နှင်းဆီသခင်
ချောင်းသာကမ်းခြေဟာဆိုရင် ပြည်တွင်းခရီး သွားတွေ အများဆုံးလာရောက်လည်ပတ်ကြတဲ့ ဆုံမှတ်တစ်ခုလို့ တင်စားချင်ပါတယ်။ ရန်ကုန်မြို့နဲ့ အနီးဆုံးကမ်းခြေတစ်ခုဖြစ်တာရယ်၊ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် စားသုံးနိုင်တဲ့ အားသာချက် တွေရှိတာကြောင့် ရာသီဥတုမရွေး အမြဲတမ်းဧည့်သည် မပျက်သွားလာနေတဲ့ ကမ်းခြေတစ်ခုပါ။
ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေအနေနဲ့ တည်းခိုနေနိုင်ဖို့အတွက် လည်း ရွေးချယ်စရာတွေကို စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ကမ်းခြေပါ။ ဒီလိုရွေးချယ်စရာတွေများတဲ့အထဲကမှ ရွှေရောင်ကမ်းခြေလို့တင်စားထားတဲ့ Golden Beach ဟိုတယ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဟိုတယ်ဟာဆိုရင် ဆယ်ခုနှစ် နှစ်ခုနီးပါးကျော် တည်ရှိလာတဲ့ ဟိုတယ်တစ်ခုပဲဖြစ်ပါတယ်။ ဟိုတယ် ကို မြေ လေးဧကနီးပါး ပေါ်မှာ တည်ဆောက်ထားပြီး အခန်းပေါင်း (၁၀၂)ခန်းပါရှိပါတယ်။ Sea View ဘန်ဂလို (၁၁)လုံး၊ Second Sea View (၃)လုံး၊ လေးခန်းတွဲဘန်ဂလို Type (၄)လုံး၊ ခြောက်ခန်းတွဲ ဘန်ဂလိုType (၁)လုံးနဲ့ နှစ်ထပ် အဆောင်(၂)ဆောင် နဲ့ သုံးထပ်အဆောင် တစ်ဆောင်တို့ကို ထည့်သွင်း တည်ဆောက် ထားပါတယ်။
ဒီဟိုတယ်ရဲ့ အခန်းစျေးနှုန်းတွေကတော့ Sea View အခန်းအမျိုးအစားဆိုရင် ပုံမှန်အားဖြင့် ကျပ် (၁၁၀၀၀၀)၊ Second Sea View (၉၉၀၀၀)၊ Garden View အခန်းအမျိုးအစားဆိုရင် ကျပ် (၇၇၀၀၀) ရှိပါတယ်။ ဒါပေမဲ့ မိုးရာသီကာလတွေ မှာဆိုရင်တော့ Sea View ဆိုရင် ကျပ် (၈၈၀၀၀) ၊ Second Sea View ဆိုရင် ကျပ် (၇၇၀၀၀) ၊ Garden View ဆိုရင် (၅၅၀၀၀) ပဲကျသင့်မှာ ဖြစ် ပါတယ်။
ဒါ့အပြင် ဒီဟိုတယ်ရဲ့ ထူးခြားချက်က LandScape အပိုင်းကို အထူးအလေးပေးဆောင်ရွက်ထား တာကို တွေ့ရသလို နောက်ထပ်အားသာချက်တစ်ခုကတော့ ကိုယ်တည်းခိုတဲ့အခန်းအနီးအထိ ကားပါကင် ရပ်လို့ ရအောင် ကားပါကင်လျှောက်လမ်းတွေ ဆောင်ရွက်ပေးထားတာကို တွေ့ရပါတယ်။ ဒါကတော့ ဟိုတယ်ရဲ့ ထူးခြားချက်ပါ။ ဒါ့အပြင် ၀န်ဆောင်မှုတွေ အနေနဲ့ ဟိုတယ်မှာအားကစားခန်းမရှိသလို၊ ကလေးလူကြီး ရေကူးနိုင်တဲ့Swimming Pool ၊ အပန်းဖြေဥယျာဉ်၊ ကလေးကစားကွင်း၊ Mini ဂေါက်ကွင်း၊ စနူကာ၊ Bar ၊ Restaurant နဲ့ 24 hrs ဖွင့်လှစ်ပေးထားတဲ့ Spa တို့ကို ထည့်သွင်း ပေးထားတာက ဟိုတယ်ရဲ့ အားသာချက် တစ်ခုပါ။
