လွိုင်ကော်မြို့က မေတ္တာမြေဟိုတယ်

နှင်းဆီသခင် ငွေတောင်ပြည်ဌာနေ (သို့) ဒွေးမယ်နော် လို့ အမည်နာမရှိတဲ့ ကယားပြည်နယ်ကို ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်လို့နေပါပြီ။၂၀၁၆ ခုနှစ်နောက်ပိုင်း ကယားပြည်နယ်မှာ ဟိုတယ်လုပ်ငန်း တွေဟာ အရှိ ...

နှင်းဆီသခင်

ငွေတောင်ပြည်ဌာနေ (သို့) ဒွေးမယ်နော် လို့ အမည်နာမရှိတဲ့ ကယားပြည်နယ်ကို ခရီးသွားတွေ အများအပြားလာရောက်လည်ပတ်လို့နေပါပြီ။၂၀၁၆ ခုနှစ်နောက်ပိုင်း ကယားပြည်နယ်မှာ ဟိုတယ်လုပ်ငန်း တွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာစေခဲ့တာ အခု ဆိုရင် ဟိုတယ်အရေအတွက် ၃၀ နီးပါးခန့်ရှိလို့နေ ပါပြီ။

ပြည်တွင်းခရီးသွားတွေရဲ့ စိတ်ဝင်စားမှု အများဆုံးရရှိတဲ့ ပြည်နယ်တစ်ခုဖြစ်လာသလို ခရီး သွားတွေအတွက် တည်းခိုစရာဟိုတယ်တွေကိုလည်း ရွေးချယ်တည်းခိုလာနိုင်ပါပြီ။ ဒီလိုရွေးချယ်စရာထဲက မှ ဒီတစ်လမှာ ဖော်ပြပေးချင်တာကတော့ မေတ္တာရိပ် တွေထုံလွှမ်းနေတဲ့ မေတ္တာမြေဟိုတယ်နဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ ဒီဟိုတယ်ဟာ လွိုင်ကော်မြို့လယ်ထဲက အေးချမ်းတိတ်ဆိက်တဲ့ လန်ကွတ်ရပ်ကွက်ထဲမှာရှိပြီး နားအေးပါးအေးတည်းခိုချင်ကြတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ဟိုတယ်ကို ရိုးရိုးရှင်းရှင်းနဲ့ နှစ်ထပ်တိုက်အိမ်ပုံသဏ္ဌာန်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

ဟိုတယ်ဆိုတာထက် မိမိအိမ်ကို ပြန် ရောက်သွားသလို စိတ်ခံစားချက်ဖြစ်ပေါ်စေအောင် ဟိုတယ်ကို ဖန်တီးပေးထားတာဖြစ်ပြီး ကိုယ်အိမ်ပြန် ရောက်သွားသလို စိတ်ခံစားချက်ကိုလည်း ရရှိစေပါ တယ်။ ဟိုတယ်လို့ခံစားမှုကိုတော့မရပဲ အိမ်ကိုပြန် ရောက်သွားသလို ခံစားရစေတာကလည်း မေတ္တာမြေ ဟိုတယ်ရဲ့ ထူးခြားမှုဖြစ်စေမှာပါ။ ဒီဟိုတယ်မှာ အခန်းပေါင်း ၁၄ ခန်းပါဝင်ပြီး ဟိုတယ်အခန်းခအနေနဲ့ တစ်ညကို မနက်စာအပါအဝင် ကျပ် နှစ်သောင်းက နေရှိတယ်လို့ဆိုပါတယ်။ ဟိုတယ်ရဲ့ နံနက်စာကိုလည်း ဒေသရိုးရာအစားအစာများနဲ့ တွဲဖက်ပြင်ဆင်ပေး တက်ပြီး မိမိစားချင်တဲ့ ပုံစံကိုလည်း ကြိုတင်မှာယူကာ စားသုံးနိုင်ပါတယ်။ ဒေသရိုးရာစာဖြစ်တဲ့ အာလူး ထောင်း၊ ခရမ်းချဉ်သီးထောင်း၊ ပန်ထွေဖျော်၊ ပဲသီး ထောင်း စတဲ့ ရိုးရာစာတွေနဲ့ပြင်ဆင်ပေးသလို အောင် မဲညိုလက်ဖက်နဲ့ ခတ်ထားတဲ့ ရေနွေးကြမ်းကိုလည်း ပြင်ဆင်ပေးတာက မေတ္တာမြေရဲ့ထူးခြားမှုတစ်ခုပါပဲ။

ဒါ့အပြင် ဟိုတယ်ကို လာရောက်တည်းခို တဲ့သူတွေကို ဟိုတယ်ဝန်ထမ်းတွေကနေ လာရောက် ကြိုပေးတဲ့ ဝန်ဆောင်မှုကိုလည်း ထည့်ပေးထားပါ တယ်။ အေးချမ်းတိတ်ဆိတ်ပြီး နားအေးပါးအေးနေ ချင်တဲ့သူတွေအတွက်အဆင်ပြေသလို၊ တည်းခိုတဲ့ ကုန်ကျစရိတ်ကလည်းမများပဲ ကြိါနအ နဲ့ လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအတွက်တော့ အသင့်တော် ဆုံးဟိုတယ်တစ်ခုပါပဲ။ ဒါကြောင့်မို့ ကယားပြည်နယ် လွိုင်ကော်မြို့ကို လာရောက်လည်ပတ်ရင် အေးချမ်း တိတ်ဆိတ်တဲ့ ရပ်ကွက်ထဲမှာရှိတာရယ် တည်းခိုခဈေး လည်းသိပ်မကြီးလှတဲ့ မေတ္တာမြေဟိုတယ်ဆီ သွား ရောက်တည်းခိုနိုင်စေဖို့ ဒီတစ်လရဲ့ ဟိုတယ်လမ်းညွန် အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

TravellingJournal / Vol -1 Issue -21hh