နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Ananda မှ အင်းဝတွင် ပထမဆုံး ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်မည်

Travelling Journal နှစ်နှစ်နီးပါး ရပ်နားထားသည့် နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Sanctuary Ananda မှ အင်းဝတွင် ပထမဆုံး ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းရေပေါ်ဟိုတယ်၏ ...

Travelling Journal

နှစ်နှစ်နီးပါး ရပ်နားထားသည့် နိုင်ငံခြားသားပိုင် Luxury Cruise ဖြစ်သည့် Sanctuary Ananda မှ အင်းဝတွင် ပထမဆုံး ရေပေါ်ဟိုတယ် ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းရေပေါ်ဟိုတယ်၏ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောကြားသည်။

လက်ရှိ သင်္ဘော ပေါ်၌ အခန်းပေါင်း၂၁ ခန်း ရှိပြီး အင်းဝတွင် ယခုကဲ့သို့ ပထမဆုံး ရေပေါ်ဟိုတယ်အဖြစ် စတင်ခြင်းအတွက် နှစ်ယောက်ခန်းတစ်ခန်းကို တစ်ညလျှင် အမေရိကန် ဒေါ်လာ ၈၀ မှ ဒေါ်လာ ၁၀၀ ထိ အထူး သတ်မှတ်ပေးထားကြောင်း သိရသည်။

ထို့ပြင် Sanctuary Ananda Luxury Cruise မှ ဧပြီလနှင့် မေလ နှစ်လတည်းတွင် ဧရာဝတီမြစ်အတွင်း နှစ်ညအိပ်ခရီးစဥ် ကိုပြန်လည် ပြေးဆွဲ ပေးရန် စီစဥ် ထားကြောင်းသိရသည်။

ခရီးစဥ်လမ်းကြောင်းအနေဖြစ် မန္တလေး- မင်းကွန်း – အင်းဝ ခရီးစဥ် ဖြစ်ကာ အထူးအစီအစဥ် အနေဖြင့်Cruise Experience အပြင် အင်းဝ တွင် လည်ပတ်သည့် Sightseeing ကိုပါ ထည့်သွင်းပေးထားကြောင်းသိရသည်။

ယင်းနှစ်ညအိပ်ခရီးစဥ်ကို သောကြာနေ့တိုင်း မန္တလေးမှ စတင်ထွက်ခွာပြီး Full package ပုံစံမျိုးဖြစ်သည့်အတွက် ခရီးစဥ်တစ်လျှောက် အစားအသောက်, Freesoft Drunk , Tea, Beer, မင်းကွန်း / အင်းဝ အလည်အပတ်, guide service နှင့် Entrance Fee များပါ ပါဝင် ပြီးဖြစ်ကြောင်း သိရသည်။

UK အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Sanctuary Retreats မှ ပြေးဆွဲ သည့် Sanctuary Ananda Cruise ဖြစ်ပြီး ယင်းကုမ္ပဏီပိုင် သင်္ဘော များမှာ အီဂျစ် နှင့် တရုတ် တွင် ပြေးဆွဲပေးနေပြီး မြန်မာနိုင်ငံ တွင် Ananda တစ်စီးတည်းဖြင့် သာ ပြေးဆွဲနေကြောင်း သိရသည်။