စစ်ကိုင်းမြို့တွင် The Century XVI ဟိုတယ်ကို မကြာခင် ဖွင့်လှစ်တော့မည်
#TravellingJournal
ဇေယျာရွှေမြေ ဟု တင်စားသည့် စစ်ကိုင်းမြို့တွင် The Century XVI ဟု အမည်ရသည့် ဟိုတယ်ကိုမကြာခင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်မှာ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေး တွင် ရှိပြီး ဖေဖော်ဝါရီ ၂ ရက် နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကာ အခန်းခစျေးနှုန်းများမှာ Delux Room အခန်းကို ကျပ်သုံးသောင်း နှင့် Superior Room အခန်း ကို ကျပ် နှစ်သောင်းငါးထောင် သတ်မှတ် ထားကာ ယင်းဟိုတယ်တွင် Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန်းများလည်း ထည့်သွင်းထား ကြောင်း သိရသည်။
လက်ရှိ စစ်ကိုင်းမြို့တွင် ဟိုတယ် ၈ လုံးရှိပြီး ပြည်တွင်း ခရီးသွားလုပ်ငန်းပေါ်သာ မှီခိုရပ်တည်နေရပြီး လက်ရှိအခြေအနေအရ တစ်နေ့လျှင် ဟိုတယ်အခန်းရရှိမှုမှာ အခန်း သုံး ခန်း မှ လေး ခန်း ဝန်းကျင် ဖြင့်သာ ရပ်တည် လည်ပတ်နေရကြောင်း စစ်ကိုင်း ဟိုတယ်လုပ်ငန်းရှင်တစ်ဦး က Travelling journal သို့ ပြောသည်။
စစ်ကိုင်းမြို့တွင် ရှိ ထင်ရှားကျော်ကြားသည့် ဘုရားများမှာ ဆွမ်းဦး ပုညရှင်ဘုရား၊ တောင်ဖီလာဘုရား၊ ဇေတဝန် ဘုရား၊ ချမ်းသာကြီးဘုရား ၊ ဥမင်သုံးဆယ် ၊ ရှင်ပင်နန်းဦး ၊ နံပင်နံကိုင်းဘုရား ၊ လေးကျွန်းမာန်အောင်ဘုရား၊ ပတ္တမြားစေတီဘုရား၊ထူပါရုံဘုရား၊ ရှင်ဖြူရှင်လှဘုရား ၊ အောင်မြေ လောက ကျောက်စေတီဘုရား ၊ ငါးထပ်ကြီး ဘုရား နှင့် ကောင်းမှုတော်ဘုရားတို့ ဖြစ်ကြသည်။
#ZawgyiVersion
ဇေယျာရွှေမြေ ဟု တင်စားသည့် စစ်ကိုင်းမြို့တွင် The Century XVI ဟု အမည်ရသည့် ဟိုတယ်ကို မကြာခင်ွဖင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်မှာ စစ်ကိုင်းမြို့ ဧရာဝတီမြစ်ကမ်းဘေး တွင် ရှိပြီး ဖေဖော်ဝါရီ ၂ ရက် နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကာ အခန်းခဈေးနှုန်းများမှာ Delux Room အခန်းကို ကျပ်သုံးသောင်း နှင့် Superior Room အခန်း ကို ကျပ် နှစ်သောင်းငါးထောင် သတ်မှတ် ထားကာ ယင်းဟိုတယ်တွင် Infinity Swimming Pool၊ Karaoke Room၊ Beauty &Spa ၊ Meeting Room အခန်းများလည်း ထည့်သွင်းထား ကြောင်း သိရသည်။
#Photo The Century XVI
တစ်နှစ်ကျော်ကြာ ပိတ်ထားသည့် သရပါ ဟိုတယ် ပြန်လည် ဖွင့်လှစ်
#TravellingJournal
တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ပုဂံရှေးဟောင်း မြို့တွင်းက သရပါဟိုတယ်အား ဒီဇင်ဘာ ၁၅ ရက်မှ စတင်ကာ ဟိုတယ်ကို ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သရပါဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။
ဟိုတယ်အခန်းပေါင်း ၈၀ ကျော်ရှိသော်လည်း လက်ရှိ အခန်း ၃၀ ကိုသာ ဖွင့်လှစ်ပေးထားသလို ဟိုတယ်အခန်းခနှုန်းထားများကို ၅၀ ရာခိုင်နှုန်း ဝန်းကျင်ထိ လျော့ချ ပေးထားကြောင်း သိရသည်။
” စက်တင်ဘာ ၂၀၂၀ က ပိတ်ထား တာ။ တစ်နှစ် ကျော် ကြာ ပိတ်ထားခဲ့တယ်။ အခုလက်ရှိ တော့ အခန်း၃၀ ပဲဖွင့်ပေးပါတယ်။အခန်း ခ လျှော့ချ ထားတယ်။ Promotion ကာလ က ဇန်နဝါရီ လောက်ထိတော့ ရှိပါတယ်။ ကျွန်တော်တို့ ဆီ Christmas နဲ့ New year ကာလ မှာ ဟိုတယ်အခန်း ခ တွေကို ထပ်ပြီး စျေးတတ် ခြင်း မရှိပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် နားက စားသောက် ဆိုင် တွေ လည်း အကုန်ဖွင့် တယ်။ မြင်းလှည်း တုတ်တုတ် လည်း ငှားလို့ ရတယ်။ ဧရာဝတီမြစ်ထဲတလျှောက် ပုဂံ အလှကို စက်လှေနဲ့ ကြည့်နိုင်ပါတယ်။ မြို့ဟောင်းထဲဆိုတော့ ဘုရားတွေ ဆီ သွားရတာ အရမ်း နီးပါတယ် “ဟု သရပါဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။
