မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်းခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်မည်

#TravellingJournal

ပူတာအို ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး မလိခမြစ်ကြောင်းတစ်လျောက် အပျော်စီး ခရီးစဥ် ပထမဆုံး စတင် ဖော်ဆောင်တော့မည်ဖြစ်ကြောင်း ဒေသခံခန္တီးရှမ်းတိုင်းရင်းသား တစ်ဦးက Travelling Journal သို့ ပြောကြားသည်။

အဆိုပါ အစီအစဥ်ကို ရှမ်းကျေးရွာတစ်ခု ဖြစ်သည့်မုဒုံ ရွာမှ တဆင့် ကောင်းမှုလုံ ဘုရားထိ မြစ်ကြောင်း တစ်လျောက်ကို စီးရန် စီစဥ်ထားခြင်း ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် ပူတာအို ရေခဲတောင်ဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနားအခြေစိုက် ခရီးသွားကုမ္မဏီ
တစ်ခု ဖြစ်သည့် နွေဦးခရီးသွားကုမ္ပဏီ နှင့် ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတို့က ပူးပေါင်း ဖော်ဆောင် ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ရဲ့ ပူတာအို ဒေသ ဟာ ခရီးသွား လုပ်ငန်းကို အင်မတန်လုပ်ကိုင်လို့ရတဲ့ ဒေသတစ်ခုပါ။ ပူတာအို ကို လာလည်တဲ့ ခရီးသွားတွေ ရက်ကြာကြာနေနိုင်အောင် Activity တွေ လုပ်လို့ရအောင် အခု မလိခမြစ်ကြောင်းတစ်လျောက် ဖောင်စီးတာပေါ့နော်။ ဖောင်တော့မဟုတ်ဘူးပေါ့ ။ သစ်ထွင်းလှေ နဲ့ မြစ်တွင်းတစ်လျောက် လှပတဲ့ မြင်ကွင်းတွေကို ကြည့်ရှု့ခံစားမယ်။ တိုင်းရင်းသား တွေရဲ့ လူနေမှု ဘဝတွေကို လေ့လာနိုင်မယ်။ အဲလို လုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ ဒီဘက်ဒေသက လူတွေရဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ ကို ဖော်ဆောင် ပေးချင်လို့ ရည်ရွယ်ပါတယ် “ဟု ဒေသခံခန္တီးရှမ်း တိုင်းရင်းသားတစ်ဦးက Travelling journal သို့ ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်းက ဖုန်ကန်ရာဇီ ရေခဲတောင်တက်ရောက်ခဲ့သည့်ခရီးသွားတစ်ချို့က မလိခမြစ်ကြောင်း တစ်လျောက် မြစ်တွင်း လှေစီးခြင်း ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက လည်း ပူတာအို ဒေသ မလိခမြစ်ကြောင်းတစ်လျောက် မြစ်တွင်း လေ့လာရေးကို သွားရောက် ရန် စီစဥ် ထားကြောင်းသိရသည်။

#ZawgyiVersion

ပူတာအို ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ရည္႐ြယ္ၿပီး မလိချမစ္ေၾကာင္းတစ္ေလ်ာက္ အေပ်ာ္စီး ခရီးစဥ္ ပထမဆုံး စတင္ ေဖာ္ေဆာင္ေတာ့မည္ျဖစ္ေၾကာင္း ေဒသခံခႏၱီးရွမ္းတိုင္းရင္းသား တစ္ဦးက Travelling Journal သို႔ ေျပာၾကားသည္။

အဆိုပါ အစီအစဥ္ကို ရွမ္းေက်း႐ြာတစ္ခု ျဖစ္သည့္မုဒုံ ႐ြာမွ တဆင့္ ေကာင္းမႈလုံ ဘုရားထိ ျမစ္ေၾကာင္း တစ္ေလ်ာက္ကို စီးရန္ စီစဥ္ထားျခင္း ျဖစ္ ေၾကာင္းသိရသည္။

လက္ရွိတြင္ ပူတာအို ေရခဲေတာင္ေဒသ ခရီးသြားဖြံ႕ၿဖိဳးေရးအတြက္ ျမစ္ႀကီးနားအေျခစိုက္ ခရီးသြားကုမၼဏီ
တစ္ခု ျဖစ္သည့္ ႏြေဦးခရီးသြားကုမၸဏီ ႏွင့္ ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတို႔က ပူးေပါင္း ေဖာ္ေဆာင္ ျခင္းျဖစ္ေၾကာင္းသိရသည္။

