ပအိုဝ်းဒေသရဲ့အသည်းနှလုံးလို့တင်စားရတဲ့ရွှေကျွန်းမျှောလှိုင်ကွန်းဟိုတယ်

နှင်းဆီသခင် စေတီပေါင်း ၂၄၇၈ ဆူရှိပြီး သီရိဓမ္မာသော ကမင်းကြီးတည်ထားတဲ့ စေတီရှိသလို အလောင်း စည်သူမင်းကြီးတည်ထားတဲ့ ရှေးဟောင်းမွေတော် ကက်္ကူဒေသရဲ့ တစ်ခုတည်းသော ဟိုတယ်။ ကက္ကူ ဒေသဟာ ပအို၀်းတိုင်းရင ...

နှင်းဆီသခင်

စေတီပေါင်း ၂၄၇၈ ဆူရှိပြီး သီရိဓမ္မာသော ကမင်းကြီးတည်ထားတဲ့ စေတီရှိသလို အလောင်း စည်သူမင်းကြီးတည်ထားတဲ့ ရှေးဟောင်းမွေတော် ကက်္ကူဒေသရဲ့ တစ်ခုတည်းသော ဟိုတယ်။ ကက္ကူ ဒေသဟာ ပအို၀်းတိုင်းရင်းသားတွေရဲ့ အသည်းနှလုံး နေရာ။ ကက်္ကူဒေသရဲ့ ပထမဆုံး လှိုင်ကွန်းဟိုတယ်။အပြည့်အစုံပြောရမယ်ဆိုရင်တော့ ရွှေကျွန်းမျှော လှိုင်ကွန်းဟိုတယ် (Golden Island Cottages Hlaing Konn Hotel )လေးပဲဖြစ်ပါတယ်။ ဟိုတယ် ရဲ့အမည်နာမကလည်း လေးနက်မှု တွေအပြည့်ပါပဲ။ သာယာစည်ပင်၀ပြောအောင်လို့ အနက်အဓိပ်္ပာယ်ရှိ တဲ့နာမည်ကို ပအို၀်းဒေသ အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဦးအောင်ခမ်းထီက ပေးခဲ့ခြင်းကလည်း အနာဂတ် ကက်္ကူဒေသကို ရည်ညွန်းပုံဖော် ပေးချင်တဲ့ စိတ်ကူး ကောင်းနဲ့ ပေးစွမ်းထားတာလို့မြင်မိပါတယ်။

ဒီလှိုင်ကွန်းဟိုတယ်လေးကတော့ သမိုင်း ၀င် ရှေးဟောင်းမွေတော်ကက်္ကူဘုရားရဲ့ အနီးဆုံးမှာ တည်ရှိပြီးတော့ ပအို၀်းဒေသရဲ့ ယဉ်ကျေးမှုပုံရိပ်တွေ နဲ့ လိုက်ဖက်ညီအောင် တည်ဆောက်ထားတဲ့ ဟိုတယ် တစ်လုံး ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ မွေတော်ကက်္ကူ ဘုရားကို လာရောက်ဖူးမြော်ရင်း အေးဆေးအပန်းဖြေ အနားယူချင်သူတို့အတွက် မကြားသေးခင်ကမှဖွင့်လှစ် ထားတဲ့ ရွှေကျွန်းမျှောလှိုင်ကွန်းဟိုတယ် (Golden Island Cottages Hlaing Konn Hotel)လေးနဲ့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္႑လေးကနေ မိတ်ဆက်ပေးချင်ပါတယ်။

ဟိုတယ်၀င်းအတွင်း ၀င်လိုက်တယ်ဆိုတာ နဲ့ ရှေးဟောင်းအငွေ့အသက်သဖွယ် ခံစားမှုမျိုးရရှိ အောင် တည်ဆောက်ထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ အုတ်ကို အဓိက ထားပြီး တည်ဆောက်ထားတာဖြစ်သလိုအုတ်နံရံတွေကအစ မန္တလေးနန်းတော်အုတ်ရိုး၊ ပုဂံအုတ်ရိုးပုံစံနဲ့ ခြံစည်း ရိုးခတ်ထားကိုလည်း တွေ့မြင်ရစေတာကလည်း ဟိုတယ်ရဲ့ဆွဲဆောင်မှုတစ်ခုလို့ ဆိုရပါမယ်။