လက်ရှိတွင် သရပါဟိုတယ်၏ အခန်းခ နှုန်းထားများကို Deluxe Room (နှစ် ယောက်ခန်း) တစ်ညလျှင် ကျပ် ခြောက်သောင်း ၊ မိသားစု ၄ ဦးအထိ တည်းခိုလို့ ရသည့် Family Room အခန်းကို တစ်ညလျှင် ကျပ် တစ်သိန်း
နှစ်သောင်း ဖြစ် သတ်မှတ်ထားပြီး Extra Bed တစ်ဦးလျှင် ကျပ် သုံးသောင်း သတ်မှတ်ပေးထားကြောင်း သိရသည်။
ထို့ပြင် ဟိုတယ်အခန်းခများကို Bank Transfer ဖြင့် ငွေပေးချေနိင်သလို KBZ Pay, CB Pay မှလည်း ငွေပေးချေနိုင် ကြောင်းသိရသည်။
ပုဂံရောက်ပြီဆိုပါ က ပြည်တွင်းခရီးသွား အများစု သွားလည်ကြသည့်နေရာများမှာ ပြည့်ငါးပြည့်၊ စွယ်တော်လေးဆူ ၊နတ်ရေကန် ၊ဇီအို နတ်ထိန်းတော၊မန်ကျီးကိုးခွ ၊ထန်းကိုးမွှာ၊ အညာ ထန်းတောများနှင့် ပုပ်ပါးတောငျ သို့ သွား ရောက် လည်ပတ်ကြောင်း သိရသည်။
#ZawgyiVersion
#Photo – သရပါဟိုတယ်
ငပလီဟိုတယ်အများစု ကြိုတင် Booking များဖြင့်ပြည့်
Travelling journal
နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ အခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ်အများစုမှာ ခရစ္စမတ် ကာလနှင့် Happy New year ကာလများအတွက် ကြိုတင် Booking များဖြင့် ပြည့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ လ အတွင်း ငပလီ ကမ်းခြေ သို့ ပြည်တွင်းဧည့်သည် (၈၇၈၃)ဦးနှင့် မြန်မာနိုင်ငံတွင်
အခြေစိုက် နေထိုင်ကြသည့် နိုင်ငံခြားသား ဧည့်သည် (၁၂၆)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန (သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။
” ကျွန်တော် တို့ဆီမှာ ဆောင်းဦးပွဲတော် ဖွင့်လိုက်တော့ သွားလို့ရတယ်ဆိုတာ သိသွားကြတယ်။ ဒီမှာက လောလောဆယ်တော့ အေးချမ်းမှု လုံခြုံမှု ရှိနေတဲ့အနေအထားရှိနေတယ်။ အဲဒါကလည်း အားသာချက် ပေါ့။ အဲဒါကြောင့်မို့ Booking တွေ တော် တော်လေး ရှိတယ်ဆိုတာ သိထားပါတယ် “ဟု ရခိုင်ပြည်နယ် ဟိုတယ်ခရီး တာဝန်ခံ က Travelling journal သို့ ပြောသည်။
လက်ရှိတွင် သံတွဲ မြို့ပေါ်ရှိ ဟိုတယ် နှင့် တည်းခိုရိပ်သာ အလုံး (၄၀) သာ ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ COVID -19 စည်းကမ်းချက်များနှင့်အတူ ဟိုတယ်များကို စစ်ဆေးပြီး ထပ်မံ တိုးမြှင့် ဖွင့်လှစ်နိုင်အောင် စီစဥ်နေကြောင်း
သိရသည်။
အာခါတိုင်းရင်းသားများ နေထိုင်သည့် ဟိုကျင်း​ဒေသတွင် ပထမဆုံး CBT ကျေးရွာကို စတင် ဖော်ဆောင်မည်
Travelling Journal
ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့တော်ဖြစ်သည့် ကျိုင်းတုံ မြို့တွင် အာခါတိုင်းရင်းသားများ နေထိုင်ကြသည့်
ဟိုကျင်းဒေသ၌ ပထမဆုံး ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာကို စတင် ဖော်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ CBT ကျေးရွာကို ဟိုကျင်းရွာ ၁ ၊ ၂ ၊ ၃ ၏ ရွာအဝင် လမ်းဆုံအနီးတွင် CBT ကို ဖော်ဆောင် နေပြီး လက်ရှိတွင် ဒေသခံများအား Training ပေးနေပြီဖြစ်ကြောင်း သိရသည်။
အာခါတိုင်းရင်းသူတစ်ဦးကိုတွေ့ရစဥ်