“ကြၽန္ေတာ္တို႔ရဲ႕ ပူတာအို ေဒသ ဟာ ခရီးသြား လုပ္ငန္းကို အင္မတန္လုပ္ကိုင္လို႔ရတဲ့ ေဒသတစ္ခုပါ။ ပူတာအို ကို လာလည္တဲ့ ခရီးသြားေတြ ရက္ၾကာၾကာေနနိုင္ေအာင္ Activity ေတြ လုပ္လို႔ရေအာင္ အခု မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ေဖာင္စီးတာေပါ့ေနာ္။ ေဖာင္ေတာ့မဟုတ္ဘူးေပါ့ ။ သစ္ထြင္းေလွ နဲ႕ ျမစ္တြင္းတစ္ေလ်ာက္ လွပတဲ့ ျမင္ကြင္းေတြကို ၾကည့္ရႈ႕ခံစားမယ္။ တိုင္းရင္းသား ေတြရဲ႕ လူေနမႈ ဘဝေတြကို ေလ့လာနိုင္မယ္။ အဲလို လုပ္ဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးစားတယ္။ ဒီဘက္ေဒသက လူေတြရဲ႕ အလုပ္အကိုင္အခြင့္အလန္းေတြ ကို ေဖာ္ေဆာင္ ေပးခ်င္လို႔ ရည္႐ြယ္ပါတယ္ “ဟု ေဒသခံခႏၱီးရွမ္း တိုင္းရင္းသားတစ္ဦးက Travelling journal သို႔ ေျပာသည္။

ၿပီးခဲ့သည့္ ရက္ပိုင္းတြင္းက ဖုန္ကန္ရာဇီ ေရခဲေတာင္
တက္ေရာက္ခဲ့သည့္ခရီးသြားတစ္ခ်ိဳ႕က မလိချမစ္ေၾကာင္း တစ္ေလ်ာက္ ျမစ္တြင္း ေလွစီးျခင္း ကို ေဆာင္႐ြက္ခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ျမန္မာနိုင္ငံ ခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ႏွင့္ ျမန္မာနိုင္ငံ ဟိုတယ္ဆိုင္ရာလုပ္ငန္းရွင္မ်ားအသင္းမွ တာဝန္ရွိသူ တစ္ဦးက လည္း ပူတာအို ေဒသ မလိချမစ္ေၾကာင္းတစ္ေလ်ာက္ ျမစ္တြင္း ေလ့လာေရးကို သြားေရာက္ ရန္ စီစဥ္ ထားေၾကာင္းသိရသည္။

မြန်မာနိုင်ငံ ၌ ပထမဆုံးဖြစ်လာမည့် Horse Museum နှင့် ကောင်းဘွိုင် ရွာ ကို မန္တလေး ရွှေမြို့တော်တွင် တည်ထောင်မည်

#TravellingJournal

မြန်မာနိုင်ငံ ၌ ပထမဆုံးဖြစ်လာမည့် Horse Museum ကို မန္တလေး ရွှေမြို့တော်တွင် ဖွင့်လှစ် သွားရန် စီစဥ်နေ ပြီ ဖြစ် ကြောင်း တာဝန် ယူ ဆောင်ရွက်ပေးနေသည့် Inle Horse တည်ထောင်သူ ဦး ရေအေး က Travelling journal သို့ ပြောသည်။

အဆိုပါ မြင်း ပြတိုက် ကို မန္တလေး- ပြင်ဦးလွင် ၆ မိုင် အနီးရှိ ဧ က ၂၀ တွင် အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ လက်ရှိတွင် ပထမဦးဆုံး အနေဖြင့် မြင်းစီး ကွင်း ကို စတင် အကောင် အထည်ဖော် နေပြီ ဖြစ်ကြောင်း သိရသည်။

မန္တလေး မြို့၌ ဖော်ဆောင်မည့် Horse Museum နှင့် ကောင်းဘွိုင် ရွာ ကို Yangony Waterboom ၊Mandalay Waterboom ကို ဖော်ဆောင်သည့် UMG အုပ်စု မှ အကောင် အထည် ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော် စိတ်ကူးက မြင်းစီးကွင်းတွေ ၊ ကောင်းဘွိုင်ရွာ တွေ လုပ်ချင်တာ။ဒါပေမယ့် Investment မနိုင်ဘူး ။ ညောင်ရွေ က မြင်းစီးကွင်းကို မြင်း ခဏ ခဏ လာလာစီးတဲ့ အမ ကို ကျွန်တော့် စိတ်ကူးတွေ ကို ပြောပြတော့ သူကလည်း အဲဒါကို သဘောကျပြီး အကောင် အထည် ဖော်ခိုင်းလို့ အ ခု စပြီး လုပ်နေပါပြီ”ဟု ဦး ရေအေး က Travelling journal သို့ ပြောသည်။

မြင်းပြတိုက် တွင် ရှမ်းပြည် ၌ သေဆုံးခဲ့ သည့် မြင်းလေးကောင် အနက်မှ စိန်မိုးကြီးဟု ခေါ်သည့် မြင်း၏ အရိုးစုကို ကောက်ယူ ထားပြီး ယင်းအရိုးများဖြင့် ရုပ်ထု ထုလုပ်မည် ဖြစ်သလို မြင်းများ၏ သမိုင်းကြောင်းများ နှင့် ပေါ်ပေါက်လာ သည့် ခုနှစ်များ၊ မြန်မာနိုင်ငံတွင် လက်ရှိ ရှိနေသည့် မြင်းအမျိုးအစားများကိုပါ ထည့်သွင်း ‘ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယင်း ဧက အတွင်း တွင် ကောင်းဘွိုင်ရွာ ကို ဖန်တီးပြီး ကောင်းဘွိုင် အိမ်များ ဆောက်လုပ်မည် ဖြစ်သလို သေနတ်အတုများပါ ထားရှိမည် ဖြစ်ကာ အမေရိကန်နိုင်ငံ Texas မြို့က ကောင်းဘွိုင်ရွာ ကို ရောက်သည့် ခံစားမှုမျိုး ရရှိအောင် ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။


