ကိုလိုနီခေတ်အငွေ့အသက်တွေနဲ့ မြို့တောင်ငူက Global Grace

နှင်းဆီသခင် ရန်ကုန်မြို့နဲ့ မိုင် ၁၅၀ လောက်ဝေးတဲ့ တောင်ငူမြို့လေးကို ပြည်တွင်းပြည်ပ ခရီးသွားတွေ သွားရောက် လည်ပတ်နေကြဆဲပါ။ တောင်ငူ မြို့ဟာဆိုရင် ဒုတိယမြန်မာနိုင်ငံတော်ခေတ်က တည်ထောင်ခဲ့တဲ့ မြို့တ ...

နှင်းဆီသခင်

ရန်ကုန်မြို့နဲ့ မိုင် ၁၅၀ လောက်ဝေးတဲ့ တောင်ငူမြို့လေးကို ပြည်တွင်းပြည်ပ ခရီးသွားတွေ သွားရောက် လည်ပတ်နေကြဆဲပါ။ တောင်ငူ မြို့ဟာဆိုရင် ဒုတိယမြန်မာနိုင်ငံတော်ခေတ်က တည်ထောင်ခဲ့တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။
ဒုတိယမြန်မာနိုင်ငံတော်ရဲ့ အနုလက်ရာ တော်တော်များများကိုတွေ့မြင်နိုင်သေးတဲ့ တောင်ငူ မြို့ဖြစ်သလို သမိုင်းကြောင်းတွေ နက်နဲစွာတည် ရှိနေသေးတဲ့ မြို့တောင်ငူဆိုလည်းမမှားပါဘူး။

မြို့တောင်ငူမှာ တစ်ထောက်နားပြီးတော့ နော်ဘူဘောတောင်၊ ပသိချောင်း၊ ဖိုးကျားဆင် စခန်းနဲ့ တစ်ခြားလည်ပတ်စရာတွေကို သွား ရောက်လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် တောင်ငူ မှာ ညအိပ်ပြီး နေပြည်တော်၊ ထိုမှတစ်ဆင့် ပေါင်း လောင်း၊ ပေါင်းလောင်းမှာရှိတဲ့ နန့်မွန်ကြီးရေတံ ခွန်ဆီကိုလည်း သွားရောက်နိုင်ပါသေးတယ်။စာဖတ်သူတွေအနေနဲ့ ခရီးရှည်တွေကို တောင်ငူကနေ တစ်ထောက်နားပြီး သွားဖြစ်ခဲ့မယ် ဆိုရင် တောင်ငူမြို့ပေါ်က တိတ်ဆိတ်ပြီးတော့ သီးသန့်လိုတည်ရှိနေတဲ့ ကိုလိုနီခေတ်အငွေ့အသက် တွေ ရရှိနိုင်သေးတဲ့ Global Grace Hotel နဲ့ ဒီတစ်ပတ်ရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ ဖော်ပြပေးလိုက်ပါတယ်။

ဒီ Global Grace Hotel ကတော့ မိုင်းဒါ ကွင်းရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်။ တောင်ငူ လမ်းဟောင်းကနေလာမယ်ဆိုရင် သာသနဟိတ ကာရီဗိမာန် ထောင့်မှာရှိတဲ့ ဟိုတယ်ဆိုင်းဘုတ်ကို တော့ ထင်ထင်ရှားရှားတွေ့မြင်ရမှာပါ။ ဟိုတယ် ကို ငါးမိနစ်ခန့်လမ်းလျှောက်ရုံနဲ့ ရောက်ရှိမှာဖြစ် ပါတယ်။

ဟိုတယ်ရဲ့ ဝင်းထဲကို ဝင်လိုက်ရပြီဆိုရင်ပဲ အစီအရီစိုက်ထားတဲ့ အာသောကသစ်ပင်တွေကို ကနဦးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ကိုလိုနီခေတ် အဆောက်အအုံဖြစ်တာကြောင့် ဟိုတယ် တည်ဆောက် ပုံကတော့ ရိုးရှင်းတာကိုတွေ့မြင်ရမှာပါ။ (၄)ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ဟိုတယ်ကို ဘန်ဂလို Type (၄)ခန်းတွဲနဲ့ Building Type ပုံစံဆောက်လုပ်ထားပြီး အခန်းပေါင်းအားဖြင့် စုစုပေါင်း(၁၈)ခန်းရှိပါတယ်။

အခန်းဖွဲ့စည်းပုံတွေအနေနဲ့ကတော့ ကိုလိုနီ ခေတ်အဆောက်အဦးတွေ ဖြစ်တာကြောင့် ရိုး ရှင်းပါတယ်။ မျက်စိအေးတာကို နှစ်သက်တဲ့သူ တွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲ။ နောက်ပြီး အခန်းတွေကလည်း ကျယ်ဝန်းတာ ကြောင့် တည်းခိုမယ့်သူတိုင်းကို စိတ်တိုင်းကျစေ မိမှာပါ။