“ဟိုကျင်းက အရင်က နိုင်ငံခြားသားတွေ သွားလာလည်ပတ်ကြတဲ့နေရာပါ။ အရင်က နေ့ချင်းပြန် ပဲ ရတယ်။ ကျိုင်းတုံ မှာ ပြန်အိပ်ရတယ်။ အခု ဟိုကျင်းမှာ အခုလို CBT ဖော်ဆောင်လိုက်တော့ ညအိပ်ပြီး အနီးက ဗုဒ္ဓ ဥယျာဥ် ၊ ပန်ကွဲတောင် အဲဒါတွေကို လည်ပတ်နိုင်တယ် “ဟု ဟိုတယ် နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန( ကျိုင်းတုံ)မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။
လက်ရှိတွင် အ​ဆောက်အအုံတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းနီးပါး ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
” ကျိုင်းတုံ မှာ အခုလို ဖွင့်လှစ်လို့ အရမ်းဂုဏ်ယူပါတယ်။ဘယ်လောက်ထိအကျိုးရှိမလဲဆိုရင် Tour Guide အတွက် အရမ်းအကျိုးရှိလိမ့်မယ်။ ပြီးတော့ ရွာသူ ရွာသားအတွက် အကျိုး ရှိမယ်လို့ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် ထိုင်းနိုင်ငံ မှာ ၁၀ နှစ်ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံနဲ့ ဟိုကျင်းရွာက CBT ကို အတတ်နိုင်ဆုံး ကူညီမယ်။ ဒီကနေ ရပ်ရွာအတွက် ရိုးရာဓလေ့ တွေ အစားအသောက် ဆိုင်ရာတွေ လူနေမှူဘဝတွေ ကိုလည်း သိလာစေရမယ်။ သူတို့ ရဲ့အသိအမြင်တွေ ပိုပြီး တိုးတက် လာစေမယ်” ဟု ကျိုင်းတုံ ဒေသခံ ဧည့်လမ်းညွန် ကိုမျိုးအောင်က Travelling journalကိုပြောသည်။
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် ဟိုကျင်းဒေသသည်ဟိုကျင်းရွာ ၁၊ ၂ ၊ ၃ ၊ ၄ ရွာကို ပေါင်းထားပြီးရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း CBT ကျေးရွာကို စတင်ဖော်ဆောင် ပြီး လက်ရှိတွင် ဧည့်သည်များ တည်းခို ညအိပ်နားနေနိုင်ရန် အဆောက်အအုံ လေးခုကို တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။
#ZawgyiVersion
အာခါလုံမငယ်တစ်ဦးကိုတွေ့ရစဥ်
#Photo Ko Myo Aung
လီဆူတိုင်းရင်းသားများ နေထိုင်သည့် မကျော့ဝါကျေးရွာတွင် တိုင်းရင်းသားဟိုတယ်တစ်ခု မကြာခင် ဖွင့်လှစ်မည်
Travelling journal
လီဆူတိုင်းရင်းသားများ အများဆုံး နေထိုင်ကြသည့်မကျော့ဝါ ကျေးရွာအား အခြေတည်ပြီး ဟိုတယ်မကျော့ဝါ အမည်ရှိသည့် ဟိုတယ်ကို မကြာခင် ဖွင့်လှစ်ရန် စီစဥ်နေကြောင်း ဟိုတယ်ပိုင်ရှင် ဖြစ်သူ ဦးကျော်စွာအောင်က Travelling journal သို့ ပြောသည်။
ပူတာအို လေဆိပ်မှ ၇ မိနစ်ခန့် ကားဖြင့် လာရောက်မည်ဆိုပါက ဟိုတယ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ဒေသခံများ၏ အခေါ်အရ နန့်ထုံနီ ချောင်း သို့မဟုတ်မကျော့ဝါ ချောင်းဟု ခေါ်ဆိုသည့် ချောင်းကို ခွကာ ဟိုတယ်နှင့် သင်္ဘောပုံစံ တည်ဆောက်ထားသည့်စားသောက်ဆိုင်ကို မျက်နှာချင်းဆိုင် အနေအထားဖြစ်အောင် ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
“ခရီးသွားတွေအတွက် အခုလိုမျိုး ဟိုတယ်ဖွင့်တာ ကတော့ အဆင်ပြေတယ်။ ပူတာအိုက တကယ်တမ်းဧည့်သည် များလာရင် ဟိုတယ် တွေက မလောက်ဘူးလေ။ ပူတာအိုမှာ​က ပန်းခြံမရှိဘူး။ တိရစ္ဆာန် ဥယျာဥ်မရှိဘူး။ ဒီဟိုတယ် လေးလုပ်ထားတာ ကောင်းပါတယ် ။မိသားစုလိုက် သွားလည်လို့ရတယ်။ ချောင်းဘေးမှာသင်္ဘောလိုမျိုး တည်ဆောက်ထားတာဆိုတော့ စိတ်ကူးယဥ်စရာကောင်းတယ်ပေါ့။ ကစားကွင်းလိုမျိုး ပန်းခြံပုံစံမျိုး အထိုင်ထားတာဆိုတော့ ဧည့်သည် တွေအတွက် စိတ်ဝင်စားစရာဖြစ်လာမှာပါ”ဟု ဒေသခံ ဦးမိုးမင်းသိန်း(ပူတာအို) က Travelling journal သို့ ပြောသည်။
