အစိမ်းရောင်ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေ

Travelling Journal

ကျေးလက်သဘာဝ ဆန်ဆန် အစိမ်းရောင် ရှုခင်းများဖြင့် ဆွဲဆောင်မှုရှိနေသော ဘားအံမြို့က ကော့မရမ်းရွာသို့ Photo Trip ပုံစံမျိုးဖြင့် ခရီးသွားများအကြား ရေပန်းစားလာနေပြီး သွားရောက် လည်ပတ်မှုများနေ​ကြောင်း သိရသည်။

ဘားအံမြို့သည် မိုးရာသီကာလတွင် စိမ်းစိုနေသည့်စပါးခင်းများနှင့် လှပနေသော ကြောင့် ယခုကာလ၌ ဧည့်သည်များမှာ ဘားအံသို့သွားရောက်လည်ပတ်မှုများပြားခြင်းဖြစ်ကြောင်းသိရသည်။

ခရီးသွားများလာရောက်လည်ပတ်ပါက စိတ်ကျေနပ်မှုရရှိစေရန် ဒေသခံခရီးသွားဝန်ဆောင်မှုပေးနေသူများကလည်း Mobile Phone Photo Services များကိုပါ ထည့်သွင်းပေးလာကြောင်း အဆိုပါ ဝန်ဆောင်မှုလုပ်ကိုင်နေသည့် ဒေသခံဧည့်လမ်းညွန်တစ်ဦး က Travelling သို့ ပြောသည်။

Green Season ကာလတွင် ဘားအံမြို့သို့ ပြည်တွင်းခရီးသွားဧည့်သည်များသွားရောက်လည်ပတ်ရန် ဆွဲဆောင်လာနေပြီး လက်ရှိကာလများတွင် ပြည်တွင်းခရီးသွားဧည့်သည်ကိုသာ အဓိက ဆွဲဆောင်နေရကြောင်း ကရင်ပြည်နယ်ဟိုတယ်ခရီးတာဝန်ခံက Travelling သို့ ပြောသည်။

ယခင်က ဘားအံ မြို့သို့ ခရီးသွားအများစုသွားရောက်ရာတွင် Sightseeing ကိုသာ အဓိ က ထားခဲ့သော်လည်း လက်ရှိတွင် သမာရိုးကျလမ်းကြောင်းများမှ ခွဲထွက်ပြီး Mini Photo Trip ပုံစံများဖြင့် ခရီးသွားဧည့်သည်များကို ဆွဲဆောင်ကာ ဝန်ဆောင်မှု ပေးနေကြောင်း ဒေသခံ တစ်ဦးက Travelling သို့ပြောသည်။

လက်ရှိ ကာလတွင် ဘားအံမြို့၏ Photo Point
များအဖြစ် ခရီးသွား ဧည့်သည် များ အကြား ပေါ်ပြူလာ ဖြစ်လာသည့်နေရာများမှာ ကော့မရမ်းရွာ၊ ထွန့်ပတိုင်၊ လှိုင်ကားကျေးရွာရှိ လှိုင်ကား​ ရေတံခွန် နှင့် ကော့နန်းသာရွာ Photo Point များသို့ ခရီးသွားများ အဓိက သွားရောက်လည်ပတ်နေကြောင်းသိရသည်။

ထို့ပြင် ကော့မရမ်းရွာ သည် အရှေ့တောင်အာရှနိုင်ငံများက ပေးအပ်သည့် Sustainable Tourism Award (2022 )ဆု ရရှိခဲ့ သည့် ကျေးရွာ တစ်ခု ဖြစ်ကြောင်း သိရသည်။

ပုံ/စာ – ကော့မရမ်းကျေးရွာသို့ သွားရောက်လည်ပတ်နေကြသည့် ပြည်တွင်းခရီးသွားတစ်ချို့ကို တွေ့ရစဥ်။
Photo Thura Oo

ထိုင်းဗီဇာ ဝန်ဆောင်မှု လုပ်ကိုင်ရန် မြန်မာကုမ္ပဏီ (၂၃) ခုကို ထိုင်းသံရုံးရွေးချယ်

Travelling Journal

ထိုင်း ဗီဇာဝန်ဆောင်မှု လုပ်ကိုင်ရန်အတွက်
ရန်ကုန် အ​​ခြေစိုက် မြန်မာခရီးသွားကုမ္ပဏီ(၂၃) ခုကို ထိုင်းသံရုံးက ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရွေးချယ်ခံထားရသည့်ကုမ္ပဏီ(၂၃) ခုမှ တာဝန် ခံပြီး ထိုင်းဗီဇာလျှောက်ထားခွင့်ကိုရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က ထိုင်းဗီဇာရရှိမှုကို လူကိုယ်တိုင်သံရုံးသို့သွားရောက်လျှောက်ထားရသော်လည်း
ဩဂုတ်လ ၂ ရက်မှ စတင်ပြီး ထိုင်းသံရုံးက ရွေးချယ်ထားသည့် ခရီးသွား လာရေးကုမ္ပဏီများမှတဆင့်ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း သိရသည်။

“မြန်မာကုမ္ပဏီပေါင်း ၄၀၀ ကျော် လျှောက်ခဲ့ပါတယ်။ အဲဒီထဲကနေ အစ်မတို့အပါအဝင် ကုမ္ပဏီ၂၃ ခုကို ရွေးချယ်ခဲ့ပါတယ် ။ ကျွန်မ တို့ဆီဆက်သွယ်လိုက်တာနဲ့ ကုမ္ပဏီကနေ အစအဆုံး ဗီဇာရတဲ့အထိဆောင်ရွက်ပေးပါတယ်။ အထူးသဖြင့်နယ်က ဗီဇာလုပ်ချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေသွားတယ်။
လူကိုယ်တိုင်မလာရပဲ စာရွက် စာတမ်းပို့ပေးရုံနဲ့ရပါတယ်။ တချို့က မြဝတီကနေ သွားချင်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ် “လို့ ဗီဇာဝန်ဆောင်မှု ရရှိတဲ့ Tango Travel &Tour မှ တာဝန် ရှိသူက Travelling သို့ ပြောသည်။

မိမိလျှောက်ထားလိုသည့် ဗီဇာကြေးပေါ်မူတည်ပြီး ၃၅ ဒေါ်လာမှ ဒေါ်လာ ၂၀၀၀ ထိ ရှိကြောင်းသိရသည်။

“အစ်မတို့ တင်ပေးပြီး အစ်မတို့ပဲ သံရုံးမှာ ပြန်ယူပေးရတာပါ။Visa fees က တော့ Tourist visa ဆိုရင် USD 40 ပါ ။ကိုယ်တိုင်သွားဖို့ အခက်အခဲ ရှိတဲ့ ခရီးသည်တွေ အစ်မတို့ဆီက တဆင့် တင်မယ်ဆိုရင် လူလိုက်စရာ မလိုဘူး ပေါ့နော် ။ တကယ်လို့ ခရီးသည်က ကိုယ်တိုင်တင်ချင်ရင်လည်း တင်လို့ရပါတယ်။ မနက် ၈ နာရီ တန်းစီပြီး ဝင်ရတယ်။ နောက်နေ့ Passport ကိုယ်တိုင် ပြန်ယူရတယ်။ အမတို့ဆီဆိုရင်တော့ အဲဒါတွေ လုပ်စရာ မလိုပါဘူး “ဟု Htoo Travels မှ တာဝန်ရှိသူ က Travelling သို့ပြောသည် ။