လှိုင်ကွန်းဟိုတယ်ကိုတော့ မြေဧက ၃ ဧက ကျော်နီးပါးတည်ဆောက်ထားပြီးတော့ ဟိုတယ်အခန်း ပေါင်း ၂၄ ခန်းကို ထည့်သွင်းတည်ဆောက်ထားပါ တယ်။ ဒီဇိုင်းကိုတော့ အင်ဂျင်နီယာရဲ့စိတ်ကူး၊ ဗိသုကာ ပညာရှင် တွေရဲ့ ဒီဇိုင်းတွေနဲ့ ဆောက်လုပ်ခဲ့တာဖြစ် ပြီးတော့ ရှေးဟောင်းမွေတော်ကက်္ကူဘုရားနားမှာ တည်ရှိတာ ဖြစ်တာမို့ ဒီဒေသနဲ့ လိုက်ဖက်ညီမျှလှတဲ့ ဒီဇိုင်းနဲ့အရောင်ကို ရွေးချယ်ပြီး မျက်စိပသာဒဖြစ် အောင် ဟိုတယ်ကို တည်ဆောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အခန်းအမျိုးအစားတွေကိုတော့ ဘန်ဂလိုပုံစံမျိုးလေးတွေနဲ့ တည်ဆောက်ထားတာဖြစ် ပြီးတော့ Couple Deluxe နဲ့ Family Deluxe ဆိုပြီး နှစ်မျိုးထားရှိပေးထားပါတယ်။ Couple Deluxe ကတော့ ၈ ခန်းရှိပြီးတော့ Family Deluxe က ၁၆ ခန်းရှိပါတယ်။ Couple Deluxe အခန်းဈေး ကတော့ နိုင်ငံခြားဧည့်သည်ဆိုရင် တစ်ညကို (၉၅) ဒေါ်လာ ကျသင့်မှာဖြစ်ပြီးတော့ ၊ပြည်တွင်းဧည့်သည် တွေအတွက်ကတော့ တစ်ညကို ကျပ် (၉၅၀၀၀) ကျသင့်မှာဖြစ်ပါတယ်။ Family Deluxe အခန်းဆို ရင်တော့ နိုင်ငံခြားဧည့်သည်ဆိုရင် (၈၅)ဒေါ်လာ ကျသင့်မှာ ဖြစ်ပြီး ပြည်တွင်းဧည့်သည်ဆိုရင် ကျပ် (၈၅၀၀၀) ကျသင့်မှာပဲ ဖြစ််ပါတယ်။

ဟိုတယ်ရဲ့ ထူးခြားတဲ့ ၀န်ဆောင်မှုအနေနဲ့ မနက်စာသာမကပဲ ညဘက် Dinner ကိုပါ ထည့် သွင်း၀န်ဆောင်မှုပေးထားပါတယ်။

ညစာကိုလည်း ဧည့်သည်သုံးဆောင်ချင်တဲ့ အစား အစာကို ရွေးချယ်စားသောက်နိုင်မှာဖြစ်ပြီးတော့ ပအို၀်းရိုးရာအစားအစာပဲစားမလား၊ ဥရောပအစား အစာစားမလား၊ ဧည့်သည်စိတ်ကြိုက် ရွေးချယ်စား သောက်ဖို့ထည့်သွင်းပေးထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားချက်ပါပဲ။

ဒါ့အပြင် အခန်းတွင်း ထည့်သွင်းထားတဲ့ ၀န်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် ၀န်ဆောင်မှု အပြင်ကို စေတနာပါ ထည့်သွင်းထားတာကို တွေ့ရ ပါတယ်။ ထူးခြားချက်လေးအနေနဲ့ ကော်ဖီမှုန့်စစ်စစ် ကို ကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေ မှာ အမှန်ပါပဲ။ အသုံးအဆောင်ကို ကြည့်မယ်ဆိုရင် လည်း အများနဲ့မတူနဲ့ အိုင်ဒီယာတွေ အခန်းတွင်းကို ဒီဇိုင်းဖော်ထားတာ တွေ့ရပါတယ်။