ထို့ပြင် မြစ်ကြီးနား အခြေစိုက် ခရီးသွား ကုမ္ပဏီ တစ်ခုကလည်း ယင်းဟိုတယ်သို့ သွားရောက်လေ့လာခဲ့ကြောင်း ယင်းခရီးသွားကုမ္ပဏီမှ ဒေါ်ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
လက်ရှိတွင် ပူတာအို မြို့သည် ပြည်တွင်းခရီးသွား များ လာရောက် လည်ပတ်ပါက အခန်းပေါင်း ၁၀၀ ကျော်သာရှိသည့်အတွက် ယခုကဲ့သို့ ပူတာအိုမြို့တွင် နောက်ထပ်ဟိုတယ်အသစ်တစ်လုံး ပေါ်ပေါက်လာခဲ့သည့်အတွက်
ဒေသအကျိုး အတွက်လည်းကောင်း မွန်ကြောင်း ဒေသခံဦးမိုးမင်းသိန်း (ပူတာအို)က Travelling journal သို့ ပြောသည်။
ဝါးကို အခြေခံ ထားပြီး ဟိုတယ်ကို ဘန်ဂလို ပုံစံတည် ဆောက်ထားပြီး အခန်း ၃၀ ခန့် လျာထားသော်လည်း လက်ရှိ တွင် အခန်း၂၀ ခန့်သာ​ပြီးစီးကြောင်းသိရသည်။
“ကျွန်တော်တို့ မျှော်လင့်တာက ဒီဇင်ဘာ လောက်ဆို ဖွင့်ဖို့ မျှော်မှန်းထားပါတယ်။ ဟိုတယ် မကျော့ဝါ လို့ နာမည်ပေးဖို့အစီအစဥ်ရှိတယ်”ဟု ဟိုတယ်ပိုင်ရှင် ဖြစ်သူ ဦးကျော်စွာအောင်က Travelling journal သို့ ပြောသည်။
ယခုကဲ့သို့ ဟိုတယ်ဖွင့်လှစ်ရခြင်းကလည်း ဒေသခံတိုင်းရင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနှင့် ပူတာအိုမြို့ သို့လာရောက်လည်ပတ်သည့်ခရီးသွားများအတွက် စျေးနှုန်းသက်သက်သာသာဖြင့် တည်းခို​နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မကျော့ဝါကျေးရွာတွင် Bamboo Villa စားသောက်ဆိုင်နှင့် ဟိုတယ်မကျော့ဝါ ကို ဖွင့်လှစ်ထားရှိပြီး ၂၀၂၀ ဧပြီလမှ စတင် တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟိုတယ် အခန်းခစျေးနှုန်းကို ပူတာအို မြို့ရှိ ဟိုတယ်များ၏ စျေးနှုန်းထက်အနိမ့်ဆုံး စျေးနှုန်းတစ်ခု ဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကာ တစ်ညလျှင် ကျပ်လေးသောင်း ဖြင့် သတ်မှတ်ထားပြီး နံနက်စာ ဘူဖေးပါဝင်ကြောင်း သိရသည်။ ရေချိုးခန်း အိမ်သာတွဲထားပြီး သုံးယောက် တည်းခိုနိုင်သည့် အခန်းတစ်ခန်းကိုတစ်ယောက်လျှင် တစ်သောင်းနှုန်းဖြစ် တည်းခိုနိုင်ရန်စီစဥ်ပေးထားကြောင်း သိရသည်။
ဟိုတယ်တွင် ဒေသရိုးရာအစားအစာများအပြင် ထိုင်းအစားအစာ၊တရုတ်အစားအစာ ပင်လယ်စာ များပါ ရရှိနိုင်ရန် ဝန်ဆောင်မှု ပေးထားကြောင်းသိရသည်။
ထို့ပြင် ဟိုတယ်၏ အထူးဝန်ဆောင်မှုအဖြစ် ပူတာအို မြို့သို့ လာရောက်လည်ပတ်သည့် သူများအတွက် အပန်းဖြေချင်သူများအတွက်သာမက ဒေသန္တရဗဟုသုတလေ့လာလိုသည့်သူများအတွက် ဟိုတယ်မှ ဝန်ဆောင်မှု ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မကျော့ဝါ ကျေးရွာမှ ကားဖြင့် ၁၅ မိနစ်ခန့်သွားရောက်မည်ဆိုပါက အထက်ဆန်ဂေါင်ရွာသို့ သွားရောက်လည်ပတ်နိုင်သလို ဆန်ဂေါင်ရွာမှ တဆင့် ရေခဲတောင်တက်ခရီးစိတ်ဝင်စားပါက သွားရောက်လည်ပတ်နိုင်သေးကြောင်း သိရသည်။
ပူတာအိုမြို့သို့ ခရီးသွားများ လာရောက် လည်ပတ်သည့်အကောင်းဆုံးကာလမှာ အောက်တိုဘာလမှဖေဖော် ဝါရီလအတွင်း အချိန် ကာလဖြစ်​ ကြောင်း သိရသည်။
Photo Moe Min Thein (ပူတာအို)
ဟိုတယ်အခန်းခ လျော့ချသည့်အပြင် Tea Time ဝန်ဆောင်မှု ထည့်သွင်းလာသည့် At The SEA ဟိုတယ်
Travelling journal
ဟိုတယ်အခန်းခ စျေးနှုန်းများကို လျော့ချထားသည့်အပြင် Tea Time ဝန်ဆောင်မှုအစီအစဥ်ကိုပါ ထည့်သွင်း ပေးသွားမည်ဖြစ်ကြောင်း ငွေဆောင်အခြေစိုက်At The SEA ဟိုတယ် မှ တာဝန်ရှိသူက Travelling Journal သို့ ပြောသည်။
