“ယ” တောင်တန်းခြေရင်းနား Golden Cave ဟိုတယ်ဆီ

နှင်းဆီသခင် တောင်စဉ်တောင်တန်းတွေ ဝန်းရံနေတဲ့ မြို့ငယ်လေးလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေကြားမှာ ရေပန်းစားစေတာက ပင်းတယမြို့လေးပါ။ စိမ်းဝါနီ စိုက်ခင်းတွေရဲ့ အလှတရားတွေကို တဝကြီးကြည့်ရှု ရနိုင်ပြီ ...

နှင်းဆီသခင်

တောင်စဉ်တောင်တန်းတွေ ဝန်းရံနေတဲ့ မြို့ငယ်လေးလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေကြားမှာ ရေပန်းစားစေတာက ပင်းတယမြို့လေးပါ။ စိမ်းဝါနီ စိုက်ခင်းတွေရဲ့ အလှတရားတွေကို တဝကြီးကြည့်ရှု ရနိုင်ပြီး အေးမြမှုနဲ့ တိတ်ဆိတ်ပြီး ခမ်းနားထည်ဝါမှု တွေနဲ့ အိနြေ္ဒရနေတဲ့ မြို့ငယ်လို့ စာရေးသူကတော့ တင်စားချင်ပါတယ်။ ဒီပင်းတယမြို့လေးကတော့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိပြီးတော့ ထင် ရှားတဲ့ ဝိသေသလက္ခဏာတွေ ပိုင်ဆိုင်ထားတဲ့ မြို့ လေးတစ်မြို့ဖြစ်ပါတယ်။

နှစ်ရာကျော်သက်တမ်းရှိတဲ့ ညောင်ပင်များစွာကို တစ်နေရာထဲမှာမြင်တွေ့ရစေတဲ့ တစ်ခုတည်း သော ပင်းတယမြို့။ ဂုဏ်သတင်းကြီးမားတဲ့ ရွှေဥမင်ဘုရား။ ပုန်းတလုတ်ရေကန်၊ ကုံလုံဆရာတော်ရုပ် ကလာပ်စံ ကျောင်းတော်အစရှိတဲ့ အထင်ကရနေရာများစွာတည်ရှိနေတဲ့ ပင်းတယမြို့လေးပဲဖြစ်ပါတယ်။ ဒီလိုထင်ရှား လှစေတဲ့ ဝိသေသတွေရှိရာမြို့လေးကို သွားရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေ အနေနဲ့ ညအိပ် ညနေတည်းခိုနိုင်ဖို့အတွက် ယတောင် တန်းခြေရင်းနားမှာ မှေးခိုထားတဲ့ ရွှေဂူဟိုတယ် သို့မဟုတ် Golden Cave ဟိုတယ်လေးနဲ့ ဒီတစ်လမှာ မိတ်ဆက်ပေးချင်ပါတယ်။

ဒီ Golden Cave ဟိုတယ်ကတော့ ရွှေဥမင်လမ်းမကြီးရဲ့ဘေး ယတောင်ခြေနား၊ ဆင်ခေါင်း ရပ်ကွက်အတွင်းမှာတည်ရှိပါတယ်။ ဟိုတယ်ကတော့ ရိုးရှင်းလှတဲ့ အပြင်အဆင်နဲ့တွေ့ရပြီးတော့ သဘာ၀ တရားရဲ့ လက်ဆောင်ကောင်းများကို ရယူပိုင်ဆိုင် ထားစေတဲ့ ဟိုတယ်တစ်ခုလို့ဆိုချင်ပါတယ်။ ဟိုတယ် ကို မြေဧက တစ်ဧကကျော်မှာတည်ဆောက်ထားပါ တယ်။ ဟိုတယ်ဝင်းထဲကို ဝင်လိုက်ရပြီဆိုရင် ဟိုတယ် လျှောက်လမ်းတစ်လျှောက်မှာ အစီအရီစိုက်ပျိုးထားတဲ့ ပန်းပင်မျိုးစုံကို တွေ့မြင်ရမှာပါ။ ပိန်းပန်းပင်တွေ၊ နှင်းဆီပင်တွေကို စိုက်ပျိုးထားသလို ဒေသသစ်ခွ မျိုးရင်းကိုလည်း ပန်းခြံအတွင်းမှာ ထည့်သွင်းထားရှိ ပေးတာကို တွေ့မြင်ရပါတယ်။ ဧရိယာကျဉ်းကျဉ်းမှာ LandScape ပိုင်းကို အတတ်နိုင်ဆုံးသေသေ သပ်သပ်လုပ်ထားတာတွေ့ရပါတယ်။

