တောင်ချွန်း စားသောက်ဆိုင် (၁၀) နှစ်ပြည့်အထိမ်း အ မှတ်တိုင်းရင်းသားရိုးရာ ဟင်းချက်ပြိုင်ပွဲကို ကျင်းပခဲ့

Travelling journal

ရှမ်းပြည်နယ် တောင် ကြီးမြို့ပေါ်ရှိ တောင်ချွန်း စားသောက်ဆိုင် ၏ (၁၀)နှစ်ပြည့် အထိမ်း အမှတ်အမှတ် တရ အနေဖြင့် တိုင်းရင်းသားရိုးရာ ဟင်းချက်ပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်နေ့က ကျင်းပခဲ့သည်။

အင်းသား ၊ရှမ်း၊ ဓနု ၊ပလောင် ၊ပအို့ဝ် ၊ တောင်ရိုး စသည့်တိုင်းရင်းသား တို့၏ ရိုးရာ ဟင်းချက်ပြိုင်ပွဲကို ကျင်းပ
ပေးခဲ့ရာ ပြိုင်ပွဲတစ်ဖွဲ့လျင် လူ လေးဦး ပါဝင် ယှဥ်ပြိုင်ခဲ့ကြောင်းသိရသည်။ ဆုကြေးများအနေဖြင့် ပထမဆု နှစ်သိန်း ဒုတိယဆု တစ် သိန်းခွဲ နှင့် တတိယဆု ကို ကျပ် တစ်သိန်း ချီးမြှင့်ခဲ့ပြီး ဟင်းချက်ပြိုင်ပွဲတွင် အသုံးပြု
သည့် အစား အသောက် ကုန်ကျငွေများကိုလည်း ပံ့ပိုးပေးခဲ့သလို လမ်းခရီးစရိတ်များကိုလည်း ပံ့ပိုးကူညီပေးခဲ့ကြောင်း တောင်ချွန်းစားသောက်ဆိုင် ပိုင်ရှင် ကိုမျိုးမင်းဇော်က Travelling Journal သို့ ပြောသည်။

“ကျွန်တော် တို့ ဒီပြိုင်ပွဲမကျင်းပမီ ကြိုတင်ဖိတ်ခေါ်ပါတယ်။ အဓိက က စားသောက်ဆိုင် နယ်ပယ်က လူတွေ
မပါပါဘူး။ တိုင်းရင်းသားထဲက ကိုယ့်ရိုးရာ ဓ​လေ့ ဟင်းကို ပဲ ချက်ပြုတ် ပြိုင်ရတာဖြစ်ပါတယ်။ ရိုးရာ ဓလေ့အတိုင်း ပဲ ပါဝင်ယှဥ်ပြိုင်ခိုင်းပါတယ်။ တိုင်းရင်းသား တွေရဲ့ရိုးရာအစားအစာတွေကို လူအများ ပိုပြီး သိစေချင်လို့ပါ။ ပြီးတော့ တိုက်ဆိုင်စွာနဲ့ တောင်ချွန်းဆိုင်( ၁၀)နှစ်ပြည့်နဲ့ ကျွန်တော် အမျိုးသမီး မွေးနေ့ ကလည်း တစ်နေ့တည်း ကျရောက်တဲ့အထိမ်းအမှတ်လည်း ဖြစ်သွားတာမို့ အခုလို အမှတ်တရ အနေနဲ့ ကျင်းပခဲ့တာပါ “ဟု တောင်ချွန်းစားသောက်ဆိုင် ပိုင်ရှင် ကို မျိုးမင်းဇော်က Travelling Journal သို့ ပြောသည်။

Photo Thuzar FB

မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ်မည်

၂၀၂၀ ခုနှစ်က မြန်မာ့ခရီးသွားဘဏ်၏စတုတ္ထမြောက် ဖွင့်လှစ် ခဲ့သည့် မြ၀တီဘဏ် ခွဲဖွင့်လှစ် မှုပုံရိပ်တစ်ချို့ကို တွေ့ရစဥ်။

#Travelling Journal

မန္တလေးတိုင်းဒေသကြီး တွင် မြန်မာ့ခရီးသွားဘဏ် ခွဲ နှစ်ခုကို မကြာခင် ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

မြန်မာ့ခရီးသွားဘဏ် (MTB Bank) ၏ ဘဏ်ခွဲအဖြစ် (စျေးချိုဘဏ်ခွဲ) နှင့် (မနော်ဟရီဘဏ်ခွဲ) တို့ကို ဇူလိုင် လကုန် ပိုင်း လောက်တွင် ဖွင့်လှစ် ရန်စီစဥ် ထားပြီးဖြစ်ကြောင်း သိရသည်။


“အရင်က ဘဏ်ခွဲ (၁၀ )ခုဖွင့်ပြီးပါပြီ။ အခုဘဏ်ခွဲဖွင့်ဖို့အတွက်လည်း စစ်ဆေးမှုတွေ လုပ်ပြီးပါပြီ “ဟုအဆိုပါ ဘဏ်၏ တာဝန် ရှိသူတစ်ဦးက Travelling Journal သို့ ​ပြောသည်။

မန္တလေး ဘဏ်ခွဲ နှစ် ခု ပါမည်ဆိုပါက လက်ရှိတွင် မြန်မာ့ခရီးသွားဘဏ် ဘဏ်​ခွဲ​ပေါင်း ၁၂ ခုကို ဖွင့်လှစ် ထားနိုင်ပြီး ဖြစ်ကြောင်း သိရသည်။