လက်ရှိတွင် ငွေဆောင်ကမ်းခြေ ၏ ဟိုတယ်များမှာ ပြန် လည် ဖွင့်လှစ်နေပြီ ဖြစ်သလို အပြိုင်အဆိုင် အခန်းခနှုန်းထားများကို လျှော့ချ ပေးနေ ကြောင်း သိရသည်။
” မကြာသေးခင်က မှ လျှပ်စီးမီးရပြီမို့ အခန်းတိုင်းကို၂၄ နာရီ မီးပေးနိုင်ပါပြီ။ ဒါ့ပြင် ဟိုတယ်မှာ လာရောက်တည်းခိုတဲ့သူတွေအတွက် အထူးအစီအစဥ်အနေနဲ့ Tea Time ကို မေတ္တာ နဲ့ ကျွေးမွေးဧည့်ခံပေးသွားမှာပါ “ဟုဟိုတယ်က တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။
ယခင်က နှစ်ယောက်အိပ်ခန်းပါဝင်သည့် Sea view Bungalow လုံးချင်းကို တညလျှင် ကျပ် ၉၉၀၀၀ မှ လက်ရှိတွင် ကျပ် ၈၀၀၀၀ ဖြင့် လည်ကောင်း ၊ Second Sea View Bungalow နှစ်ယောက်အိပ်ခန်းကို ကျပ် ၈၈၀၀၀ မှ လက်ရှိတွင် ကျပ် ၇၀၀၀၀ ဖြင့် လည်ကောင်း ၊ Garden View နှစ်ယောက်အိပ်အခန်းကို ကျပ် ၇၇၀၀၀ မှ ကျပ် ၆၀၀၀၀ ဖြင့်လည်ကောင်း၊ မိသားစု ခြောက် ယောက် နေနိုင်သည့် Family Suite အခန်းကို တစ်ညလျှင် ယခင် ကျပ် နှစ်သိန်း ငါးသောင်းမှ ယခု ကျပ်နှစ်သိန်း ဖြင့်လည်ကောင်း အသီးသီး လျော့ချ ပေးထားကြောင်းသိရသည်။
ထို့ပြင်ယခင်က Extra bed (or) extra person တစ်ဦး ကို ကျပ် ၂၅၀၀၀ သတ်မှတ်ထားသော်လည်း လက်ရှိတွင်
တစ်ဦးလျှင် ကျပ် နှစ်သောင်း သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါ ဟိုတယ်သည် ငွေဆောင် -ဆင်မ လမ်းမပေါ်တွင် ရှိပြီး ကမ်းခြေ၏ ဟိုတယ်ဇုန် အပိုင်း၂ တွင် တည်ရှိသလို အိပ်ခန်းပေါင်း ၅၂ ခန်း ရှိကြောင်း သိရသည်။
တသီးတသန့် အေးအေးလူလူ အပန်းဖြေချင်သည့်သူ များအတွက် အကြိုက် တွေ့စေသည့် ဟိုတယ် တစ်ခုလည်းဖြစ်သည်။
At The SEA Hotel
မဟာဗောဓိမြိုင်ဆရာတော် ဘုရား အား ယနေ့နံနက်ပိုင်းက လူတစ်ထောင်ကျော် လာရောက် ဖူးမြှော် ကြည်ညို
Travelling journal
မဟာဗောဓိမြိုင်ဆရာတော် ဘုရား အား ယနေ့ စက်တင် ဘာ ၂၅ ရက် နံနက်ပိုင်းက လူတစ်ထောင်ကျော် လာရောက် ဖူးမြှော် ကြည်ညိုခဲ့ကြောင်း သွားရောက်ဖူးမြှော်ခဲ့သည့် ဦးကျော်ညီညီလတ်က Travelling journal သို့ ပြောသည်။
ယနေ့ နံနက်ပိုင်းက ဆရာတော်ဘုရားအား ရွာခံများသာမက နယ်ပေါင်းစုံ မှ ဘုရားဖူးများမှ လာရောက်ဖူးမြှော်ကြည်ညို ခဲ့ကြောင်း သိရသည်။
မန္တလေး​မြို့မှ လာရောက်ဖူးမြှော်လိုသည့်ဘုရားဖူးများအတွက် ရွှေဘို သို့ နှစ်နာရီခွဲခန့်ကား​မောင်းလာနိုင်ပြီး ရွှေဘို – မြစ်ကြီးနားလမ်းအတိုင်း မောင်းနှင်ပါက မင်းဘိသိက်ခံဘုရား နတ်တလူသာသနာပြုစခန်း အဝင်မုဒ်ဦးမှ တဆင့် ဆရာတော်ဘုရားအားဖူးမြော်ရန် တထောက်နားစခန်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တထောက်နားစခန်းသို့ ရောက်ရှိပါကလူစာရင်း ပေးရမည်ဖြစ်ကာ အခမဲ့ နားနေဆောင်များတွင် တည်းခိုနိုင်သလို ည ၈ နာရီ အချိန်ထိ ထမင်းဟင်း (အခမဲ့) ကျွေးမွေးကြောင်းသိရသည်။ အဆိုပါ
တထောက် နားစခန်းသို့ နောက်ကျမှ ရောက်ပါကနေရာမရဖို့များကြောင်း ဆရာတော်အား သွားရောက်ဖူးမြှော်ခဲ့သူ တစ်ဦးက Travelling journal သို့ ပြောသည်။
ထို့ပြင် ဆရာတော်ဘုရားအား သွားရောက်ဖူးမြှော်လိုကြသည့်ဘုရားဖူးများအတွက် ပြည်တွင်းခရီးသွားလုပ်ကိုင်နေသူတစ်ချို့က အောက်တိုဘာလမှစတင်ပြီး နှစ်ညအိပ် သုံးရက် ခရီးစဥ်များဖြင့် ပို့ဆောင်ပေးရန် စီစဥ်လာကြောင်း သိရသည်။
Photo Kyaw Nyi Nyi Latt
တိုရစ်ဇင် မှီခိုနေရသည့် ဟဲယာရွာမ နှင့် ပတ်ဝန်း ကျင် ကျေးရွာများကို စားနပ်ရိက္ခာနှင့် ကျန်းမာရေး ဆက်စပ်ပစ္စည်းများကိုထောက်ပံ့ ပေးလျက်ရှိနေ​
