ကွန်တိန်နာ အလုံး (၆၀) ပေါ်တွင် စက်ပစ္စည်းများကို တင်ဆောင်လာသည့် နိုင်ငံတကာ ရထားတွဲ မန္တလေး မြို့သို့ ရောက် ရှိမည်

#Travelling Journal

တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-

လင်ချန်း-မြန်မာ) နိုင်ငံတကာ ရထားတွဲ မှာ ၁၅ ရက်

အကြာတွင် မန္တလေးမြို့သို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့တွင် ချုံချင့်မြို့ ကော်ယွမ်ဆိပ်ကမ်း ယွီကြွေဘူတာမှ စတင်ထွက်ခွာလာခဲ့ပြီး တရုတ်-မြန်မာလမ်းကြောင်းသစ် (ချုံချင့်-လင်ချန်း-မြန်မာ) စတင်လည်ပတ်ခြင်းအတွက် ရည်ရွယ်ပြီး အဆိုပါ ရထားပေါ်တွင် စံချိန်မီကွန်တိန်နာပေါင်း အလုံး ၆၀ နှင့်အတူ စက်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ ကားနှင့်ဆိုင်ကယ် အပိုပစ္စည်းများကို သယ်ဆောင်လာသည်။

စတင်ထွက်ခွာလာသည့် ရက်မှ စပြီး ၁၅ရက်အတွင်း မန္တလေးမြို့ကို ဆိုက်ရောက်လာမည့် အဆိုပါ ရထားသည် တရုတ်နိုင််ငံ ချုံချင့် နှင့် မြန်မာ နိုင်ငံအကြား ကုန်စည်ပို့ဆောင်မှုကြာမြင့်ချိန်ကို ယခင်ထက် ရက်ပေါင်း (၂၀ )မြန်ဆန်စေမည်ဟု တရုတ်သံရုံး၏

ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#News Brief

#Travelling journal

#PhotoChineseEmbassyInMyanmar

ဇွန်လ ၂၄ ရက်မွန်းတည့်ချိန်တွင် ဖြစ်ပေါ်သည့် နေထီးဆောင်းမှုဖြစ်စဥ်ကို ပုဂံမှတွေ့မြင်ရသည့်မှတ်တမ်းဓာတ်ပုံ

ပုဂံရှေးဟောင်းယဥ်ကျေးမှု နယ်မြေ မှ မြင်တွေ့ရသည့် နေထီးဆောင်းမှုဖြစ်စဉ်ကို ဇွန်လ၂၄ ရက် မွန်းတည့် ၁၂နာရီ ဝန်းကျင်ခန့်က မြင်တွေ့ ခဲ့ရသည်။ ယနေ့သည် နယုန်လပြည့် မဟာသမယအခါတော်နေ့ ကျရောက်သည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည်။

Photo Ko Gyi kyaw

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး ၂၇ နှစ် အကြာ ကမ်းခြေဟိုတယ် ၂၅ လုံး မီးရရှိ

#Travelling journal

ချောင်းသာ ကမ်းခြေ တည်ထောင်ပြီး၂၇ နှစ် အကြာတွင် ကမ်းခြေဟိုတယ် ၂၅ လုံး လျှပ်စစ်မီးရရှိခဲ့ကြောင်း ချောင်းသာမီးရရှိရေး ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်း က Travelling journal သို့ ပြောသည်။

ချောင်းသာ ကမ်းခြေစတင်အကောင်အထည်ဖော်ခဲ့သည့် ၁၉၉၄ ခုနှစ်မှ ၂၇နှစ် တိုင် တိုင် လျှပ်စစ်မီးမရရှိဘဲ
သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများနှင့်ချောင်းသာ ဟိုတယ်ဇုန်မှပူးပေါင်း ကြိုးစားခဲ့ခြင်းကြောင့်ယခုလအတွင်း မီးရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ကမ်းခြေ အခြေစိုက် ဟိုတယ်များ လျှပ်စစ်မီးရရှိလာသဖြင့် လာရောက်လည်ပတ်သော ဧည့်သည်များကို ၂၄ နာရီဝန်ဆောင်မှုပေးနိုင်မည်ဖြစ်သလို လုပ်ငန်းရှင်များအတွက် ထိန်းသိမ်းကုန်ကျစရိတ် သက်သာ လာတော့မည်ဟု လုပ်ငန်းရှင် ဦးမောင်မောင်ထွေး ကပြောသည်။

အဆိုပါ 11 KVA ဓာတ်အားလိုင်းကို ဟိုတယ် ဇုန်မှကိုယ်ထူ ကိုယ်ထ ဟိုတယ် အထိ ဓာတ်အားကြိုးသွယ်တန်း ကာ ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ယင်းကုန်ကျစရိတ်များကို ဟိုတယ်လုပ်ငန်းရှင်များက အချိုးကျစိုက်ခံ ကုန်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Photo ချောင်းသာ ကမ်းခြေ အခြေစိုက်ဟိုတယ်တစ်ခုကို တွေ့ရစဥ်။

Global Tourism Awards က ချီးမြှင့်သည့် အကောင်းဆုံး ကမ်းခြေ ဟိုတယ် ဆု ကို ငွေဆောင်ကမ်းခြေ မှ ဟိုတယ်နှစ်လုံး ရရှိ

#Travelling journal

နှစ်စဥ် နှစ်တိုင်း Global Tourism Awards က ချီးမြှင့်သည့် ဆုများတွင် ယခုနှစ်အတွက် အကောင်းဆုံး ကမ်းခြေ ဟိုတယ် ဆု ကို မြန်မာ နိုင်ငံ ငွေဆောင်ကမ်း ခြေ မှ ဟိုတယ် နှစ်လုံး ဆု ရရှိ ​ခဲ့ကြောင်း သိသည်။

ယခုနှစ် အတွက် အကောင်းဆုံး ကမ်းခြေဟိုတယ်ဆုအဖြစ် “Best Beach Front Resort in Myanmar “ဆုကို Eskala Hotels and Resorts ဟိုတယ်က ရရှိခဲ့ပြီးK Resort Ngwe Saung ဟိုတယ်သည် ” The best beach front Resort in Pathein ” ဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ငွေဆောင်ကမ်းခြေ သည် မြန်မာနိုင်ငံ၏ ကမ်းခြေများအနက် အကောင်းဆုံး ကမ်းခြေဟုလည်း ဆိုနိုင်ပြီး Green Ngwesaung ဆုကို ရရှိထားသည့် ကမ်းခြေတစ်ခု ဖြစ်သလို နိုင်ငံခြားသားခရီးသွားစျေးကွက်
ဝေစု ကို ရရှိ ပိုင်ဆိုင်ထားသည့် ကမ်းခြေဖြစ်သည်။

Photo Eskala Hotels and Resorts FB/K Resort Ngwe Saung fb