ယဉ်ယဉ်လှ
အများစုက ပင်းတယရောက်ရင် ဘုရားတွေနဲ့ တိုင်းရင်းသား ရွာတွေ ဆီကိုသွားရောက်လည်ပတ်ကြပါတယ်ပင်းတယမြို့မှာဒီလိုနေရာတွေနဲ့ တမူခွဲထွက်ပြီး လာလည်တဲ့သူတိုင်းကို ဆွဲဆောင် ထားတဲ့ နေရာ လေးလည်း ရှိပါသေးတယ်။
ထိုနေရာလေးကတော့ ‘Grace Estate’ လို့ အမည်ရတဲ့ Organic Farm လေးတခုဖြစ်ပါတယ်။ အဲဒီ့ Organic Farm လေးဆီကို စာရေးသူတို့ ရောက်ရှိခဲ့ပါတယ်။
ပင်းတယကို ရောက်ရင် သွားလည်သင့်တဲ့နေရာတွေ ကိုသိချင်တယ်လို့ မမနန်းသရဖူတင့်ကို ပြောတော့ ဒီFarm လေးရှိတယ်။ လမ်းညွန်ပြီး လိုက်လံပို့ဆောင်ပေးခဲ့တာကြောင့် ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။
ပင်းတယရဲ့ အော်ဂဲနစ် လယ်တောလေး လို့ ခေါ်ဆိုတဲ့နေရာဆီ ရောက်မှာမို့ စိတ်လှုပ်ရှားစေပါတယ်။ ပင်းတယ မြို့ ပြင် ကို ၅ မိနစ် လောက်လေး ကားမောင်းပြီး ရောက် ရှိနိုင်တဲ့ Grace Estate Organic Farm Stay ဆီကို ရောက်ခဲ့ပါပြီ။
အကွေ့အကောက်နည်းနည်းကိုကားမောင်းလာရင်းနဲ့မြေသားလမ်းနီလေး ရောက်တဲ့အခါမှာ လမ်းပြုပြင်နေတာမို့ ကားရပ်ထားပြီး လမ်း လျောက် လာခဲ့ကြပါတယ်။
မြေသားလမ်းနီလေးအတိုင်း လျောက်လာရင်း ခြံအကျယ်ကြီး ထဲက နှစ်ထပ်တိုက်အိမ်လေးကို ဦးစွာ မြင်တွေ့လိုက်ရပါတယ်။နွယ်ခွေ တွေရယ် ပန်းခြုံတွေနဲ့ တွဲလောင်းကျနေတဲ့အပင်တွေနဲ့ အလှဆင်ထားတဲ့ Farm Stay ကို ပထမဆုံးရောက်ဖူးခဲ့ခြင်းပါ။
ဝင်ဝင်ချင်း ဧည့်ခန်းဝင်ဝမှာဆိုရင် ကြီးမားလှတဲ့ ကြိမ် ကုလားထိုင် ကြီးတွေနဲ့ ထားထားတဲ့ဧည့်ခန်းကို ဦးစွာ မြင်တွေ့ရပါတယ်။ ပင်းတယတောင်တန်းတွေဘက်ကို မျက်နှာမူထားပြီး ဆောက်ထားတာမို့ တောင်တန်းရှုခင်းတွေကို မြင်တွေ့စေနိုင်တဲ့နေရာ။
ဒီတောင်တန်းရဲ့ အရောင်တွေကဆိုရင် တနေ့ကို သုံးမျိုးလောက် ပြောင်းနေတာ ။မနက် နေ့လည် ညနေ အလိုက်
တောင်တန်းတွေရဲ့ အရောင်တွေ က ပြောင်းနေတာလို့ ပိုင်ရှင် ဦးမောင်မောင်စိုးက ဆိုပါတယ်။
Farm Stay ကို မြေဧက ရှစ်ဧက နီးပါးမှာ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ Farm Stay မို့ ခြံထွက် အော်ဂင်းနစ်စိုက်ခင်းတွေက သူ့နေရာနဲ့သူ အစီအရီ။ ကော်ဖီထုတ်စိုက်ခင်း၊ ခရမ်းခင်း ၊ ငရုတ်ခင်း အစရှိတဲ့ စိုက်ခင်းတွေထည့်သွင်းထားတဲ့ လယ်တော ပါ။
ဒီလယ်တောအိမ်မှာ လာရောက် တည်းခိုနိုင်သလိုခြံထွက် အသီး အနှံတွေနဲ့ ချက်ပြုတ်ကျွေးမွေး ပါတယ်။ ဒီလယ်တော အိမ်လေးမှာနှစ်ယောက် အိပ်ခန်း၊ သုံးယောက် အိပ်ခန်း၊ ၅ယောက်အိပ်ခန်းတွေ လည်း ထားရှိပေးထားပြီး အခန်းတိုင်းကို ရေပူရေအေး အပြင် ရေချိုး ကန်ပါ ထားရှိပေးထားပါတယ်။ အေးအေးဆေးဆေး နားချင်တဲ့ သူတွေနဲ့ မြို့ပြရဲ့ အဝေးမှာ တိတ်တိတ် ဆိတ်ဆိတ် နေချင်တဲ့သူတွေ အတွက်တော့ အဆင်ပြေဆုံးပါ။ဒါ့အပြင် လယ်တောခြံလေးမှာ
လမ်းလျောက်ရင်းညောင်ဂျက်ပင်ပေါ်မှာအေးအေးဆေးဆေးအနားယူနိုင်အောင်လည်း ဖန်တီး ပေးထားပြန်သေးတယ်။
အသုံးပြုပြီးသားပစ္စည်းတွေနဲ့ပဲ ပြန်လည် သုံးစွဲထားပြီး အလှဆင် ထားရှိခြင်းပါ။ လယ်တောထဲမှာ ဓနုစာ ကို မှာယူ စားသုံး နိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း ချိုသာပြီး အပြင်ကနေ လာရောက်စားသောက် ချင်လည်း လာရောက်စားသောက်နိုင်ပါတယ်။
မကြာခင်မှာ ဒီလယ်တောထဲမှာ လာရောက်တည်းခိုတဲ့ သူတွေအတွက် လုပ်ဆောင်နိုင်မယ့် ရှမ်းစက္ကူ လုပ်နည်းလေးတွေရယ် အိုးလုပ်ငန်း တွေကို ဧည့်သည်ကိုယ်တိုင် လုပ်ကိုင်နိုင်မယ့် Activity တွေကို ထည့်သွင်းသွားမယ်လို့ ဦးမောင်မောင်စိုးက ပြောပြပါတယ်။
ဒါ့အပြင် လယ်တော ထဲ မှာ မြင်းစီးတိုး လုပ်ဆောင်နိုင်မယ့် Activity ကိုလည်း ထည့်သွင်း သွားဖို့ လည်း ရှိပါတယ်။
ဒါကြောင့် မြို့ပြ ဘဝမှာ ငြီးငွေ့နေသူများအတွက် မြို့ပြဘဝက နေထွက်ပြီး သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှု ရင်း အော်ဂင်းနစ် အစားအစာတွေ သုံးဆောင်ရင်း အေးအေးဆေးဆေး အနားယူ ချင်တယ်ဆိုရင် ပင်းတယရဲ့ Grace Estate Organic Farm သို့ မဟုတ် ပင်းတယမြို့ ရဲ့ Plant မျိုးစုံ ရှိနေတဲ့လယ်တော ဆီကိုသွားရောက်လည်ပတ်နိုင်စေဖို့လမ်းညွန်ပေးလိုက်ပါတယ်။