ဝန်ဆောင်မှုကိုအလေးထားတဲ့ Panorama ဟိုတယ်

နှင်းဆီသခင် စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ တော်ရဲ့ အချက်အချာမှာတည်ရှိနေတဲ့ Panorama ဟိုတယ်။ စကော့စျေးသွားမလား၊ ဆူးလေဘုရားကို လမ်းလျှောက်သွားမလား၊ Stand Road ဘက်ကို သွားကြည့်မလား၊ ...

နှင်းဆီသခင်

စီးပွားရေးမြို့တော်ကြီးဖြစ်တဲ့ ရန်ကုန်မြို့ တော်ရဲ့ အချက်အချာမှာတည်ရှိနေတဲ့ Panorama ဟိုတယ်။ စကော့စျေးသွားမလား၊ ဆူးလေဘုရားကို လမ်းလျှောက်သွားမလား၊ Stand Road ဘက်ကို သွားကြည့်မလား၊ ကိုလိုနီအဆောက်အအုံတွေဘက် ကို သွားမလား၊ Night Market ဘက်ကို လမ်း လျှောက်ရင်း သွားလည်လို့ရနိုင်စေတဲ့ Panorama ဟိုတယ်။ သွားလာလွယ်ကူစေတဲ့ တည်နေရာမှာရှိ နေတဲ့ Panorama ဟိုတယ်ပါ။ အထပ်မြင့် ၁၀ ထပ် ကို ပိုင်ဆိုင်ထားပြီး ခေတ်မီတဲ့ အပြင်အဆင်ဒီဇိုင်းနဲ့ မြန်မာမှုလက်ရာတွေကိုပါ တွဲဖက်ပေါင်းစပ်ထားတဲ့ မြန်မာ့ရှုခင်းလို့ အမည်ပေးထားတဲ့ Panorama ဟိုတယ်။ ဒီလိုမတူညီတဲ့ Taste ကို ရရှိစေအောင် ဆွဲဆောင်ထားနိုင်တဲ့ Panorama ဟိုတယ်ကို ဒီတစ် လရဲ့ ဟိုတယ်လမ်း ညွန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

ဒီဟိုတယ်ဟာ ရန်ကုန်မြို့ရဲ့ Down Town မြို့နယ်တစ်ခုဖြစ်တဲ့ ကျောက်တံတားမြို့နယ်အတွင်း မှာ တည်ရှိပြီး တော့ အမှတ် ၂၉၄- ၃၀၀ ပန်းဆိုးတန်း လမ်းမကြီးပေါ်မှာ တည်ရှိပါတယ်။

ဟိုတယ်မှာ အခန်းပေါင်း ၁၀၂ ခန်းပါ၀င် ပြီး ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါ တယ်။ အထပ် ၂ လွှာကနေ အထပ် ၉ လွှာထိကို တော့ ဧည့်သည်တွေအတွက် အိပ်ခန်းအဖြစ်ထားရှိ ပေးတာကို တွေ့ရပါတယ်။

ဟိုတယ်ရဲ့ အခန်းအမျိုးအစားကိုတော့ Superior နဲ့ Suite ဆိုပြီး နှစ်မျိုးပဲထားရှိပေးထား ပါတယ်။ Superior အခန်းကတော့ ၉၄ ခန်းရှိပြီး အဲဒီထဲကမှ Single အိပ်ခန်း ၂ ခန်း၊ Twin အိပ်ခန်း ၆၂ ခန်း၊ Doubel အိပ်ခန်း ၃၀ ခန်းတို့ရှိပြီိးတော့ ပြည်တွင်းဧည့်သည်ဆိုပါက တစ်ညကို ကျပ် ၄၀၀၀၀ နဲ့ နိုင်ငံခြားသားဆိုပါက တစ်ညကို ၅၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Suite ခန်းကတော့ Twin အိပ်ခန်း ၄ခန်းနဲ့ Double အိပ်ခန်း ၄ ခန်း စုစုပေါင်း ၈ ခန်းရှိပြီးတော့ ပြည်တွင်းဧည့်သည်ဆိုပါက တစ်ည ကို ကျပ် ၅၅၀၀၀ နဲ့ နိုင်ငံခြားသားဆိုပါက ဒေါ်လာ ၇၀ သတ်မှတ်ထားရှိပါတယ်။

Suite ခန်းမှာက အိပ်ခန်းအပြင် ဧည့်ခန်း ကို ပါတွဲပေးထားတာဖြစ်တာမို့ သက်တောင့်သက်သာ ရှိစေပြီး အေးအေးလူလူစကားစမြည်ပြောလို့ရအောင် အခန်းဖွဲ့စည်းထားပေးတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်မြို့ဟာ ဟိုတယ်ကြီးတွေ အများ ကြီးကို ရင်းနှီးမြှုပ်နှံကြတာများတဲ့အတွက် စျေးကွက် ပြိုင်ဆိုင်မှုတွေရှိသလို၊ ရွေးချယ်တဲ့သူတွေဘက်က လည်း ငွေကြေးနဲ့ ၀န်ဆောင်မှုပိုင်းကို အဓိကရွေးချယ် လာကြပါတယ်။

ဒီလို ယှဉ်ပြိုင်မှုတွေရှိပေမယ့် ပန်ဒိုရားမား ဟိုတယ်ရဲ့ ၀န်ဆောင်မှုကတော့ ဧည့်သည်ကို ၁၀၀ ရာခိုင်နှုန်းအထိ စိတ်ကျေနပ်မှုရရှိစေအောင် ဖြည့် ဆည်းပေးထားတယ်လို့ ဟိုတယ်ရဲ့ Operation ပိုင်း ကိုတာ၀န် ယူထားသူတစ်ဦးက ရှင်းပြပါတယ်။ ဟိုတယ် လုပ်ငန်းဟာ ၀န်ဆောင်မှုလုပ်ငန်းဖြစ်တာမို့ ၀န်ဆောင် မှုကို အဓိကအလေးထားဆောင်ရွက်ပေးပါတယ်လို့ ဆိုပါတယ်။ ဟိုတယ်ရဲ့အရည်အချင်းတစ်ခုက ၀န်ထမ်း တွေကို စီမံခန့်ခွဲ့မှုအပိုင်းမှာ အလေးထားသင်ကြား ပေးထားတာကို သတိပြုမိစေပါတယ်။ ဒီဟိုတယ်ကို အကြိမ်ရေများစွာလာတဲ့ ဧည့်သည်တွေရှိနေသလို၊ ဧည့်သည် အဆင်ပြေစိတ်ကျေနပ်မှုရရှိစေတဲ့အထိ ၀န်ဆောင်မှုကို ပေးထားနိုင်တာကတော့ ဟိုတယ်ရဲ့ အရည်အချင်းတစ်ခုလို့ ဆိုရပါမယ်။
ဧည့်သည်အနေနဲ့ ခေါင်းအုံးအမာကြိုက် သလား၊ အပျော့ကြိုက်သလားအထိ အသေးစိတ် စိစစ်ပေးတဲ့ ၀န်ဆောင်မှုထိကို စီမံခန့်ခွဲပေးနိုင်တာက ဟိုတယ်ရဲ့ အားသာချက်တစ်ခုပါပဲ။

ဒါကြောင့်မို့ ဟိုတယ်ကို ကြိမ်ဖန်များစွာ လာရောက်တည်းခိုလေ့ရှိတဲ့ နိုင်ငံခြားသားများကို ရရှိထားစေခြင်းက ဟိုတယ်ရဲ့ ထင်ရှားတဲ့ အားသာ ချက်လို့ ဆိုရပါမယ်။ ၀န်ဆောင်မှုကို အလေးထားပြီး အလုပ်ပေါ်မှာ စိတ်စေတနာကောင်းနဲ့ လုပ်ကိုင်စေ ခြင်းကြောင့်လည်း တည်းခိုခဲ့တဲ့သူတွေရဲ့ မှတ်ချက် ကောင်းများစွာကိုပိုင်ဆိုင်ရရှိထားတဲ့ Panorama ဟိုတယ်ပါ။

