သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအားသတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ခရိုင်တာဝန်ရှိသူ ပြော

Travelling journal

နိုင်ငံတော်၏ ညွန်ကြားချက်များကို မသိကျိုးကျွန်ပြုနေပြီး သတိမမူ ဂူမမြင်ဖြစ်နေသည့် ဂေါပက များအား စာထုတ်သတိပေးလိုက်ခြင်းကြောင့် ပုဂံဘုရားများဖူးမျှော်ခွင့်ကို ပိတ်လိုက်ရခြင်းဖြစ်သည်ဟု ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုံးက Travelling Journal သို့ ပြောကြားသည် ။

’’နိုင်ငံတော်ရဲ့ ညွန်ကြားချက်တွေမှာ ဝတ်ပြုဆုတောင်းပွဲတွေ၊ဘာသာရေးပွဲတွေမလုပ်ရဖို့ ညွန်ကြားချက်ရှိတာကြောင့် ဘုရားတွေကို ဖူးခွင့်မပြုတာလေ။ အဲဒီညွန်ကြားချက်အတိုင်း လိုက်နာကြရတာပါ။ ဒါပေမယ့် ဂေါပက တွေကလည်း သူတို့အစီအစဉ်တွေနဲ့ သူတို့ဘာသာဖွင့်နေကြတာကိုး။ နိုင်ငံတော်က ညွန်ကြားထားတဲ့အတိုင်း အရင်ကလည်း ပိတ်ထားတယ်၊အခုလည်း ပိတ်ထားတယ်။ နိုင်ငံတော်ရဲ့ အမိန့်တွေကို မသိကျိုးကျွန် မပြုအောင် ထပ်ပြီး ကျွန်တော်တို့ မနေ့က သတိပေးလိုက်တယ်။ သတိမမူဂူမမြင်ဖြစ်မှာစိုးလို့ ထပ်ပြီး သတိပေးထားတဲ့ စာလေးထုတ်ပြီး ဂေါပက တွေကို လှမ်းပြီး သတိပေးလိုက်တဲ့ အတွက် သူတို့ ခေါင်းထဲကို ဝင်သွားတာကြောင့် သူတို့လည်း သတိမူပြီး ပိတ်လိုက်တာဖြစ်တယ် ’’ဟု ညောင်ဦးခရိုုင် အုပ်ချုုပ်ရေးမှုး ဦးကျော်ကျော်အုံးက
ပုဂံဘုရားများပိတ်ခြင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး Travelling Journal သို့ပြောသည်။

ပုဂံဒေသသည် ခရီးသွားဒေသတစ်ခုဖြစ်သည့်အတွက်ပုဂံဒေသအခြေစိုက် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသည်ယာဉ်လိုင်းများဖွင့်လှစ်သည့်အတွက် မြန်မာပြည်အနှံ့ခရီးသွားလာသူများသွားလာခဲ့ခြင်းကြောင့် ခရီးသွားများရောက်ရှိလာခြင်းကြောင့် စည်ကားလာခဲ့ကြောင်း၊ ဖွင့်လှစ်သည်မဟုတ်သော်လည်း ပိတ်ထားသည့်ပုဂံဘုရားများကို ဝင်ရောက်ဖူးမြှော်ခြင်းတို့ကြောင့် ဖွင့်လှစ်ထားသည့် ပုံစံဖြစ်နေသည်ဟု ယူဆရသော်လည်းတရားဝင်ဖွင့်လှစ်ထားခြင်းဆိုသည်မှာ မရှိကြောင်း ၎င်းက ရှင်းပြသည်။

ပုဂံဘုရားများဖူးမြှော်ခွင့်ကို ဇူလိုင်လ ၂၉ရက်မှစတင်ပိတ်လိုက်ပြီး လာမည့်ပိတ်ရက် လေးရက်အတွက်ပိတ်သည်ဟု ပြောကြားသော်လည်း ရက် အကန့် အသတ် မရှိပိတ်သည်ဟုလည်းပြောကြားနေ ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပုဂံဘုရားများကို အများပြည်သူများ ဖူးမြှော်ခွင့်ရရှိနိုင်ရန်အတွက် ကြိုတင်ပြီးစစ်ဆေးမှုများကိုသက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဖွင့်လှစ်ခွင့်ရပြီဆိုပါက ဖွင့်လှစ်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