ဒါ့အပြင် ဟိုတယ်ရဲ့ အကောင်းဆုံး၀န်ဆောင်မှု ပေးထားတဲ့ ထူးခြားချက်တစ်ခုရှိပါသေးတယ်။ အဲဒါက တော့ ဟိုတယ်တိုင်းအများစု ဝန်ဆောင်မှု ပေးသည့် မနက်စာအပြင် နေ့လယ် Tea Time နဲ့ ညစာဘူဖေးကို ထည့်သွင်း ၀န်ဆောင်မှု ပေးထားပါသေးတယ် ။ ချောင်းသာကမ်းခြေရဲ့ ဟိုတယ်တွေထဲကမှ ထူးခြားတဲ့ ၀န်ဆောင်မှုကို ပေး ထားတဲ့ဟိုတယ်တစ်ခုလို့ ဆိုရပါမယ်။ ဒီ၀န်ဆောင်မှု ကို ထည့်သွင်းပေးထားတာကတော့ လေးနှစ်နီးပါးရှိ သွားပြီလို့ ဟိုတယ်ရဲ့တာ၀န်ရှိသူတွေက ဆိုပါတယ်။ ဒီလိုညစာဘူဖေးကို ထည့်သွင်း ၀န်ဆောင်မှုပေးတဲ့ အတွက် လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေများစွာ ရရှိတာကလည်း ဟိုတယ်ရဲ့ ကောင်းမွန်လှတဲ့ အားသာချက်တစ်ခုပါ။
အများစုကတော့ ချောင်းသာကမ်းခြေကိုလာ လည်ကြတဲ့ ဧည့်သည်တွေဟာ အမျိုမျိုးကွဲပြားခြား အနားယူကြတာဖြစ်တဲ့အတွက် တချို့ဧည့်သည်တွေက ကမ်းခြေမှာပင်လယ်စာစားပြီး အပန်းဖြေအနားယူချင် တဲ့ ဧည့်သည်မျိုးရှိသလို ဟိုတယ်အတွင်းမှာပဲအနား ယူပြီးနေကြတဲ့ ဧည့်သည်မျိုးတွေလည်း ရှိကြတဲ့ အတွက် ဟိုတယ်မှာ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှုတွေကို ဖြည့်ဆည်းဆောင်ရွက်ပေးဖို့ အမြဲကြိုးစားတယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။
ဟိုတယ်ထဲမှာ အားလုံးရနိုင်အောင် ထည့်သွင်း ပေးတာကလည်း ဒီဟိုတယ်ရဲ့ အားသာချက်တစ်ခုပါ။ ရေကူးကန်သွားမလား။ Bar မှာထိုင်မလား၊ Spa မှာသွားပြီး အနားယူမလား၊ အားကစားခန်းမဆီ သွားလေ့ကျင့် မလား၊ စားသောက်ခန်းမမှာသွားပြီး ပင်လယ်စာတွေကို စိတ်ကြိုက်သုံးဆောင်ကြမလား၊ စိတ်ကြိုက် အပန်းဖြေနိုင်မယ့် KTV မှာသီချင်းဆိုမလား၊ ဒီလိုဟိုတယ်အတွင်းမှာဘဲ မျိုးစုံလှတဲ့ ၀န် ဆောင်မှုတွေကို ထည့်သွင်းပေးထားတဲ့အတွက် လာရောက်တည်းခိုကြတဲ့ ဧည့်သည်တွေအတွက် သက် တောင့် သက်သာ ဖြစ်အောင် ဖန်တီးပေးထားပါတယ်။