ဟဲယာရွာမ တွင် နေထိုင်သည့် အင်းသားဒေသခံများကို ရိက္ခာနှင့် ကျန်းမာရေးဆက်စပ်ပစ္စည်းများအား စက်တင်ဘာ ၁၁ ရက်က သွားရောက်ထောက်ပံ့ပေးနေစဥ်
Travelling journal
တိုရစ်ဇင် မှီခိုနေရသည့် ရေပေါ်စျေးရွာဖြစ်သည့် ဟဲယာရွာမ ကျေးရွာအတွင်း နေထိုင်ကြသည့် အင်းသူအင်းသားများ အား စားနပ်ရိက္ခာနှင့် ကျန်းမာရေး ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိနေ​ကြောင်း အင်းလေး
ဟဲယာပန်းပဲ ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။
” လက်ရှိ ကျွန်တော်တို့က တိုရစ်ဇင် ကို မှီခိုရတဲ့ ဟဲယာရွာမ က လူဦးရေ ၆၀၀ ကျော်ကို ရိက္ခာပိုင်းမှာ အဓိက
ဦးစားပေး ထောက်ပံ့ပေးနေပါတယ်။ ကျန်တာကတော့ ကျန်းမာရေး ဆက်စပ်ပစ္စည်းတော်တော်များများကို လွှမ်းခြုံပေးထားနိုင်ပါတယ် “ဟု ၄င်းက ပြောသည်။
လူဦးရေ ၃၁၀၀ ကျော်နေထိုင်ကြသည့် ဟဲယာ ရွာမ မှ အိမ်ခြေအားလုံးအား လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းကို ၃၅ ရာခိုင်နှုန်း ဝန်းကျင်လွှမ်းခြုံထားနိုင်ပြီးကျန်းမာ ရေးဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဟဲယာရွာမ ပတ်ဝန်းကျင် တဝိုက်ရှိ ရွာပေါင်း ၂၀ ကျော်ကိုလည်း ကျန်းမာရေး ဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထား​ကြောင်း သိရသည်။
“ဒီဘက်က ရွာတစ်ချို့က စားဝတ်နေရေး တောင်တော်တော်လေး ခက်ခဲနေတာ။ သူတို့မှာ နောက်ထပ် အခက်အခဲ တွေရှိတယ်။ အဲဒါတွေက ဘာလဲဆိုရင် ကျန်းမာရေးအတွက် ဆေးဝါးတွေ မဝယ်နိုင်ကြဘူး။စားဖို့တောင် အနိုင်နိုင်လေ။ ဒါမို့ ကျွန်တော်တို့ကလည်း အခု ကျန်းမာရေး ဓာတ်စာတွေ ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ဖို့ အလှူရှင် နှစ်ဦး သုံးဦးနဲ့ ပြောဆိုထားပါတယ်”ဟု ၄င်းက ပြောသည်။
တစ်ချိန်က အထင်ကရကျော်ကြားခဲ့သည့် မူလ ဟဲယာရွာမ ရေပေါ်ဈေးရှိခဲ့သည့် ကျေးရွာကြီးဖြစ်ပြီး လက်ရှိ ဟဲယာရွာမသည် အိမ်ခြေ ၁၃၀၀ကျော် ရှိကာ လက်မှု လုပ်ငန်းထွန်းကားသည့် ကျေးရွာကြီး တစ်ရွာလည်းဖြစ်ကြောင်း သိရ သည်။
Photo အင်းလေးဟဲယာပန်းပဲ ပရဟိတအဖွဲ့
ပုဂံဟိုတယ်ဇုန်မှ ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာများမှ ကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရွာရောက် လိုက်လံ ကုသပေးနေ
Travelling journal
မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ကြီးမှူးပြီး ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာများမှ
ကိုဗစ်ဝေဒနာရှင်များကို အိမ်တိုင်ရွာရောက်လိုက်လံကုသပေးနေသည့် အစီအစဥ်ကို အကောင်အထည်ဖော် ပေးနေ ကြောင်း ပုဂံဇုန် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးကြည်က Travelling Journal သို့ ပြောသည်။
အဆိုပါရွေ့လျားကုသရေးပုံစံဖြင့် အိမ်တိုင်းရာရောက်ကုသပေးခြင်းကို စက်တင်ဘာ ၄ ရက်နေ့မှစတင် ခဲ့ပြီး
ပထမဦးဆုံးအနေဖြင့် ပုဂံနှင့်ချောက်မြို့ရှိ ကျေးရွာ/ရပ်ကွက် ၃၅ ခုမှ ကိုဗစ်ရောဂါ ခံစားနေရသည့် လူနာများကို အခမဲ့ ကုသပေးနေကြောင်းသိရသည်။
” ဒီအစီအစဥ်ကိုလုပ်ဖြစ်ရတာလည်း ကျွန်တော်တို့ ပုဂံဒေသရဲ့ပတ်လည်မှာ ကိုဗစ် ဝေဒနာ ရှင်တွေက များလာကြတာတွေ့ရတော့ ကျွန်တော် တို့လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုလက်ရှိမှာ တော့ ကျေးရွာ ၅ ရွာလောက်ကို ကွင်းဆင်းကုသပေးနေပါတယ်။ လူနာရှင်တွေကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ကြည့်ရှု ပေးပါတယ်”ဟု ပုဂံဇုန် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မိုးကြည်က Travelling Journal သို့ ပြောသည်။
