Travelling journal
ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် ပထမဆုံး အပျော်စီး Zipline စီးနိုင်ရန် ဖော်ဆောင်ခဲ့ကြောင်း MJ Farm
(မုတ်ကျိန် Farm)တည်ထောင်သူ ဦးဆိုင်းလီ က Travelling journal သို့ ပြောသည်။
ယင်းကဲ့သို့ စိတ်ကူးပေါ်ပေါ်လာခြင်းမှာ ဝိုင်းမော်မြို့တွင် မိသားစုများ အလည်အပတ် လာရောက်လည်ပတ်နိုင်
သည့်sightseeing တစ်ခုကို ဖန်တီးပေးလိုခြင်းနှင့် တနေ့တာ အလည်ပတ်ပုံစံမျိုးဖြစ်စေအောင် MJ Farm ကို
ပုံဖော် ခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်း မှ Zipline ကို စတင်ဖော်ဆောင်ခဲ့သည်ဟု ဦးဆိုင်းလီ က Travelling journal သို့ ပြောသည်။
“ကျွန်တော်တို့ဒေသမှာ အိမ်တွင်းအကြမ်းဖက် မှုတွေ လျော့ချသွားအောင် မိသားစု အလိုက် အလည်အပတ် လုပ်နိုင်တဲ့နေရာတစ်ခုဖြစ်စေချင်လို့ ဖန်တီးခဲ့တာပါ။ Safety ပိုင်းကို ဦးစားပေးထားပါတယ် “ဟု ၄င်းက ပြောသည်။
မြစ်ကြီးနား မြို့မှ သွားရောက်မည်ဆိုပါက ဝိုင်းမော်မြို့ရှိမုတ်ကျိန် ရပ်ကွက်ရှိ MJ Farm (မုတ်ကျိန် Farm )သို့ ၄၅မိနစ် ဝန်းကျင့်သာကြာမြှင့်မည်ဖြစ်ပြီး လမ်းခရီးမှာလည်း ကောင်းမွန်ကြောင်း သိရသည်။
“ကချင်ပြည်နယ် မှာတော့ Zipline ဒါမျိုးမရှိဘူး။ပထမဆုံးလို့ ပြောရမှာပေါ့။ ဒါမျိုးကတော့ရှိသင့်တယ်။ အခုလုပ်ထားတဲ့ပုံစံက အသေးပေါ့။ နောက်ထပ် အကြီးလည်း လာဖို့ အစီ အစဥ်ရှိတယ်လို့ ပြောတယ်။ မနေ့က သွားစီးခဲ့တယ်။ ကြာချိန် စက္ကန့် ၁၃ စက္ကန့် လောက်ပဲကြာတော့ စီးရတာမဝဘူးလေ။ နှစ်ခါ သုံးခါလောက် စီးမှ ဝမယ်လို့ ခံစားမှု ပြန်ခံစားရတယ်။တစ်နေ့တာ အလည်ပတ် နေနိုင်အောင် ဖန်တီးပေးထားတာ ကို တွေ့မြင်ရပါတယ် “ဟု မြစ်ကြီးနား အခြေစိုက် နွေဦးခရီးသွားကုမ္ပဏီ မှ ဒါရိုက်တာ ရွှေရွှေမြင့်က Travelling journal သို့ ပြောသည်။
အဆိုပါ MJ Farm (မုတ်ကျိန် Farm )မှာ ဧက ၈ ဧက ကျယ်ဝန်းပြီး ယင်းခြံတွင် ငါးကန် လေးကန် ထားရှိပေးပြီး မိသားစုလိုက် သူငယ်ချင်းအုပ်စုလိုက် အပန်းဖြေနိုင်သည့်အပြင် မိမိမျှားရသည့်ငါးကို ကင်စားနိုင်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကို ထည့်သွင်းဝန်ဆောင်မှု ပေးထားကြောင်း သိရသည်။
“မျှားတဲ့ရလာတဲ့ငါးကို ကျွန်တော်တို့က မချက်ပေးဘူး။ ချက်စားလို့အဆင်သင့်ဖြစ်အောင် ကျွန်တော်က နေရာ ထိုင်ခင်းတွေ အစာပလာတွေ ကို ထိုင်လို့နားနားနေနေ ကောင်းအောင် View တွေ ကို ဖန်တီးပေးထားပါတယ်”ဟု၄င်းက ဆိုသည်။
လက်ရှိ တွင် Zipline တစ်ကြိမ်စီးနင်းခကို ကလေးဆိုပါက ကျပ်၂၀၀၀ နှင့် လူကြီး ဆိုပါက ကျပ် ၃၀၀၀ ကို သတ်မှတ်ကောက်ယူပြီး ဝင်ကြေး မကောက်ခံကြောင်း သိရသည်။ ထို့အပြင် ခြံထဲတွင် ကြက်ခြံများ ငန်း များမွေးထားခြင်းနှင့် ယုန်အပါအဝင် တိရစ္ဆာန် အကောင်လေးတွေကို ပါ ထည့်သွင်းမွေးမြူထားသလို ဓာတ်ပုံရိုက်လို့ကောင်းသည့် နေရာများကို လည်း ဖန်တီးပေးထားကာ နိုဝင်ဘာလအကုန်တွင် ပြီးစီးရန် တည်ဆောက်နေကြောင်းသိရသည်။
ယင်း ခြံထဲတွင် Wedding နှင့် သင်တန်းခန်းမ များပြုလုပ်နိုင်သည့်အပြင် အမျိုးသားသီးသန့်တည်းခိုနိုင်သည့် တည်းခိုခန်းနှင့် အမျိုးသမီး သီးသန့် တည်းခိုနိုင်သည့် Hostel များကို လည်း တစ်ဦးလျှင် ကျပ် ၈၀၀၀
ဖြင့် တည်းခိုနိုင်ရန် ထည့်သွင်း တည်ဆောက်ထားပေးကြောင်း သိရသည်။