နောက်ပိုင်းကာလများတွင် မြန်မာ့ရိုးရာမြင်းစီးသရုပ်ပြပွဲများကို ထည့်သွင်းသွားရန် စီစဥ်ထားပြီး မြင်းထိန်းကလပ်များပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#ZawgyiVersion

​ြမန္မာနိုင္ငံ ၌ ပထမဆုံးျဖစ္လာမည့္ Horse Museum ကို မႏၱေလး ေ႐ႊၿမိဳ႕ေတာ္တြင္ ဖြင့္လွစ္ သြားရန္ စီစဥ္
ေန ၿပီ ျဖစ္ ေၾကာင္း တာဝန္ ယူ ေဆာင္႐ြက္ေပးေနသည့္Inle Horse တည္ေထာင္သူ ဦး ေရေအး က Travelling journal သို႔ ေျပာသည္။

အဆိုပါ ျမင္း ျပတိုက္ ကို မႏၱေလး- ျပင္ဦးလြင္ ၆ မိုင္ အနီးရွိ ဧ က ၂၀ တြင္ အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။ လက္ရွိတြင္ ပထမဦးဆုံး အေနျဖင့္ ျမင္းစီး ကြင္း ကို စတင္ အေကာင္ အထည္ေဖာ္ ေနၿပီ ျဖစ္ေၾကာင္း သိရသည္။

မႏၱေလး ၿမိဳ႕၌ ေဖာ္ေဆာင္မည့္ Horse Museum ႏွင့္ ေကာင္းဘြိုင္ ႐ြာ ကို Yangony Waterboom ၊
Mandalay Waterboom ကို ေဖာ္ေဆာင္သည့္ UMG အုပ္စု မွ အေကာင္ အထည္ ေဖာ္ေဆာင္႐ြက္ ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္ စိတ္ကူးက ျမင္းစီးကြင္းေတြ ၊ ေကာင္းဘြိုင္႐ြာ ေတြ လုပ္ခ်င္တာ။ဒါေပမယ့္ Investment မနိုင္ဘူး ။ ေညာင္ေ႐ြ က ျမင္းစီးကြင္းကို ျမင္း ခဏ ခဏ လာလာစီးတဲ့ အမ ကို ကြၽန္ေတာ့္ စိတ္ကူးေတြ ကို ေျပာျပေတာ့ သူကလည္း အဲဒါကို သေဘာက်ၿပီး အေကာင္ အထည္ ေဖာ္ခိုင္းလို႔ အ ခု စၿပီး လုပ္ေနပါၿပီ”ဟု ဦး ေရေအး က Travelling journal သို႔ ေျပာသည္။

မြင္းျပတိုက္ တြင္ ရွမ္းျပည္ ၌ ေသဆုံးခဲ့ သည့္ ျမင္းေလးေကာင္ အနက္မွ စိန္မိုးႀကီးဟု ေခၚသည့္ ျမင္း၏ အရိုးစုကို ေကာက္ယူ ထားၿပီး ယင္းအရိုးမ်ားျဖင့္ ႐ုပ္ထု ထုလုပ္မည္ ျဖစ္သလို ျမင္းမ်ား၏ သမိုင္းေၾကာင္းမ်ား ႏွင့္ ေပၚေပါက္လာ သည့္ ခုႏွစ္မ်ား၊ ျမန္မာနိုင္ငံတြင္ လက္ရွိ ရွိေနသည့္ ျမင္းအမ်ိဳးအစားမ်ားကိုပါ ထည့္သြင္း ျပသသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ထို႔အျပင္ ယင္း ဧက အတြင္း တြင္ ေကာင္းဘြိုင္႐ြာ ကို ဖန္တီးၿပီး ေကာင္းဘြိုင္ အိမ္မ်ား ေဆာက္လုပ္မည္ ျဖစ္သလို ေသနတ္အတုမ်ားပါ ထားရွိမည္ ျဖစ္ကာ အေမရိကန္နိုင္ငံ Texas ၿမိဳ႕က ေကာင္းဘြိုင္႐ြာ ကို ေရာက္
သည့္ ခံစားမႈမ်ိဳး ရရွိေအာင္ ဖန္တီးသြားမည္ျဖစ္ေၾကာင္း သိရသည္။


ေနာက္ပိုင္းကာလမ်ားတြင္ ျမန္မာ့ရိုးရာျမင္းစီးသ႐ုပ္ျပပြဲမ်ားကို ထည့္သြင္းသြားရန္ စီစဥ္ထားၿပီး ျမင္းထိန္းကလပ္မ်ားပါ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။