ချောင်းသာကမ်းခြေ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခု ဖော်ဆောင်

Travelling Journal

ပြည်တွင်းခရီးသွား အများဆုံး သွားရောက်လည်ပတ်ကြသည့် ချောင်းသာကမ်းခြေတွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်မည့် နေရာအသစ်တစ်ခုကို ဖော်ဆောင်နေကြောင်း သိရသည် ။

ချောင်းသာကမ်းခြေမှ ကျောက်မောင်နှမ ဘက်ခြမ်းသို့ သွားရောက်သည့် လမ်းမဘေး၌ ပင်လယ်ကမ်းခြေကို ​နောက်ခံထားပြီး We Love ChaungTha စာသားပါသည့် ဆိုင်းဘုတ်ကို တပ်ဆင်သွားမည်ဖြစ်​ကြောင်းဟိုတယ် နှင့် ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန (ချောင်းသာ) မှ တာဝန်ရှိသူ က Travelling သို့ ပြောသည် ။

” New ChaungTha က မတည်ပြီး ကျန်တဲ့ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အလှူရှင်တွေစုပေါင်းပြီး အခုလိုဓာတ်ပုံရိုက်ကူးနိုင်မဲ့နေရာတစ်ခုကို ဖော်ဆောင်တာပါ။ ဒီလထဲတော့ စ လုပ်နေပါပြီ။ ၈ လပိုင်းမကုန်ခင်ပြီးဖို့ကြိုးစားနေပါတယ် “ဟု ချောင်းသာဟိုတယ်နှင့်ခရီးသွားညွန်ကြားမှူဦးစီးဌာနက တာဝန်ရှိသူ က Travelling သို့ပြောသည်။

ပြည်တွင်းခရီးသွားများသွားရောက်လည်ပတ်ကြသည့် နေရာအများစုတွင် ဒေသနာမည်များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးနိုင်သည့်နေရာများကို ဖော်ဆောင်ထား​​ကြောင်းသိရသည်။

လက်ရှိတွင် ချောင်းသာကမ်းခြေကို အမှီပြုပြီး ဟိုတယ် အလုံး ၄၀ ကျော်နှင့် နှင့် တည်ခိုခန်း ၅၉ လုံးရှိကြောင်း သိရသည်။

ပုံစာ – တည်ဆောက်သွားမည့်ပုံကြမ်းကိုတွေ့ရစဥ်။