အခန်းတိုင်းမှာ ရိုးရိုးရေချိုးခန်း၊ ရေစိမ်ချင် သူတွေအတွက် Bathtub ရေချိုးခန်းတစ်ခန်းနဲ့ Toliet တွေကို တစ်ခန်းစီဖွဲ့စည်းထားတာကို တွေ့ရပါတယ်။ အဲဒီသုံးခန်းရဲ့ အပြင်ဘက်အလယ်မှာတော့ ဘေစင် ကို ထားရှိပေးထားတွေ့ရပါတယ်။ Bathtub အခန်းကို ဖွဲ့စည်းတည်ဆောက်ထားပုံကြည့်မယ်ဆိုရင်လည်း ကျောက်တုံးကြား စိမ့်စမ်းရေကြားမှာ ရေစိမ်လို့ရတဲ့ ခံစားမှုမျိုးရရှိနိုင်ပါလိမ့်မယ်။ စိတ်၀င်စားတာနဲ့ မန်နေ ဂျာ အစ်ကိုကို တီးခေါက်ကြည့်တော့ ဧည့်သည်တွေ အနေနဲ့ ရေချိုးခန်းနဲ့ Toliet ကို တွဲထားရင် တစ် ယောက်နဲ့တစ်ယောက် စောင့်နေရမှာဆိုးတဲ့အတွက် အရေးကြီးရင်လည်း အချိန်ကုန်သက်သာစေရန် ရည် ရွယ်တာလို့ ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ ကုတင်ကိုလည်း ကျွန်းခုတင်အကြီးစားကို အသုံးပြု ထားတာမို့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ စိတ်တိုင်းကျကျ အနားယူနိုင်မှာပဲ ဖြစ်ပါတယ်။

အခန်းတွင်းအသုံးအဆောင်ပစ္စည်းများကို လည်း ပအို၀်းတိုင်းရင်းသားတွေရဲ့ ရိုးရာအရောင်၊ အနက်နဲ့ အဖြူကို အဓိကထားတာတာဆိုတော့ အခန်းတွင်းကိုလည်း ဒီလိုအမှတ်အသားနဲ့လိုက်ဖက် ညီအောင် ထားရှိပေးထား တာကလည်း ရိုးရာယဉ်ကျေး မှုကို လေးစားထိန်းသိမ်းထားတဲ့ စိတ်ဓာတ်ကို ချီးကျုး စရာကောင်းလှပါတယ်။ ပေးရတဲ့ဈေးနဲ့ထိုက်တန် အောင် အခန်းတွင်းအသုံးအဆောင်ပစ်္စည်းတွေနဲ့ ၀န် ဆောင်မှုကို ထားရှိပေးထား တာကလည်း လှိုင်ကွန်း ဟိုတယ်ရဲ့ ထူးခြားမှုပါပဲ။ အခန်းတွင်းထားရှိပေးထား တ့ဲ ကော်ဖီမှုန့်အစ ဒေသထွက်ကော်ဖီမှုန့်ကို ၀ယ်ယူ အားပေးတာကလည်း ချစ်စရာကောင်းတဲ့ အလေ့ အကျင့်ဖြစ်ပြီး ဒေသကို ချစ်ခင်တတ်တဲ့ စိတ်ကို ပေါ် လွင်စေတာကိုတွေ့မြင်ရတာကလည်း ဟိုတယ်ပိုင်ရှင် တွေရဲ့ ဆန်းသစ်တဲ့ စိတ်ကူးလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် Couple Deluxe အခန်းတွေ မှာဆိုရင် ထိုင်ခုံတွေက သလွန်ထိုင်ခုံတွေကို သုံးပေး ထားပြီး Family Deluxe မှာဆိုရင်တော့ ကွပ်ပျစ် ပုံစံမိျုးတွေကိုထည့်သွင်းပေးထားကလည်း ဟိုတယ်ရဲ့ ထူးခြားမှုစတိုင်တစ်ခုကို တွေ့မြင်ရစေပါတယ်။ ouple Deluxe ရဲ့ အခန်းပတ်၀န်းကျင်ရှုခင်း တွေဟာ မျက်စိပသာဒဖြစ်စရာမြင်ကွင်းမျိုးကို ရရှိ အောင် ဖန်တီးထားပေးထားပြီးတော့ နားအေးပါး အေးနဲ့ အေးအေးလူလူစာဖတ်ချင်သူတွေအတွက် Family Deluxe အခန်းမှာနေနိုင်ပြီး ကွစ်ပျစ်ခုံမှာ အေးအေးလူလူစာဖတ်နိုင်အောင် ထည့်သွင်းပေးထား တာကလည်း ဟိုတယ်ရဲ့ထူးခြားမှုပါပဲ။

ဟိုတယ်ရဲ့ အဆင့်သတ်မှတ်ချက်ကိုတော့ 3 Stars အဆင့်ထိ ၀န်ဆောင်မှုပေးသွားဖို့ လျာထား တာကြောင့် တခြားအခန်းတွင်းအသုံးအဆောင် ၀န် ဆောင်မှုတွေကိုတော့ သီးသန့်ပြောစရာမလိုလောက် တော့ဘူးထင်ပါ တယ်။