’’ပုဂံဘုရားတွေကို ဖွင့်တာကတော့ ဘယ်တော့မှ official မဟုတ်ဘူး၊ ဖွင့်လှစ်ခွင့်ကို ကျွန်တော်တို့က တရားဝင်ပေးလို့မရတာ။ ဖွင့်ပါတယ်မပြောဘူး၊ မလိုလားအပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေကို ဖြစ်မှာစိုးလို့ ဖွင့်ချိန်တန်ရင် ဖွင့်လို့ရအောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ အဆင်သင့်ဖြစ်အောင် Social Distancing နှင့်အညီ ကြိုတင်စစ်ဆေးထားတဲ့ သဘောပါပဲ၊ဒါတွေကို သဘောပေါက်လွဲမှားပြီး ပြဿနာရှာလာတဲ့ ဘုရားဖူးတွေ များပြားလာတဲ့အတွက် ဂေါပကတွေကလည်း အချိန်မှီ ပြုလုပ်သွားခဲ့တာဖြစ်တယ်’’ဟု ၎င်းက ပြောသည်။

ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ်ခွဲ (ရွှေဘုံသာ)ဘဏ်ခွဲဖွင့်လှစ်ခဲ့ မုံရွာ နှင့်တောင်ကြီးတွင်လည်း ထပ်မံဖွင့်မည်

Travelling journal

ခြောက်ခုမြောက်မြန်မာ့ခရီးသွားဘဏ် (ရွှေဘုံသာ) ဘဏ်ခွဲကို ဇူလိုင်လ၂၂ရက်တွင် ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်များထဲမှ မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank)သည် ယခုနှစ်အတွင်း နိုင်ငံတော်မှ ချမှတ်ထားသောစည်းကမ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ဘဏ်ခွဲအသစ်များကို ဖွင့်လှစ်လျှက်ရှိရာ လက်ရှိတွင် ခြောက်ခုမြောက်ဘဏ်ခွဲကိုဖွင့်လှစ်ပြီးနောက် မုံရွာ နှင့်တောင်ကြီးမြို့များတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ကာလတွင် new normal နေထိုင်မှုပုံစံသစ်ဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မူလုပ်ငန်းများကို လုံခြုံစိတ်ချရသည့် ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်များအတိုင်းလိုက်နာပြီး ပြည်သူလူထုအတွက် မြန်မာ့ခရီးသွားဘဏ်(Myanma Tourism Bank) မှ ရန်ကုန်၊မန္တလေး၊ နေပြည်တော်၊မြဝတီ စသော မြို့ကြီးများတွင် ဘဏ်ခွဲများဖွင့်လှစ်၍ ဝန်ဆောင်မှုများကိုဆောင်ရွက်ပေးနေကြောင်း သိရသည်။

သန်လျှင်ကျောက်တန်းမြို့နယ်ရှိ ကိုလိုနီခေတ်လက်ရာဟောင်း မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ်စတင်

Travelling journal

ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရန်ကုန် တိုင်းအစိုးရအဖွဲ့၏ လမ်းညွန်မှုအဖြစ် ကြီးကြပ်ပြီး နေ့ချင်းပြန်ခရီးစဥ်အနေဖြင့် ကိုလိုနီခေတ် ခေတ်ဟောင်း မီးပြရွာသို့ ဇူလိုင် ၁၉ ရက်တွင် မီးရထားဖြင့် စတင်ထွက်ခွာခဲ့သည်။

အဆိုပါခရီးစဥ်ကို ကျောက်တန်းမြို့နယ် မီးပြရွာ ( သံတဲရွာ) သို့ နေ့ချင်းပြန် ခရီးစဥ် သွားရောက်ကာ မြန်မာ့မီးရထားမှ အထူးတွဲဖြင့် စတင်ထွက်ခွာခဲ့သည်။

