View ဆိုရင် ကျပ် (၇၇၀၀၀) ၊ Garden View ဆိုရင် (၅၅၀၀၀) ပဲကျသင့်မှာ ဖြစ် ပါတယ်။ ဒါ့အပြင် ဒီဟိုတယ်ရဲ့ ထူးခြားချက်က LandScape အပိုင်းကို အထူးအလေးပေးဆောင်ရွက်ထား တာကို တွေ့ရသလို နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုယ်တည်းခိုတဲ့အခန်းအနီးအထိ ကားပါကင် ရပ်လို့ ရအောင် ကားပါကင်လျှောက်လမ်းတွေ ဆောင်ရွက်ပေးထားတာကို တွေ့ရပါတယ်။ ဒါကတော့ ဟိုတယ်ရဲ့ ထူးခြားချက်ပါ။ ဒါ့အပြင် ၀န်ဆောင်မှုတွေ အနေနဲ့ ဟိုတယ်မှာအားကစားခန်းမရှိသလို၊ ကလေးလူကြီး ရေကူးနိုင်တဲ့Swimming Pool ၊ အပန်းဖြေဥယျာဉ်၊ ကလေးကစားကွင်း၊ Mini ဂေါက်ကွင်း၊ စနူကာ၊ Bar ၊ Restaurant နဲ့ 24 hrs ဖွင့်လှစ်ပေးထားတဲ့ Spa တို့ကို ထည့်သွင်း ပေးထားတာက ဟိုတယ်ရဲ့ အားသာချက် တစ်ခုပါ။ ဒါ့အပြင် ဟိုတယ်ရဲ့ အကောင်းဆုံး၀န်ဆောင်မှု ပေးထားတဲ့ ထူးခြားချက်တစ်ခုရှိပါသေးတယ်။ အဲဒါက တော့ ဟိုတယ်တိုင်းအများစု ဝန်ဆောင်မှု ပေးသည့် မနက်စာအပြင် နေ့လယ် Tea Time နဲ့ ညစာဘူဖေးကို ထည့်သွင်း ၀န်ဆောင်မှု ပေးထားပါသေးတယ် ။ ချောင်းသာကမ်းခြေရဲ့ ဟိုတယ်တွေထဲကမှ ထူးခြားတဲ့ ၀န်ဆောင်မှုကို ပေး ထားတဲ့ဟိုတယ်တစ်ခုလို့ ဆိုရပါမယ်။ ဒီ၀န်ဆောင်မှု ကို ထည့်သွင်းပေးထားတာကတော့ လေးနှစ်နီးပါးရှိ သွားပြီလို့ ဟိုတယ်ရဲ့တာ၀န်ရှိသူတွေက ဆိုပါတယ်။ ဒီလိုညစာဘူဖေးကို ထည့်သွင်း ၀န်ဆောင်မှုပေးတဲ့ အတွက် လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေများစွာ ရရှိတာကလည်း ဟိုတယ်ရဲ့ ကောင်းမွန်လှတဲ့ အားသာချက်တစ်ခုပါ။ အများစုကတော့ ချောင်းသာကမ်းခြေကိုလာ လည်ကြတဲ့ ဧည့်သည်တွေဟာ အမျိုမျိုးကွဲပြားခြား အနားယူကြတာဖြစ်တဲ့အတွက် တချို့ဧည့်သည်တွေက ကမ်းခြေမှာပင်လယ်စာစားပြီး အပန်းဖြေအနားယူချင် တဲ့ ဧည့်သည်မျိုးရှိသလို ဟိုတယ်အတွင်းမှာပဲအနား ယူပြီးနေကြတဲ့ ဧည့်သည်မျိုးတွေလည်း ရှိကြတဲ့ အတွက် ဟိုတယ်မှာ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အမြဲကြိုးစားတယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။ ဟိုတယ်ထဲမှာ အားလုံးရနိုင်အောင် ထည့်သွင်း ပေးတာကလည်း ဒီဟိုတယ်ရဲ့ အားသာချက်တစ်ခုပါ။ ရေကူးကန်သွားမလား။ Bar မှာထိုင်မလား၊ Spa မှာသွားပြီး အနားယူမလား၊ အားကစားခန်းမဆီ သွားလေ့ကျင့် မလား၊ စားသောက်ခန်းမမှာသွားပြီး ပင်လယ်စာတွေကို စိတ်ကြိုက်သုံးဆောင်ကြမလား၊ စိတ်ကြိုက် အပန်းဖြေနိုင်မယ့် KTV မှာသီချင်းဆိုမလား၊ ဒီလိုဟိုတယ်အတွင်းမှာဘဲ မျိုးစုံလှတဲ့ ၀န် ဆောင်မှုတွေကို ထည့်သွင်းပေးထားတဲ့အတွက် လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေအတွက် သက် တောင့် သက်သာ ဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ဒီလို၀န်ဆောင်မှုတွေကြောင့်လည်း လာရောက်တည်း ခိုကြတဲ့ ဧည့်သည် တွေရဲ့ အမှတ်ရပြီးစိတ်တိုင်းကျစေ တာကတော့ အမှန်ပါပဲ။ ဒါ့အပြင် အသက်ကြီးပိုင်းတွေ အတွက်လည်း သွားချင်တဲ့နေရာကို ဟိုတယ်ရဲ့ ဘက်ဂီတွေနဲ့ လိုက်လံပို့ဆောင်ပေးတဲ့၀န်ဆောင်မှုကို ပေးထားတဲ့အတွက် ဟိုတယ်ရဲ့ ၀န်ဆောင်မှုကောင်း တစ်ခုလို့ဆိုချင်ပါတယ်။ ၀န်ဆောင်မှုကို အလေးထား ပေးတဲ့အတွက် လာရောက် တည်းခိုကြတဲ့ ဧည့်သည် တွေအတွက် စိတ်တိုင်းကျဖြစ်စေမယ်ဆိုတာကတော့ ပြောစရာကိုမလိုပါဘူး။ ဒါ့အပြင် ဟိုတယ်ရဲ့ Land Scape ပိုင်းကို အလေးထားဆောင်ရွက်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဧည့့်သည်တွေအတွက် လေကောင်းလေ သန့်ရရှိအောင် ဖန်တီးပေးထားသလို မြင်တွေရသည့် မြင်ကွင်းတွေကိုလည်း မျက်စိ အေးအောင် ဖန်တီးပေးထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားမှုတစ်ခုပါ။ ဒါ့အပြင် ဒီဟိုတယ်မှာ အိန်္ဒိယ အစားအစာ၊ တရုတ်အစားအစာ၊ မြန်မာအစားအစာ တွေအပြင် ပင်လယ်စာတွေကို စိတ်ကြိုက်သုံးစွဲနိုင် သလို အခန်းတွင်းလည်း မှာယူသုံးစွဲနိုင်ပါတယ်။ စာရေးသူကတော့ အခန်းတွင်းကို ပုဇွန်ကင်မှာယူ စားသောက်ပါတယ်။ အကောင်အကြီးအသေး ၁၂ ကောင်ပါ၀င်ပြီး တစ်ပွဲကို ၈၈၀၀ ကျပ်သာရှိပါတယ်။ စျေးနှုန်းအားဖြင့်မဆိုးသလို ပုဇွန်ကိုလတ်လတ်ဆတ် ဆတ်စားရတာကြောင့် အရသာရှိပါတယ်။ ချောင်းသာ ဆိုရင် အများစုက ချက်ပို့လို့ခေါ်တဲ့ ဒေသခံတွေဆီမှ ချက်ပြီးမှာ ယူစားသုံးကြ တာများသလို စားသောက်ဆိုင် တွေမှာသွားစားကြတာလည်းရှိတယ်။ ဒါပေမဲ့ တကယ့် ကို အေးအေးဆေးဆေး အနားယူခြင်းကို ပြည့်ပြည့်၀၀ လိုချင်သူတွေအတွက်ကတော့ Golden Beach Hotel က အကောင်းဆုံး ၀န်ဆောင်မှုပေးတာကို တွေ့ရပါတယ်။ဒီလို ၀န်ဆောင်မှုကောင်းတာတွေရှိတာကြောင့် ကြိမ်ဖန်များစွာလာရောက်တည်းခိုကြတဲ့ ဧည့်သည် တွေအတွက်လည်း ၁၀ ရာခိုင်နှုန်း Discount ရရှိနိုင် မယ့် Member ကတ်ကိုလည်း လက်ဆောင်မွန်အဖြစ် ပြန်လည်ပေးထားပါသေးတယ်။ ဒါ့ကြောင့် ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက်အပန်းဖြေကြတဲ့ ချောင်းသာကမ်းခြေ။ ပင်လယ်စာတွေ စိတ်ကြိုက်စားနိုင်တဲ့ ကမ်းခြေကို လာရောက်အပန်းဖြေခဲ့ရင် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှု ကောင်းတွေရရှိနိုင်တဲ့ ရွှေရောင် ကမ်းခြေလို့ တင်စားထားတဲ့ Golden Beach ဟိုတယ်ဆီ သွားရောက်တည်းခိုနိုင်စေဖို့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်အဖြစ် လမ်းညွှန်ပေးလိုက်ပါတယ်။ TravellingJournal/Vol_1_Issue_13 Photo_GoldenBeachHotel
Contine Reading
By - Admin / 01-07-2019