ဒါ့အပြင် ဟိုတယ်ရဲ့ သီးသန့်၀န်ဆောင်မှု တွေအနေနဲ့ မနက်စောစော သံယာတော်တွေ ဆွမ်း တော်ကပ်ချင်တာမျိုး၊ တရားထိုင်ချင်တာတို့ကိုလည်း ဆောင်ရွက်နိုင်အောင် စီစဉ်ပေးထားသလို များမကြာ အနီးအနားရွာတွေကို စက်ဘီစီးပြီးလည်ပတ်နိုင်တဲ့ ၀န်ဆောင်မှုတွေ ပေးထားပါသေးတယ်။

ဘုရားနဲ့ တစ်ခေါ်စာလောက်သာကွာေ၀း တာကြောင့် မနက်စောစော ရှေးဟောင်းမွေတော် ကက်္ကူဘုရားကို လမ်းလျှောက်ပြီး ဖူးမြင်လို့ရနိုင်တဲ့ အခွင့်အရေးတွေကို ရရှိစေတာကလည်း လှိုင်ကွန်း ဟိုတယ်ရဲ့ ထူးခြားချက်လို့ ဆိုနိုင်ပါတယ်။ ဒါ့အပြင် ဘုရားရှိရာကို မျက်နှာမူပြီး နေ့လယ်စာ၊ ညစာ သုံး ဆောင်ရတဲ့ အခွင့်အရေးကလည်း ကံကောင်းခြင်း တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ မွေတော်ကက်္ကူဘုရားကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဘုရားဖူး မြော်နိုင်သလို အခါကြီးရက်ကြီးတွေဆိုရင်တော့ ပန်း ရေချမ်း၊ဆီမီးကပ်လှုပူဇော်ချင်ပါက မနက် ၄ နာရီ ကနေ ဖွင့်လှစ်ပေးထားလု့ိဆိုပါတယ်။

လက်ရှိဟိုတယ်မှာ ၀န်ထမ်းဦးရေ ၃၀ ကျော် ရှိပြီး အများစုကတော့ ပအို၀်းတိုင်းရင်းသူ/သားလေး တွေပဲဖြစ်တာမို့ အပြုံးချိုချိုလေးတွေကို တွေ့မြင်ရမှာ ပဲဖြစ်ပါတယ်။ ဟိုတယ်မှာနားနေရင်း ပအို၀်းတိုင်း ရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ပတ်၀န်းကျင်ရွာရဲ့ လူနေ မှုဘ၀တွေကို အနီးကပ်လေ့လာလို့ရနိုင်ပါသေးတယ်။ဟိုတယ်မှာ လာရောက်တည်းခိုသူတွေ အဆင်ပြေစေ ဖို့ ဧည့်သည်တွေအတွက် ဟိုတယ်မှာ မီးလည်းရရှိ သလို အင်တာနက်လိုင်းစတဲ့ ၀န်ဆောင်မှုတွေကို လည်း ဖြည့်ဆည်းပေးထားတာကိုလည်း တွေ့မြင်ရ ပါတယ်။

ဒါကြောင့်မို့ တောင်ကြီးမြို့လေးကို လည် ပတ်ပြီးလို့ လမ်းကြုံ၀င်လည်ရင်ပဲဖြစ်ဖြစ် တကူးတက နဲ့ ကက်္ကူဒေသကို လည်ပတ်ရင်ပဲဖြစ်ဖြစ် ပအို၀်းဒေသ ရဲ့ လူနေမှုဘ၀တွေကို လေ့လာရင်း သမိုင်း၀င်ရှေး ဟောင်းမွေတော်ကက်္ကူဘုရားကို အနီးကပ်စိတ်တိုင်း ကျဖူးမြော်ကြည်ညိုနိုင်ရုံမကပဲ တိတ်ဆိတ်အေးချမ်းမှု အရသာတွေကို တ၀ကြီးခံစားနိုင်မယ့် ကက်္ကူဒေသရဲ့ ပထမဆုံးဟိုတယ်ဖြစ်တဲ့ ရွှေကျွန်းမျှော လှိုင်ကွန်း ဟိုတယ် (Golden Island Cottages Hlaing Konn Hotel) ကို သွားရောက်အနားယူနိုင်ဖို့အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်အဖြစ် ဖော်ပြပေးလိုက် ပါတယ်။

Travelling_Journal/Vol_1_Issue_18

Photo_TravellingJournal