ဒီလို၀န်ဆောင်မှုတွေကြောင့်လည်း လာရောက်တည်း ခိုကြတဲ့ ဧည့်သည် တွေရဲ့ အမှတ်ရပြီးစိတ်တိုင်းကျစေ တာကတော့ အမှန်ပါပဲ။ ဒါ့အပြင် အသက်ကြီးပိုင်းတွေ အတွက်လည်း သွားချင်တဲ့နေရာကို ဟိုတယ်ရဲ့ ဘက်ဂီတွေနဲ့ လိုက်လံပို့ဆောင်ပေးတဲ့၀န်ဆောင်မှုကို ပေးထားတဲ့အတွက် ဟိုတယ်ရဲ့ ၀န်ဆောင်မှုကောင်း တစ်ခုလို့ဆိုချင်ပါတယ်။ ၀န်ဆောင်မှုကို အလေးထား ပေးတဲ့အတွက် လာရောက် တည်းခိုကြတဲ့ ဧည့်သည် တွေအတွက် စိတ်တိုင်းကျဖြစ်စေမယ်ဆိုတာကတော့ ပြောစရာကိုမလိုပါဘူး။
ဒါ့အပြင် ဟိုတယ်ရဲ့ Land Scape ပိုင်းကို အလေးထားဆောင်ရွက်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ ဧည့့်သည်တွေအတွက် လေကောင်းလေ သန့်ရရှိအောင် ဖန်တီးပေးထားသလို မြင်တွေရသည့် မြင်ကွင်းတွေကိုလည်း မျက်စိ အေးအောင် ဖန်တီးပေးထားတာကလည်း ဟိုတယ်ရဲ့ ထူးခြားမှုတစ်ခုပါ။ ဒါ့အပြင် ဒီဟိုတယ်မှာ အိန်္ဒိယ အစားအစာ၊ တရုတ်အစားအစာ၊ မြန်မာအစားအစာ တွေအပြင် ပင်လယ်စာတွေကို စိတ်ကြိုက်သုံးစွဲနိုင် သလို အခန်းတွင်းလည်း မှာယူသုံးစွဲနိုင်ပါတယ်။ စာရေးသူကတော့ အခန်းတွင်းကို ပုဇွန်ကင်မှာယူ စားသောက်ပါတယ်။ အကောင်အကြီးအသေး ၁၂ ကောင်ပါ၀င်ပြီး တစ်ပွဲကို ၈၈၀၀ ကျပ်သာရှိပါတယ်။ စျေးနှုန်းအားဖြင့်မဆိုးသလို ပုဇွန်ကိုလတ်လတ်ဆတ် ဆတ်စားရတာကြောင့် အရသာရှိပါတယ်။ ချောင်းသာ ဆိုရင် အများစုက ချက်ပို့လို့ခေါ်တဲ့ ဒေသခံတွေဆီမှ ချက်ပြီးမှာ ယူစားသုံးကြ တာများသလို စားသောက်ဆိုင် တွေမှာသွားစားကြတာလည်းရှိတယ်။ ဒါပေမဲ့ တကယ့် ကို အေးအေးဆေးဆေး အနားယူခြင်းကို ပြည့်ပြည့်၀၀ လိုချင်သူတွေအတွက်ကတော့ Golden Beach Hotel က အကောင်းဆုံး ၀န်ဆောင်မှုပေးတာကို တွေ့ရပါတယ်။
ဒီလို ၀န်ဆောင်မှုကောင်းတာတွေရှိတာကြောင့် ကြိမ်ဖန်များစွာလာရောက်တည်းခိုကြတဲ့ ဧည့်သည် တွေအတွက်လည်း ၁၀ ရာခိုင်နှုန်း Discount ရရှိနိုင် မယ့် Member ကတ်ကိုလည်း လက်ဆောင်မွန်အဖြစ် ပြန်လည်ပေးထားပါသေးတယ်။
ဒါ့ကြောင့် ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက်အပန်းဖြေကြတဲ့ ချောင်းသာကမ်းခြေ။ ပင်လယ်စာတွေ စိတ်ကြိုက်စားနိုင်တဲ့ ကမ်းခြေကို လာရောက်အပန်းဖြေခဲ့ရင် တစ်နေရာတည်းမှာ ပြီးပြည့်စုံတဲ့ ၀န်ဆောင်မှု ကောင်းတွေရရှိနိုင်တဲ့ ရွှေရောင် ကမ်းခြေလို့ တင်စားထားတဲ့ Golden Beach ဟိုတယ်ဆီ သွားရောက်တည်းခိုနိုင်စေဖို့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်အဖြစ် လမ်းညွှန်ပေးလိုက်ပါတယ်။