ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရ ပုဂံဘုရား ၁၉ ဆူကို စတင် ဖူးမြှော် နိုင်

#Travelling journal

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသအတွင်းရှိ ပုဂံဘုရား ၁၉ ဆူကို ဖေဖေါ်ဝါရီ ၈ရက်မှ စတင် ဖူးမြှော် နိုင်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။

လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်စစ်ဆေးမှုများကို သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးဖြစ်သလို ကျန်းမာရေး ဝန်ကြီးဌာန ၏လမ်းညွန်ချက်နှင့်အတူဖွင့်လှစ်သွားခြင်းဖြစ် ကြောင်း သိရသည်။

” မနက်ဖြန် ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင်ပြီးတာနဲ့ ပုဂံဘုရား ၁၉ ဆူကို Social Distancing နဲ့အညီ ဖွင့်ပေးမှာဖြစ်ပါတယ် “ဟု ညောင်ဦးခရိုင် အုပ် ချုပ်ရေးမှုး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောသည်။

ပုဂံဘုရားများပြန်လည်ဖွင့်လှစ်သွားရန် အတွက် ဖေဖေါ်ဝါရီ ၆ရက်တွင် ဌာနဆိုင်ရာများ၊ ဂေါပက များ နှင့် တွေ့ဆုံ အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။

” ဖေဖေါ်ဝါရီ ၈ ရက်နေ့ ၉ နာရီ ၄၅ မှာ ဘုရားအနေကဇာတင် ၊ ဆရာတော်ကြီးတို့က ပရိတ်တရားတော်တွေ ရွတ်ဖတ်ပြီးမှ ပြည်သူကို ဖူး မြှော်ခွင့်ပြုမှာ ဖြစ်ပါတယ် “ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြ တိုက် ဦးစီးဌာန ( ပုဂံဌာနခွဲ)မှ ဒုတိယညွန်ကြားရေးမှူး
ဦးမြင့်သန်းက Travelling journal သို့ ပြောသည်။

ထို့ပြင် ဘုရားများဖူးမြှော်ခွင့်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွန်ချက်များအတိုင်း ဖွင့်လှစ်ပေးမည်ဖြစ်ပြီး မနက်ပိုင်း နှင့် နေ့လည် ပိုင်း သတ်မှတ်ကာ အချိန် အပိုင်းလိုက် ဖူးမြှော်နိုင် ရန် ပြင်ဆင် ဆောင်ရွက် ထား​ကြောင်းသိရသည်။
ပုဂံဒေသရှိဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင် လ၂၉ ရက်မှ စတင်ပိတ်ထားခဲ့ကြောင်း သိရသည

မြန်မာ့ခရီးသွားဘဏ်တွင် ချေးငွေ ရရှိရန် ခရီးသွားလုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က UMTA သို့ တင်ပြထား

#Travelling journal

ခရီးသွားလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရန်အတွက် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က ချေးငွေ ရရှိရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ တင်ပြလျှောက်ထား ကြောင်း အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။

ဖေဖေါ်ဝါရီ ၅ ရက်ထိ ချေးငွေ လျှောက်ထားရန်အတွက်အသိပေးထားသော်လည်း ထပ်မံ တစ်ရက် နောက်ဆုတ်ပေးပြီး ၆ ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

” တကယ်ဆိုရင် စုစည်းရမှာ ကို မစုစည်းနိုင်သေးဘူးဖြစ် နေတာ။ပုံမှန်ဆို ရုံးက တစ်ရက် နေ့မှာ ပြန်ဖွင့်ရမှာကို
မဖွင့်နိုင်ခဲ့ဘူး။ လျှောက်ထားတဲ့သူတွေတော့ Email ထဲကို ရောက်နေကြပြီ။ ဝန်ထမ်းတွေက Stay at Homeနဲ့ လုပ်နေကြတော့ ကောက်ဖို့ခက်နေသေးတယ်။ တစ်ရက် လောက်တော့နောက်ဆုတ်ပေးမယ်လို့ လုပ်ထားတယ်။ အကြမ်းဖျဉ်း ဆိုရင် ကျွန်တော် သိသလောက်က လုပ်ငန်း ရှင် ၁၀၀ ဝန်းကျင်လောက် ဖြစ်သွားလိမ့်မယ်။အခု လက် ရှိ ပို့နေတဲ့သူတွေလည်းရှိနေတယ် “ဟု ဦးနောင်းနောင်းဟန် က Travelling journal သို့ ပြောသည်။

ချေးငွေ လျှောက်ထားမည့်အသင်းဝင်များမှ အာမခံ ပစ္စည်းပေးနိုင်မည့်သူများအနေဖြင့် အိမ် မော်တော်ယာဥ် ကွန်ဒို တိုက်ခန်းများကို အာမခံ ထားခြင်းဖြင့် လည်ကောင်း အာမခံမပေးနိုင်သည့်သူများအနေဖြင့် တင်ပြလျှောက်ထားနိုင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးခရီးသွားကဏ္ဏ မြှင့်တင်ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။