ယင်းခရီးစဥ်ဖြစ်မြောက်ရေးအတွက် ကျောက်တန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နှင့် ရွှေမြင့်မိုရ် ခရီးသွား လုပ်ငန်း သန်းဌေးနှင့်ရောင်းရင်းများအုပ်စုနှင့်
သုခမိန် မြန်မာပြည်အနှံံ့ ဘုရားဖူးနှင့်အပန်းဖြေခရီးပို့ဆောင်ရေးတို့မှ စီစဥ်ကြီးကြပ်ပြီး ခရီးစဥ် ပို့ဆောင်ပေးခဲ့​​​ခြင်းဖြစ်သည်။

ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ထိ ဖွင့်လှစ်ခွင့်ပြုထားနေ

Travelling journal

ပုဂံနှင့်ကျောက်ပန်းတောင်းဒေသအပါအဝင် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံး ၅၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်းဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနမှ( ပုဂံ) ဒုတိယညွန်ကြားရေးမှုး ဦး ဝင်းအောင် က Travelling journal သို့ပြောသည်။

မန္တလေးတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ ဟိုတယ်/တည်းခိုရိပ်သာများ ပြန်လည်ဖွင့်လှစ်ခွင့် အသိအမှတ်ပြုထုတ်ပေးထားသည့်် ဟိုတယ်/တည်းခိုရိပ်သာ (၅၀)လုံးအထိရှိပြီဖြစ်သည်။

“ပုဂံကတော့ ၃၇ လုံးဖွင့်ခွင့်ရပါပြီ။ ကျောက်ပန်းတောင်း မြို့နယ်က ၁၃ လုံးဖွင့်ခွင့်ရပါပြီ”ဟု ၄င်းက ပြောသည်။

ဖွင့်လှစ်ရသည့်ဟိုတယ်နှင့်တည်းခိုရိပ်သာ စာရင်းများမှာ အောက်ပါအတိုင်းဖြစ်သ

  • Bagan View Hotel
  • Bagan Hotel
  • Aye Yar River View Resort
  • Royal Emerald River View Resort
  • Luster Hotel
  • Kaytumadi Dynasty Hotel
  • Temple View Hotel
  • Classis (Bagan Wynn) Hotel
  • Famous Hotel
  • Thiripyitsaya Sanctuary Resort
  • Arthawka Hotel
  • Northen Breeze Hotel
  • Yun Myo Thu Hotel
  • The Regency Hotel
  • Heritage Bagan Hotel
  • Aureum Palace Hotel & Resort
  • Royal Palace Hotel
  • Shwe Nadi Guest House
  • Amata Boutique House
  • Sky Palace Hotel
  • Areindmar Hotel
  • 22.Sky View Hotel
  • Thante (Nyu) Hotel
  • 24.Golden Myanmar Guest House
  • 25.Winner Guest House
  • Golden Pot Guest House
  • Bagan Htate Htar Hotel
  • Pan Cherry Hotel
  • Ruby True Hotel
  • Popa Mountain Resort
  • Zayar Theingi Hotel
  • See You Guest House
  • Linn Hotel
  • Gon Hotel
  • Popa Garden Resort
  • Triple Lion Hotel
  • Great (KPT)
  • Htoo Myat Chan Thar Hotel
  • Wutt Hmone Thit Guest House
  • Diamond Popa
  • Hotel King
  • Phoe Par Gyi Hotel
  • 43.Ancient Bagan Hotel
  • Hotel Zein
  • 45.New Wave Guest House
  • N.K Betalnut Hotel
  • Myathida Guest House
  • Bagan Central Hotel
  • Bagan Empress Hotel
  • Bagan Land Mark Hotel

Photo ပုဂံတွင်ဖွင့်လှစ်ခွင့်ရထားသည့်ဟိုတယ်တစ်ချို့ကို တွေ့ရစဥ် ။