ဒီဟိုတယ်ကို လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေရဲ့အကြိုက်နဲ့ အမူအကျင့်တွေ၊ အလေ့ အကျင့်တွေကိုအလေးထားပြီး ဆောင်ရွက်ပေးတာက လည်း Panorama ဟိုတယ်ရဲ့ အရည်အချင်းတစ်ခု ပါလို့ဆိုနိုင်ပါတယ်။

ဟိုတယ်ရဲ့ ပထမထပ်မှာ စားသောက်ဆိုင် နဲ့ ကျောက်စိမ်းအမှတ်တရအရောင်းဆိုင်ကို ထားရှိ ပေးသလို လူ ၃၀ ခန့်ဆံ့တဲ့ အစည်းအဝေးခန်းမကို လည်းထားရှိပေးထားပါတယ်။ အစည်းအဝေးခန်းမက တော့ အနည်းဆုံး၂ နာရီကို ကျပ်ငါးသောင်းနဲ့ တစ်နေ့ လုံးအထိ ငှားရမ်းမယ်ဆိုပါက တစ်သိန်းသုံးသောင်း သုံးထောင်နဲ့ ငှားရမ်းနိုင်ပါတယ်။ Ground Floor မှာကတော့ Lobby နဲ့ ဧည့်ကြိုကောင်တာကို ထားရှိ ပေးထားပါတယ်။

ဒါ့အပြင် လာရောက်တည်းခိုသူတွေအနေ နဲ့ ဧည့်ခန်းမှာပဲ အင်တာနက်အသုံးပြုနိုင်အောင် Computer Desktop များကို အခမဲ့ထားရှိပေးတာ ကလည်း ဧည့်သည်ရဲ့ စိတ်ကျေနပ်မှုကို ရရှိစေတဲ့ အထိဖြည့် ဆည်းပေးရမယ်ဆိုတဲ့ ၀န်ဆောင်မှုအတတ် ပညာတွေကို နားလည်ထားရှိစေတဲ့ Panorama ဟိုတယ်ပါပဲ။ လာရောက်တည်းခိုတဲ့သူတွေအတွက် ဘာသာစကားကလည်း အရေးကြီးတာမို့ ဂျပန်၊ တရုတ်၊ အိန်္ဒိယ စတဲ့ ဘာသာစကားတက်ကျွမ်းတဲ့ ၀န်ထမ်းတွေကိုခန့်ထားစေခြင်းကလည်း ၀န်ဆောင်မှု ကို အလေးထားတာကို တွေ့ရှိစေရပါတယ်။

ဟိုတယ်မှာ ရက်ရှည်နေထိုင်ကြတဲ့ နိုင်ငံ ခြားသားတွေရှိတာမို့ အစားအသောက်ပိုင်းဆိုင်ရာမှာ လည်း နေ့စဉ် မရိုးအီအောင် ဖန်တီးပေးသလို သူတို့ အစားအစာတွေကို ပြင်ဆင်ပေးစေခြင်းကလည်း ဧည့်သည်ရဲ့အကြိုက်ကို ဂရုပြုပေးစေတာက ဟိုတယ် ရဲ့ ၀န်ဆောင်မှု အားသာချက်တွေပါ။