MHA(ပုဂံဇုန်)မှ လုပ်ငန်းရှင်များ၊အသင်းချုပ်ဗဟို၏ ပံ့ပိုးပေးမှုများဖြင့် Medical Action Myanmar နှင့် ပူးပေါင်း ဆောင်ရွက်ပေးနေ ပြီး လက်ရှိတွင် ဆရာဝန်တစ်ဦး ၊သူနာပြုတစ်ဦး၊သူနာပြုအကူတစ်ဦးပါဝင်သည့် အဖွဲ့ဖြင့် အိမ်တိုင်ရာရောက် ကုသပေးနေကြောင်း သိရသည်။
ထို့ပြင် ကွင်းဆင်းကုသပေးသည့်လူနာများမှ အောက်စီဂျင် ၉၀ အောက်ရောက်ရှိနေသော လူနာများအတွက် ဆေးထိုးဆေးတိုက်ခြင်းများအပါအဝင် Oxygen Concentratorများကိုပါ တပ်ဆင်ပေးလျက်ရှိကြောင်း အောက်စီဂျင် ၉၀ အထက် ပြန်လည်ရရှိပါက အောက်ဆီဂျင် ဆလင်ဒါအိုးဖြင့်ပြောင်းလဲ တပ်ဆင်ပေးကာ မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ဆရာဝန်များမှ သွားရောက်ကြည့်ရှုဆောင်ရွက်ပေးနေကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွား လုပ်ကိုင်နေသူများအတွက် အောက်ဆီဂျင်အိုးများနှင့် အောက် ဆီဂျင် အရည် များကို အခမဲ့ ဖြန့်ဝေ ပံ့ပိုး ပေးသွားရန် MTF မှ Oxygen Plant စက်ရုံ စတင် တပ်ဆင်
Travelling journal
ပြည်နယ်အလိုက်ရှိသည့် ဟိုတယ်ဇုန်များနှင့် MTF လက် အောက်ရှိ (၁၁ )သင်းမှ Tourism Member များအတွက် အောက်ဆီဂျင်အိုးများနှင့် အောက် ဆီဂျင် အရည် များ ကို အခမဲ့ဖြန့်ဝေ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက Travelling journal သို့ပြောသည်။
“ရန်ကုန်ထဲဆို လိုအပ်ရင် အန်ကယ်တို့ဆီက အိမ်တိုင်ရာ ရောက် လိုက်လံပို့ဆောင်ပေးမယ်။ အောက်ဆီဂျင်အိုးမရှိရင် အိုးလည်းငှားပေးမယ်။ တကယ်လို့ ကိုယ့်အိုးကိုယ်ယူပြီး လာဖြည့်ရင်လည်း အခမဲ့ ဖြည့်ပေးမှာပါ”ဟု ၄င်းက ပြောသည်။
အဆိုပါ Oxygen Plant တပ်ဆင်ခြင်းကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နှင့် အေဝမ်းဆောက်လုပ်ရေးလုပ်ငန်းမှ ပူးပေါင်း တပ်ဆင်ပြီး ဟိုတယ် နှင့်ခရီးသွားနယ်ပယ်အသီးသီးမှ လုပ်ကိုင်နေသူများအတွက် လိုအပ်နေသည့် အောက်ဆီဂျင်များကိုဗိုလ်တထောင် မြို့နယ် အမှတ် ၃ ကုန်သည်လမ်းနှင့် စန္ဒကူးလမ်း ထောင့်( ၃)ရပ်ကွက် ရှိ Oxygen Plant စက်ရုံ တွင် လာရောက် ဖြည့်တင်းနိုင်ကြောင်း သိရသည်။
ယင်း ကဲ့သို့ ဆောင်ရွက် ပေးရခြင်းမှာလည်း Tourism Industry မှ member များအတွက် တဖက်တလမ်းမှ ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ရန်တနေ့လျှင် Full Medical Grade Oxygen အလုံးရေ(၈၀ )အထိ ထုတ်လုပ် ပေးနိုင်သည့် Oxygen Plantကို ယနေ့ သြဂုတ်လ ၃၁ ရက်တွင် စတင် တပ်ဆင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပိတ်ရက်မရှိ နေ့စဥ် မနက် ၉ နာရီ မှ ညနေ ၅ နာရီ ထိ Oxygen ဖြည့်ပေးသွားမည်ဖြစ်ကာ လိုအပ် ချက်ရှိပါက ၁၀ နာရီတကြိမ် ကို တစ်နာရီ အနားပေးပြီး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ဗဟို) လက်အောက်ရှိ ကယားဇုန်၊ ပဲခူးဇုန်၊ ချောင်းသာ၊ ငွေဆောင်ဇုန် များမှ လာရောက် Oxygen ဖြည့်ပေးသွားရန် စီစဥ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာနိုင်ငံခရီးသွားအဖွဲ့ချုပ်မှ သိန်း၂၀၀၀ မတည်ပြီး Covid Clinic ဖွင့်လှစ် ခြင်းကို သြဂုတ်လ ၁၆ ရက်တွင်
ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်​ ကြောင်း သိရသည်။
သိန်း၂၀၀၀ မတည်ပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ကိုင်သူများအတွက် Covid Clinic ဖွင့်လှစ်
Travelling journal
ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိန်း၂၀၀၀ မတည်ပြီး Covid Clinic ကို သြဂုတ်လ ၁၅ ရက်တွင် ဖွင့်လှစ် ခဲ့သည်။
မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်လက်အောက်ရှိအသင်း( ၁၁ )များမှ လှူဒါန်း ပေးသည့် အလှူငွေများနှင့်အလှူရှင်များမှ အလှူငွေများလည်း ပါဝင်ကြောင်း သိရသည်။
“အခုချိန်ကာလကလည်း ခရီးသွားလုပ်ငန်းက ဘာမှလုပ်လို့မရသေးတဲ့အချိန်မှာ အသင်းက ငွေတွေကို အကျိုးရှိရှိ အသုံးပြုချင်တာရယ်၊ ကိုယ့် Tourism Industry နယ်ပယ်က သူတွေအတွက် ကျန်း မာရေးစောင့်ရှောက်မှုကို တစ်ဖတ်တလမ်းကနေ အထောက်အပံ့ဖြစ်စေချင်တဲ့
ရည်ရွယ်ချက်နဲ့ ရန်ကုန်ဟိုတယ် ဇုန် ကနေ အလှူငွေကို လှူဒါန်းပေးခဲ့တာပါ”ဟု ရန်ကုန်ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ ပြောသည်။
အဆိုပါဆေးခန်းကို ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် စန္ဒကူးလမ်း ထောင့်ရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ် တွင် ဖွင့်လှစ် ပေးထား ကြောင်း သိရသည်။ ယင်း ဆေးခန်းတွင် ဆရာဝန်နှစ်ဦး ၊ သူနာပြု နှစ်ဦး ကို ထားရှိပေးထားပြီး တနလာ်နေ့မှ စနေနေ့ထိ မနက်၉နာရီ မှညနေ၅နာရီ ထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်တယ်လီဖုံးဖြင့် မေးမြန်းခြင်းဝန်ဆောင်မှုကိုလည်း ဆွေးနွေး ဖြေကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။
Covid -19 လူနာများအတွက် ကျပ်ငါးသောင်းဖြင့် ညီမျှသည့် တစ်ပတ်စာအစာအာဟာရ ဆေးဝါးများ လှူဒါန်းပေးနေ
Travelling journal
Covid-19 ရောဂါခံစားနေရသည့် လူနာများအတွက် ကျပ်ငါးသောင်းဖြင့် ညီမျှသည့် တစ်ပတ်စာ အစာ အာဟာရ ဆေးဝါးများကို လှူဒါန်းပေးနေကြောင်း
One Week Covid Care Pckage ကို စတင်ခဲ့သည့်
ဦးဆောင်သူ တစ်ဦးဖြစ်သူ ခရီးသွားဘလော့ဂါ
ကိုကျော်စိုးလွင်က Travelling Journal သို့ပြောသည်။
“ဒီနေ့ကနေ စတင်လှူနေပါပြီ ။ တစ်ချို့တစ်ဝက်ကို ပို့ပြီးသွားပြီ ။ စာရင်းပေးထားတာက လူနာ ၁၇၀ ကျော်ရှိပါပြီ” ဟု ၄င်းက Travelling Journal သို့ပြောသည်။
ဆက်သွယ်လာသည့်လူနာများအား Covid ရောဂါလက္ခဏာခံစားရမှု အတည်ပြုခြင်းကို အဖွဲ့မှ ဆရာဝန်များမှ ဆက်သွယ်မေးမြန်းအတည်ပြုပြီးမှ Covid လူနာများကို ထောက်ပံ့လှူဒါန်းပေးခြင်း ဖြစ်ကြောင်းသိရသည်။
ယခု ထောက်ပံ့သည့် တစ်ပတ်စာ အစာ အာဟာရ လက်ဆောင်ပေးခြင်းတွင် အစာအာဟာရ၊ ဆေးဝါး၊ ဖြည့်စွက်စာနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများအပါအဝင်ဆေး အညွှန်းများ၊ ဆုတောင်းစာများ ထည့်သွင်းပေးထားပြီး လူနာတစ်ဦးလျှင် ကျပ် ငါးသောင်း ဖိုးစီ လှူဒါန်းပေးထားကြောင်း သိရသည်။
Covid လူနာများမှ အကူအညီ တောင်းခံလာမှု များပြားလာသည့်အတွက် အဆိုပါ One Week Covid Care Pckageကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။လက်ရှိတွင် ကနဦးအနေဖြင့် ရန်ကုန်အတွင်း
Covid လူနာများအတွက် ရည်ရွယ်ထားသော်လည်း အလှူငွေများ ဆက်လက်ရရှိပါက နယ်မြို့များအတွက် ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Photo Kyaw Soe Lwin