38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု စတင်

#Travelling journal ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ပေါ်ရှိ 38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု ကို စတင်လက်ခံပြီဖြစ် ကြောင်း Operation ပိုင်းကို တာဝန်ယူထားသူ ကို Austin Aung က ...

#Travelling journal

ရန်ကုန် မန္တလေး အမြန်လမ်းမကြီး ပေါ်ရှိ 38 Miles Farm House တွင် Camp ဖြင့် ညအိပ်ဝန်ဆောင်မှု ကို စတင်လက်ခံပြီဖြစ် ကြောင်း Operation ပိုင်းကို တာဝန်ယူထားသူ ကို Austin Aung က Travelling journal သို့
ပြောသည်။

ဇန်နဝါရီ ၁၀ ရက် မှ စတင်ကာ ညအိပ်တည်းခိုခြင်းကို စတင်လက်ခံခဲ့ပြီး လက်ရှိ တွင် ယခုလ လယ်အထိ Booking များ ပြည့်နေပြီ ဖြစ်ကြောင်း သိရသည်။

ညအိပ် ခရီးစဥ်ကို စတင်ချိန် နေ့ခင်း ၂နာရီ မှ နောက်တစ်ရက် မနက် ၁၀ နာရီထိ ဖြစ်ကာ အဆိုပါ ဝန်ဆောင်မှုတွင် နံနက်စာ အပြင်Tea Time နှင့် Dinner ပါဝင် ပြီး တစ်ဦးလျှင် ကျပ်သုံးသောင်းကျသင့်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် နံနက်စာကို ကိုယ်တိုင်ပြုလုပ်ရပြီး ငါးသေတ္တာ ကြက်အူချောင်း ခေါက်ဆွဲထုတ် ပေါင်မုန့် များကို ထားရှိပေးသွားမည်ဖြစ်ကာ ပဲခူးမြစ်အတွင်း လှေစီးခ ပါဝင် ကြောင်း သိရသည်။ အဆိုပါ ညအိပ်ဝန်ဆောင်မှုကို တစ်နေ့လျှင် လူဦးရေ အယောက်၂၀ ကို သာလက်ခံသွားမည်ဖြစ်​ကြောင်း သိရသည်။

“ဇန်နဝါရီလ လ လယ်ထိ ပြည့်နေတယ်။ နေ့ချင်းပြန် ဆိုရင် တော့ ကြားရက်ကို ကျပ် ၁၈၀၀၀ ယူပါတယ်။ အနည်းဆုံး ၁၀ ယောက်တော့ရှိရမယ်။ တည်းစရာနေရာပါမယ်။ လှေစီးတာပါမယ်။ နေ့လည်စာပါမယ် Tea Time ပါတယ်။ ရေသန့် ရေနွေး ပါမယ်။အကုန်အပြီးအစီး ပါဝင်ပါတယ်” ဟု Austin Aung က Travelling journal သို့ ပြောသည်။

ထို့ပြင် မနက် ၁၀ နာရီမှ နောက်နေ့မနက် ၁၀ နာရီထိ Package ကို ဝယ်ယူပါက ကျပ်၄၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပြီး နေ့လည်စာ Tea Time Dinner နောက်တနေ့နံနက်စာအပါအဝင် လှေစီးခပါ ပါဝင်ကြောင်းသိရသည်။

နောက်ပိုင်း ယင်းခြံတွင် ရီဆော့များ ဆောက် လုပ်သွားမည်ဖြစ်ပြီး လက်ရှိ ၌ မြေငါး ဧက ပေါ်တွင် ဆောင်ရွက် နေ ကြောင်း သိရသည်။

Photo 38 Miles Farm house FB / Austin Aung