ကြယ်သုံးပွင့်အဆင့်မီဟိုတယ်ဖြစ်တာမို့ ဟိုတယ်အဆင့်အတန်းကို အလေးထားပေးပြီး ဟိုတယ်အထပ်တိုင်းရဲ့လျှောက်လမ်းတိုင်းမှာ စီစီတီဗီ၊ မီးသတ်ဆေးဘူး၊ ဝိုင်ဖိုင်လွှင့်ပေးထားခြင်း၊ ဆေးလိပ် မသောက်ရ အမှတ်အသားများတဲ့ ဖြည့်ဆည်းပေးရ မယ့်စနစ်တွေကလည်းပါရှိထားပြီးမို့ အထူးပြောစရာ တော့ မလိုပါဘူး။
အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ၀န်ဆောင်မှု ကို နံပတ်တစ်ထားရှိပေးစေခြင်းက ဟိုတယ်ရဲ့ကောင်း မွန်တဲ့ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် ဟိုတယ်မှာလည်း အိန်္ဒိယအစား အစာချက်ပြုတ်နိုင်တဲ့သူ၊ ဂျပန်အစားအသောက်ချက် ပြုတ်နိုင်တဲ့သူ၊ European အစားအစာ ချတ်ပြုတ်နိုင် တဲ့သူ၊ တရုတ်အစားအစာနဲ့ မြန်မာအစားအစာစားဖို မှူးတွေကို ထားရှိပေးထားမို့ ဧည့်သည်စိတ်ကျေနပ်မှု ရရှိအောင် စီမံခန့်ခွဲပေးနိုင်တဲ့ ဟိုတယ်တစ်ခုလို့ ဆိုနိုင် ပါတယ်။

လက်ရှိဟိုတယ်မှာ အများဆုံးလာရောက် တည်းခိုကြတဲ့ နိုင်ငံခြားသားအများစုကတော့ ဂျပန် နိုင်ငံသားက ထိပ်ဆုံးလို့ ဆိုနိုင်ပါတယ်။ နှစ်ချုပ်နဲ့ ငှားရမ်းထားတာမျိုးလည်း ရှိကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိန်္ဒိယ၊ တရုတ်၊ European လူမျိုးတွေက တော့ အများဆုံး Panorama ဟိုတယ်မှာလာရောက် တည်းခိုမှု အများဆုံးဖြစ်ပါတယ်။
အဓိက လာ ရောက်တည်းခိုကြတဲ့ အကြောင်းရင်းက ရန်ကုန်မြို့ လယ်ခေါင်မှာတည်ရှိတဲ့ အားသာချက်တွေကြောင့် Panorama ဟိုတယ်ကို ရွေးချယ်တယ်လို့ ဆိုနိုင်ပါ တယ်။ ဒါ့အပြင် ဟိုတယ်ဘေးမှာလည်း Ruby Mart ကုန်တိုက်ကလည်းရှိစေတာမို့ အချက်အချာကျတဲ့ တည်နေရာမှာရှိစေတဲ့ အားသာချက်များစွာကို ပိုင် ဆိုင်ထားတဲ့ ဟိုတယ်တစ်ခုပါ။ ဒါ့အပြင် ဟိုတယ်မှာ လာရောက်တည်းခိုသူတွေရဲ့ မှတ်ချက်စကားသံတွေ ကလည်း အဓိကအရေးကြီးစေပါတယ်၊ ဧည့်သည်တွေ ရဲ့ မှတ်ချက်ဟာ ဟိုတယ်ရဲ့ အသက်တမျှအရေးကြီး ဆုံးပါပဲ။

ဧည့်သည်တွေဆီက Panorama ဟိုတယ် ပြန်ရရှိစေတာက နွေးထွေးတယ်။ လိုအပ်ချက်ကို အကုန်လုံးဖြည့်ဆည်းပေးနိုင်တယ်။ ဒီဟိုတယ်ရဲ့ ၀န်ထမ်းတွေက Recommend အရမ်းကောင်းတယ်။ ယဉ်ကျေးတယ်၊ ချစ်ခင်ဖွယ်ကောင်းတယ်စတဲ့ မှတ် ချက်တွေကြောင့် ၀န်ဆောင်မှုနာမည်ကောင်းများကို ပိုင်ဆိုင်ထားတဲ့ ဟိုတယ်လို့ ဆိုနိုင်ပါတယ်။ ရန်ကုန် မြို့မှာ ဟိုတယ်တွေအများကြီးတည်ရှိတာမို့ ဧည့်သည် ကတော့ ရွေးချယ်စရာတွေ အများကြီးပါပဲ၊ ဒီအထဲက မှ Panorama ကို ရွေးချယ်စေတာကလည်း ဟိုတယ် ရဲ့ Service ကောင်းမွန်မှုကြောင့်ပါပဲ။