အခန်းအမျိုးအစားတွေကတော့ ဘန်ဂလို ခန်း၊ Building Type ပုံစံနဲ့တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ၊ ငါးခန်းတွဲ၊ လေးခန်းတွဲ အဆောက်အအုံပုံစံများနဲ့ ဟိုတယ်ကိုတည်ဆောက် ထားတာပါ။ ဟိုတယ်မှာ အဲယားကွန်းအခန်းနဲ့ ပန်ကာ အခန်းဆိုပြီးထားရှိပေးထားတဲ့ မိမိနှစ်သက်ရာအမျိုး အစားကိုု ရွေးချယ်နိုင်ပါတယ်။ အခန်းပေါင်းတော့ ၃၃ ခန်းရှိပြီးတော့ အခန်းခနှုန်းထားတွေ ကတော့ ပွင့်လင်းရာသီကာလမှာဆိုရင် ပြည်တွင်းခရီးသွား ဧည့်သည်တွေအတွက် တစ်ညကို ကျပ်(၂၅,၀၀၀) နဲ့ ကျပ် (၃၅,၀၀၀) သတ်မှတ်ထားပေမဲ့ Low Sea sonဆိုရင် တစ်ညကို ကျပ် (၂၁,၀၀၀) နဲ့ ကျပ် (၂၄,၀၀၀) နှုန်းဆိုပြီး ပြည်တွင်းခရီးသွားတွေအတွက် အထူးဝန်ဆောင်မှုပေးထားပါတယ်။ နိုင်ငံခြားသား ဧည့်သည်တွေအတွက်ကတော့ ခရီးသွားကုမ်္ပဏီတွေ နဲ့ စာချုပ်ချုပ်ဆိုထားပေမဲ့ Work In ဝင်လာတဲ့ နိုင်ငံခြားသားတွေအတွက်ဆိုရင် တစ်ယောက်ခန်းကို ၃၂ ဒေါ်လာ ၊ နှစ်ယောက်ခန်းဆိုရင် ၃၇ ဒေါ်လာ၊ သုံးယောက် ခန်းဆိုရင် ၅၇ ဒေါ်လာ ကျသင့်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးပန်း တာတွေပြေပျောက်စေဖို့အတွက် Spa ထား ရှှိပေးထားသလို လာရောက်တည်းခိုတဲ့သူတွေသာ မက တခြားပြင်ပဧည့်သည်တွေကိုလည်း Spa များ လာရောက် အပန်းဖြေနိုင်ပါသေးတယ်။ ဈေးကတော့ နှုန်းထားအလိုက် သတ်မှတ်ပေးထားပါတယ်။

ဟိုတယ်ရဲ့ အထူးဝန်ဆောင်မှုအနေနဲ့ သဘာ ဝတောတောင်အလှတွေကိုခံစားရင်း Trekking သွား ချင်တဲ့ဧည့်သည်တွေအတွက် ပင်းတယကနေ ကလော ကို ညအိပ်ခရီးစဉ်နဲ့ ပင်းတယ – ကလော – အင်းတိန် ခရီးစဉ်တွေကိုလည်းပို့ဆောင်ပေးပါတယ်။ ဧည့်သည် တွေအနေနဲ့လည်း ကိုယ်ကြိုက်နှစ်သက်တဲ့ ခရီးစဉ် လမ်းကြောင်းတွေကိုလည်း သွားနိုင်အောင် ဟိုတယ် ကနေ ဝန်ဆောင်မှုပေးထားပါသေးတယ်။ ဧည့်သည် အပေါ်မူတည်ပြီး နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်တွေကို ရေးဆွဲပေးပါတယ်။

အရှေ့မြင်အနောက်မြင်တောင်တန်းတွေဆီ ကိုသွားမလား၊ မိုးလုံးဟိန်းတောင်ဆီကို သွားချင် သလား၊ ပလောင်၊ ဓနု၊ ပအို့ဝ်တိုင်းရင်းသားတွေဆီကို သွားရောက်လည်ပတ်ပြီးတော့ ဃကူအကမန တွေ လေ့လာချင်သလား ဟိုတယ်ကနေ နေ့ချင်းပြန်ခရီးစဉ် တွေ၊ညအိပ်ခရီးစဉ်တွေကိုလည်း စိတ်တိုင်းကျဖြစ် အောင် ဝန်ဆောင်မှုပေးထားပါတယ်။

