ထိုင်း ပရိသတ် အခိုင်အမာရရှိထားသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ထိုင်း ခရီးသွား သံတမန် အဖြစ် တစ်နှစ် တာ ခန့်အပ်

MKT

ထိုင်း နိုင်ငံ၏ ပရိသတ် အခိုင်အမာရရှိထားသည့်အပြင် မြန်မာနိုင်ငံတွင်လည်း မော်ဒယ် သရုပ်ဆောင်အဖြစ် ထင်ရှားလာသည့် ပိုင်တံခွန်ကို ထိုင်း ခရီးသွားသံတမန် အဖြစ် တစ်နှစ် တာ ခန့်အပ်လိုက်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းစျေးကွက်မြှင့်တင်ရေးအသင်းတို့မှ
ပူးပေါင်းပြီး ထိုင်းခရီးသွားသံတမန်အဖြစ် ခန့်အပ်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က Wyndham Grand Yangon ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်များ ဝင်ရောက်မှု တိုးတက်လာစေရန်အတွက် မော်ဒယ် သရုပ်ဆောင်ပိုင်တံခွန် နှင့် နားလည်မှုစာချွန်လွှာ လတ်မှတ်ရေးထိုးပြီး ခရီးသွားသံတမန်အဖြစ် တစ်နှစ်တာ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံစျေးကွက်မြှင့်တင်ရေးအသင်းမှ ခရီးစဉ်အသစ်များကို ဖော်ထုတ်နေသလို Media FAM Trip များကိုလည်း ဖိတ်ခေါ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်များ သိရှိစေရန် ဖော်ထုတ်နေသည်။

ခရီးသွားရံပုံငွေမရှိသဖြင့်မြန်မာကိုလူသိနည်းနေခြင်းသည်ကြက်ဥနှင့်ကြက်မ ကဲ့သို့အစရှာမရသလို ဖြစ်နေကြောင်း MTF ဥက္ကဋ္ဌ ဆို

MKT

မြန်မာပြည်ကိုလူသိနည်းနေခြင်းသည် ခရီးသွားပရိုမိုရှင်းများ ပြုလုပ်ရန် ရံပုံငွေ မရှိခြင်းကြောင်ြ့ဖစ်ပြီး ကြက်ဥနှင့် ကြက်မကဲ့သို့ အစရှာမရသလို ဖြစ်နေကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။

” ထိုင်းကို ကြည့်ရင် မနှစ်က ဧည့်သည် ၃၈ သန်းလာတယ်။နိုင်ငံ့ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းအထက်ကိုTourism ကနေ ရှာပေးနေတာ။ သြစတြေးလျ ကလည်း ခရီးသွားနဲ့ တစ်နိုင်ငံလုံးကို ကျွေးမွေးထားတယ်။ အခု ကျွန်တော်တို့က ခရီးသွား Industry ပိုတိုးပြီးလုပ်မယ်။ ရံပုံငွေ မရှိလို့ ပရိုမိုးရှင်း မလုပ်နိုင် ၊မလုပ်နိုင်တော့ မြန်မာနိုင်ငံကို မသိဘူး။ မသိတော့ Tourism Income က ဝင်ငွေမရ သေးတော့ ခင်ဗျားတို့ကိုု ပရိုမိုးရှင်း ရံပုံငွေ မပေးနိုင် သေးဘူး ဆိုရင် လည်နေမယ်။ ကြက်ဥနဲ့ကြက်မ လို အစ ရှာမရ ဖြစ်နေပါမယ်” ဟု စက်တင်ဘာ ၁၂ ရက်၊ နေပြည်တော်၌ဖွင့်လှစ်ခဲ့သည့် မြန်မာ့ခရီးသွားဘဏ် ဖွင့်ပွဲအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လုပ်ငန်းလုပ်မယ်ဆိုရင် သတ္တိရှိရှိ လုပ်ကိုင် ဖို့လိုအပ်ပြီး မြန်မာ့ခရီးသွားဘဏ် အနေဖြင့်လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် အထောက်အပံ့ပေးနိုင်အောင် ရည်ရွယ်ကာဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ပရိုမိုးရှင်း ရံပုံငွေရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရီးသွားကဏ္ဍ ယခုထက် ပိုမို တိုးတက်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့ကလည်းကြိုးစားမယ်နိုင်ငံတော်ကလည်းလိုအပ်တဲ့အထောက်အပံ့ပေးမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ခရီးသွား၊ စီးပွားရေးနဲ့ တစ်နိုင်ငံလုံးကို ကျွေးထားနိုင်အောင် လုပ်ဆောင်သွားပါမယ်” ဟု ဦးရန်ဝင်းကပြောသည်။