ဆက်ဆံရေး၊ ကွာလတီ၊ စျေးနှုန်း စတဲ့ ယှဉ်ပြိုင်မှုတွေထဲကမှ ရွေးချယ်ကြလေ့ရှိကြပါတယ်။ ဧည့်သည်ရဲ့ ဒုတိယအိမ်လိုသဘောထားပြီး ၀န်ဆောင် မှုကို အဓိကထားဆောင်ရွက်ပေးထားပါတယ်လို့ ဟိုတယ်ရဲ့ တာ၀န်ရှိသူက ဆိုပါတယ်။ ဧည့်သည်ရဲ့ လိုအပ်ချက်ကို House Kepping က ချက်ချင်းတုံ့ပြန် တာမျိုးလုပ်ပေးနိုင်ရင် ဧည့်သည်က ဒါကို မှတ်ထား စေပြီး နောက်တစ်ကြိမ် သူ လာတည်းရင်လည်း ဒီ ဟိုတယ်ကို ရွေးချယ်မယ်လို့ စိတ်ထဲမှတ်ထားလိုက်တဲ့ အထိ အကောင်းဆုံး၀န်ဆောင်မှုတွေကို ဟိုတယ်က နေဖြည့်ဆည်းပေးပါတယ်လုိ့ ဟိုတယ်ရဲ့ တာ၀န်ရှိက ပြောပြပါတယ်၊။ ၁၅ နှစ် ၁၆ နှစ် တိုင်အောင် တည်းခို တဲ့ ဧည့်သည်ရှိနေတာကို ကြည့်ခြင်းအားဖြင်လည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှုကို အထူးပြောစရာမလိုပါဘူး။

စျေးလည်းမှန်မယ် ၀န်ဆောင်မှုကိုလည်း အကောင်းဆုံးပေးထားတယ်။ မြန်မာရဲ့ Taste ကို ဖော်ညွှန်းပြသပိုင်ဆိုင်ထားတဲ့အပြင် ဟိုတယ်ရဲ့နာမည် နဲ့လိုက်ဖက်အောင် ၀န်ဆောင်မှုကို အကောင်းဆုံးထိန်း သိမ်းထားတဲ့ ဟိုတယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

မိသားစုလို နွေးထွေးစွာဆက်ဆံတတ်တဲ့ ပိုင်ရှင်နဲ့ ၀န်ထမ်းကြားက ဆက်ဆံရေးကလည်း ဟိုတယ်ရဲ့ အောင်မြင်ခြင်းအချက်ပါပဲ။ ဒါကြောင့်မို့ Panorama ဟိုတယ်၀န်ထမ်းတွေဟာ မြဲတဲ့အပြင် ၀န်ထမ်းကောင်းတွေကို ပိုင်ဆိုင်ထားရခြင်းကလည်း ဆုလာဒ်တစ်ခုလို့ဆိုနိုင်ပါတယ်။ ဟိုတယ်မှာ ၀န်ထမ်း ပေါင်း ၉၆ ယောက်ရှိပြီး နေ့ဆိုင်း ညဆိုင်းတာ၀န်ကျ စေပြီး နေ့စဉ် ထမင်းနှစ်နပ်ကျွေးမွေးသလို နှစ်စဉ် လွတ်လပ်ရေးနေ့တွေမှာဆို ၀န်ထမ်းကောင်းဆုတွေကို ချီးမြှင့်ပေးတာမျိုး၊ ထူးချွန်ဆုပေးတာမျိုးနဲ့ Staff Party မျိုးကို ပြုလုပ်ပေးလေ့ရှိတာမို့ ဟိုတယ်မှာပျော် ရွှင်စွာနဲ့လုပ်ကိုင်ကြတာမို့ ၀န်ထမ်းမြဲခြင်းကလည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှုကို ပိုပြီးကောင်းမွန်စေတဲ့ အားသာချက်အချက်တစ်ခုဖြစ်စေပါတယ်။ ဟိုတယ် လုပ်ငန်းဟာ Service ဆိုတာကို နားလည်ထားတဲ့ ဟိုတယ်တစ်ခုလုိ့ဆိုနိုင်ပါတယ်။