အခန်းအမျိုးအစားတွေအနေနဲ့ကတော့ Building Type မှာ Standard နဲ့ Family Room အမျိုးအစားတွေရှိပြီးတော့ Family Room (၄)ခန်းနဲ့ Standard (၁၀)ခန်းရှိပါတယ်။ ဈေးနှုန်းတွေအနေနဲ့ကတော့ FamilyRoom မှာဆိုရင် (၅၅၀၀၀ိ/) ကျသင့် မှာဖြစ်ပြီး လေးယောက်ထိ ကျယ်ကျယ်ဝန်းဝန်း တည်းခိုနိုင်မှာဖြစ်ပါတယ်။ Standard Room မှာဆိုရင် (၃၃၀၀၀ိ/-) ကျသင့်မှာပဲ ဖြစ်ပါတယ်။

ဟိုတယ်ရဲ့ ဘေးတစ်ဖက် သစ်ပင်တွေကြား မှာ ဖွဲ့စည်းထားတဲ့ ဘန်ဂလို Type လေးခန်းတွဲ မှာ တည်းမယ်ဆိုရင်တော့ ဘေးဘက်အစွန်ဆုံး အခန်း နှစ်ခန်းဟာဆိုရင် နှစ်ယောက်ထဲတည်းခို မယ်ဆိုရင် (၃၈၅၀၀ိ/)ကျသင့်မှာဖြစ်ပြီးတော့ (၃)ယောက်တည်းခိုမယ်ဆိုရင်တော့ (၄၉၅၀၀ိ/) ကျသင့်မှာပဲ ဖြစ်ပါတယ်။ အလယ်က နှစ်ခန်းမှာ တည်းမယ်ဆိုရင်တော့ (၂)ယောက်ကို (၄၄၀၀၀ိ/) ကျသင့်မှာဖြစ်ပြီး (၃)ယောက်တည်းမယ်ဆိုရင် တော့ (၅၅၀၀၀ိ/)ကျသင့်မှာပဲဖြစ်ပါတယ်။

ဝန်ဆောင်မှုအပိုင်းတွေအနေနဲ့ မနက်စာ Breakfast ပါဝင်မှာဖြစ်ပြီး စာဖတ်သူတို့ စိတ် ကြိုက်မှာစားနိုင်မယ့် အခန်းတွင်းဝန်ဆောင်မှု လည်းရှိပါတယ်။ နောက်ပြီး စာဖတ်သူတို့ ခရီး တစ်လျှောက်သွားလာရတာပင်ပန်းပြီး အညောင်း အညာမိနေရင်တော့ ဟိုတယ်မှာ ဈေးနှုန်းသင့်တင့် တဲ့ Spa လည်း ရှိပါသေးတယ်။ Spa ကတော့ အခန်းတွင်းဝန်ဆောင်မှုဆိုရင် ဈေးနှုန်းတစ်မျိုးဖြစ် ပြီးတော့ Spa ကို သွားမယ်ဆိုရင်တော့ ဈေးနှုန်း တစ်မျိုးကျသင့်မှာဖြစ်ပါတယ်။

နောက်ပြီး ဧည့်သည်တွေအနေနဲ့ စိတ်အပန်း ဖြေနိုင်စေဖို့ Entertainment အစီအစဉ်တွေကို ထပ်မံဝန်ဆောင်မှုပေးသွားမယ်လို့လည်း ဟိုတယ် ပိုင်ရှင် ဦးအောင်မြင်က ပြောပါတယ်။

တိမ်တွေနေတဲ့ အရပ်လို့တောင် တင်စားကြ တဲ့ သံတောင်ကြီးက နော်ဘူဘောတောင်ကို ဟိုတယ်ကနေသွားမယ်ဆိုရင် အသွားအပြန် သုံး နာရီကျော် အချိန်ပေးလိုက်ရုံနဲ့ သွားရောက်လည် ပတ်နိုင်ပါတယ်။ နောက်ပြီး ပသိချောင်းမှာလည်း ရေချိုးနိုင်မယ့် ခရီးစဉ်ဟာလည်း ခရီးသွားတွေ အတွက် အကြိုက်တွေ့စေတဲ့ ခရီးစဉ်တစ်ခုဆို လည်း မမှားပါဘူး။

ဒါကြောင့်မို့ စာဖတ်သူတွေအနေနဲ့ တောင်ငူ မြို့လေးကို ခရီးတစ်ထောက်နားချင်လို့ပဲ ဖြစ်ဖြစ် သီးသန့်လာရောက်လည်ပတ်လို့ပဲဖြစ်ဖြစ် ညအိပ် တည်းခိုချင်သူတွေအတွက် တောင်ငူမြို့လေးက Grobal Grace ဟိုတယ်လေးနဲ့ မိတ်ဆက်ပေး လိုက်ရပါတယ်။

Travelling_Journal

Vol_1_Issue_8
ဟိုတယ်လမ်းညွှန်
Photo_နှင်းဆီသခင်