ဓနုမြေဖြစ်တာမို့ ဟိုတယ်မှာ ဓနုရိုးရာအစား အစာတွေနဲ့ တရုတ်အစားအစာတွေကို မှာယူစား သောက်နိုင်ပါတယ်။ ဒေသရိုးရာအစားအစာကို အရ သာရှိစွာနဲ့ ဧည့်ခံကျွေးမွေးတာကလည်း ဟိုတယ်ရဲ့ ဝန်ဆောင်မှုကောင်းတစ်ခုပါ။ ချက်ပြုတ်ကျွေးမွေးတဲ့ ဟင်းလျာတွေမှာ ဆီသိပ်မပါတဲ့အပြင် အရသာရှိလှ ပြီး လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်တွေနဲ့ ချတ်ပြုတ်ကျွေးမွေးဧည့်ခံပေးခြင်းကလည်း ဟိုတယ်ရဲ့ ဝန်ဆောင်မှုကောင်းတစ်ခုလို့ ဆိုရပါမယ်။

မနက်စာကတော့ ရှမ်းစာ ဒါမှမဟုတ် ပဲပြုတ်ထမင်း ကြော်၊ ဒေသလက်ဖက်၊ ခေါပုတ်ကြော်နဲ့ ဧည့်ခံကျွေး မွေးပါတယ်။ လူနှစ်ဆယ်အထက်ဆိုရင်တော့ မနက် စာကို ဘူဖေးကျွေးမွေးတယ်လို့ဆိုပါတယ်။ ဟိုတယ် မှာ နားခိုပြီး နေ့လယ်စာ ညစာတွေကိုလည်း မှာယူ သုံးဆောင်နိုင်ပါတယ်။

ဟိုတယ်ရဲ့ Land Scape ပိုင်းမှာတော့ နား နားနေနေ နေထိုင်နိုင်အောင် သစ်ရိပ်ကောင်းကောင်း အောက်မှာ သစ်သားစားပွဲခုံတွေကို ထားရှိပေးထား တာကြောင့် ဟိုတယ်ဝင်းထဲမှာ အေးအေးလူလူစာ ဖတ်ချင်လည်း ဖတ်လို့ရသလို အေးစိမ့်တဲ့ အရသာ ခံစားရင်း စကားစမြည်ပြောချင်တယ်ဆိုလည်း ရနိုင် ပါသေးတယ်။

ဒါ့အပြင် ဟိုတယ်ကနေ လမ်းလျှောက်ရင်း အနီးနားက သက်တမ်းရာကျော်ညောင်ပင်တွေဆီ သွားရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်လို့ရနိုင်သလို။ ရွှေဥမင်ဘုရားကိုလည်း ခြေကျင်တက်ရောက်ဖူးမြော် နိုင်ပါသေးတယ်။ ဒါမှမဟုတ် ဟိုတယ်က ဝန်ဆောင်မှု ပေးထားတဲ့ စက်ဘီးငှားစီးပြီးတော့ တတ်ရောက်နိုင်ပါ တယ်။ အမှတ်တရလက်ဆောင်ဝယ်ယူလိုသူတွေ အတွက် ဟိုတယ်ရဲ့ဘေးမှာ အမှတ်တရလက်ဆောင် ဆိုင်လည်းရှိနေတာမို့ ရေကန်အသင့်ကြာအသင့်ပါပဲ။

ဒါကြောင့် အေးမြလှတဲ့ သဘာဝတောင်တန်း တွေအပြင် တိုင်းရင်းသားရိုးရာဓလေ့တွေ ၊ တန်ခိုးကြီး ဘုရားတွေတည်ရှိရာ ပင်းတယမြို့လေးကို ရောက် ဖြစ်ခဲ့လို့ စိတ်တိုင်းကျလည်ပတ်ပြီး ညအိပ်ညနေ နား နေချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက် “ယ” တောင်တန်းခြေရင်းနား Golden Cave ဟိုတယ် ဆီကို သွားရောက်ပတ်လည်နိုင်ဖို့အတွက် ဒီတစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ မိတ်ဆက်ပေး လိုက်ပါတယ်။

Travelling_Journal/Vol_1_Issue_16

Photo_TravellingJournal&Golden Cave