ဒါ့အပြင် ဟိုတယ်အိပ်ခန်းတွေမှာ ဒေါ်လာ ၅၀ တန် ပန်းချီကားတွေကိုလည်း အလှဆင်ချိတ်ဆွဲ ထားပေးထားပြီး အိပ်ခန်းတွေမှာ Shower နဲ့ ချိုးတာ မျိုးနဲ့ Bath-tubs နဲ့ အခန်းတွေကို ထားရှိပေးထား ပါတယ်။

Asian တွေကတော့ Shower နဲ့ ချိုးတာ မျိုးကို ကြိုက်နှစ်သက်ကြတာမို့ ရွေးချယ်နိုင်အောင် လည်း ၀န်ဆောင်မှုပေးထားတာကိုလည်း တွေ့မြင်ရစေပါတယ်။ ဆေးလိပ်သောက်ချင်တဲ့ ဧည့်သည် အတွက် အထပ်ကို ၂ ၊ ၄ ၊ ၅ အထပ်တွေအဖြစ် ထားရှိပေးထားပါတယ်။ ဆေးလိပ်မသောက်တဲ့သူတွေ အတွက် သီးသန့်ပဲနေမယ်ဆိုရင်တော့ သပ်သပ်ထားရှိ ပေးထားပါတယ်။ ဂျပန်လူမျိုးဧည့်သည်တွေကတော့ ရေချိုးကန်ပါတာကို သဘောကျတာမို့ Bath-tub ပါတဲ့ အိပ်ခန်းတွေကိုသာ ရွေးချယ်ပေးတာမို့ တည်းခို သူရဲ့အကြိုက်ကို ဂရုပြုစေပြီး ၀န်ဆောင်မှုပေးခြင်းက လည်း ဟိုတယ်ရဲ့အားသာချက်တစ်ခုပါပဲ။

ဒါ့အပြင် ဟိုတယ်ကို ထပ်လောင်းအား ဖြည့်ထားတဲ့ ကျွန်းလှေကားကြီးရဲ့ လှပခန့်ညားထည်ဝါမှုကိုလည်းတွေ့မြင်ရစေပါတယ်။ ဟိုတယ်က အထပ် မြင့်ဆိုပေမယ့် ဟိုတယ်တည်ဆောက်ထားတဲ့ အခန်းတိုင်း ဖွဲ့စည်းမှုတွေက စိတ်ကို သက်သောင့် သက်သာဖြစ်စေအောင် အခန်းဖွဲ့စည်းပေးထားတာမို့ ဟိုတယ်ရဲ့ အားသာချက်တစ်ခု ဖြစ်စေတာပါပဲ။

ဒါကြောင့် ရန်ကုန်မြို့ရဲ့ အထင်ကရနေရာ တွေကို အလွယ်တကူသွားရောက်လည်ပတ်နိုင်တဲ့ အားသာ ချက်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် မြို့လယ် ခေါင်ရဲ့ ဆုံချက်မှာတည်ရှိပြီး ဟိုတယ်တစ်ခုရဲ့အရေး ကြီးဆုံး အချက်ဖြစ်တဲ့ ၀န်ဆောင်မှုကို လက်ကိုင်ထား ပြီး နာမည်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Panorama ဟိုတယ် ကို ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန်အဖြစ် ဖော် ပြပေးလိုက်ပါတယ်။

TravellingJournal/ Vol_1_Issue_17

Photo_PanoramaHotel