ပြင်ဦးလွင်၏ White House Hotel PyinOoLwin ကိုဗစ်ပြီးပါက ဖွင့်လှစ်မည်

Travelling journal ပန်းမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့တော် တွင် White House hotel pyioolwin အမည်ရှိ ဟိုတယ်သစ် ကို ကိုဗစ်ရောဂါပြီးပါက ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း အဆိုပါဟိုတယ်၏ ရှယ်ယ ...

Travelling journal

ပန်းမြို့တော်ဟု တင်စားထားသည့် ပြင်ဦးလွင်မြို့တော် တွင် White House hotel pyioolwin အမည်ရှိ ဟိုတယ်သစ် ကို ကိုဗစ်ရောဂါပြီးပါက ဖွင့်လှစ်ရန် စီစဥ်ထားကြောင်း အဆိုပါဟိုတယ်၏ ရှယ်ယာရှင်တစ်ဦးဖြစ်သူက Travelling journal သို့ ပြောသည်။

” ကိုဗစ်ပြီးရင် ဖွင့်မှာပါ ။ အတိအကျတော့ ပြောလို့မရပါဘူး။ တိုင်းဒေသကြီး က ဖွင့်ခွင့်ပေးလိုက်တဲ့အချိန်မှာ နှစ်ပတ်လောက် ခွာပြီးရင် ဖွင့်ဖို့လုပ်ထားပါတယ်”ဟု ၄င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါဟိုတယ်ကို ပြင်ဦးလွင် ကားကြီးကွင်းနှင့် အနီးဆုံးရှိ ချယ်ရီလမ်းဟောင်း၊ရပ်ကွက်ကြီး(၆)တွင် တည်ဆောက်ထားကြောင်း သိရသည်။

ယင်းဟိုတယ်ကို မြေဧက ၁ ဧက ပေါ်တွင်တည်ဆောက်ထားပြီး ဟိုတယ်အဆောက်အအုံ ၉ လုံးပါဝင်ကာ အဆောက်အအုံ တစ်လုံးစီတွင် လေးခန်းပါဝင်ပြီး ၂ယောက်ခန်း ၃ယောက်ခန်း ၄ယောက်ခန်း ၅ယောက်ခန်း များ ထားရှိပေးထားကြောင်းသိရသည်။ ထို့​ပြင် လာရောက်တည်းခိုသူများအဆင်ပြေစေရန် အတွက် အခန်းအမျိုးအစားကိုလည်းခြောက်မျိုးခွဲထားပြီး စျေးနှုန်းမှာ ကျပ်လေးသောင်းခွဲမှ ကျပ် ရှစ်သောင်း အထိသတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါဟိုတယ်ကို ၂၀၁၈ခု နှစ် ၆လပိုင်း မှစတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင် ဟိုတယ်ဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။

“ဟိုတယ် ဖွင့်ပွဲအထိမ်းအမှတ်နဲ့ တစ်လအတွင်း လာရောက် တည်းခိုတဲ့ဧည့်သည်တွေကို ၁၅ ရာခိုင် နှုန်း လျော့ချပေးသွားမှာပါ”ဟု ယင်းဟိုတယ်၏ မန်နေဂျာ ဦးဆက်ပိုင်ထူး က Travelling Journal သို့ ပြောသည်။

လက်ရှိ တွင် ပြင်ဦးလွင် မြို့တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာ စုစုပေါင်း အလုံး၇၀ ကျော်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန (ပြင်ဦးလွင် ) ရုံး၏ စာရင်းအရ သိရသည်။