#Travelling journal
ဧရာဝတီ တိုင်းဒေသ ကြီး အတွင်းနေ့ချင်းပြန်ခရီးစဥ်သစ်အဖြစ်ဒေးဒရဲမြို့နယ်၊ တိုးစံပြကျေးရွာအနီးရှိ ခရုဖြူကမ်းစပ်သို့ သွားရောက် လည်ပတ်နိုင်ကြောင်း ပြည်တွင်းခရီးသွား ကုမ္ပဏီ Kyal Nan Taw Travel ခရီးသွားလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမင်း က Travelling journal သို့ ပြောသည်။
အဆိုပါ ခရုဖြူကမ်းစပ်သည် ဆယ်အိမ်တန်းကမ်းခြေတစ်ဖက်ကမ်းရှိ ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံ ခရိုင်
ဒေးဒရဲမြို့နယ် အပိုင် တိုးစံပြကျေးရွာအနီး တည်ရှိပြီး ကမ်းစပ်တစ်လျှောက်တွင် ခရုဖြူများဖုံးလွှမ်းနေကြောင်း သိရသည်။
“ကျွန်တော် တို့ ရွာက ကွမ်းခြံကုန်း ဆယ်အိမ်တန်း တစ်ဖက်ကမ်းက နေ စက်လှေ စီးပြီးလာတာက ပိုနီးပါတယ်။ ၁၅မိနစ်လောက်ပဲ စီးရတာပါ။ ကျွန်တော်တို့ တိုးကမ်းခြေ ဒေသဖွံ့ဖြိုးရေးတွေအတွက် မကြာမီ လုပ် ဆောင်သွားမှာပါ”ဟု တိုးစံပြကျေးရွာ ဒေသခံ ဦးဝေဖြိုးနိုင်က Travelling journal သို့ ပြောသည်။
ယင်းခရီးစဥ်သစ်ကို ကြယ်နန်းတော်ခရီးသွားလုပ်ငန်းမှ စတင် ခရီးစဥ်ဆွဲပြီး တိုးရွာအထိ ကားဖြင့် တိုက်ရိုက် သွားရောက်ခြင်း မဟုတ်ပဲ ချောင်းဝကျေးရွာတွင် ထားခဲ့ပြီး ချောင်းဝကျေးရွာမှ တိုးရွာကို ဇက်လှေနှင့် ၁၅မိနစ်လောက်ထပ်စီးပြီးမှ ရောက်ရှိသည့် ခရီးစဉ် ပုံစံရေးဆွဲထားကြောင်း သိရသည်။
“လမ်းခရီးက ကောင်းတယ်။ ရန်ကုန်က မနက်၄ နာရီထွက်ရင် တိုးရွာကို မနက်၉ လောက် ရောက်ပါတယ်။
ခရုအဖြူတွေရှိတဲ့နေရာကို တော့ တိုးရွာကနေ ဆိုင်ကယ်ခဏ စီးရ တယ်။ ညနေ ၅နာရီ လောက် ရန်ကုန်ကို
ပြန်ရောက်တယ်။ ဒီ ကျေးရွာလေးကိုလည်း ဆယ်အိမ်တန်းလို ခရီးသွားဖွံဖြိုးစေချင်တယ် “ဟု သွားရောက်လေ့လာခဲ့သည့် Million Holiday ခရီးသွားကုမ္ပဏီမှ Operation Manager ဦးစိုးလင်း က Travelling Journal သို့ ပြောသည်။
လက်ရှိတွင် တိုးရွာသို့ နေ့ချင်းပြန်အဖြစ် ခရီးစဥ် ရေးဆွဲထားပြီး မနက်စာ နေ့လည့်စာ ကားခ ဇက်ကူးခ နှင့်
ဧည့်လမ်းညွန် အပါအဝင် တစ်ဦးလျှင် ကျပ် ၂၀၀၀၀ကျသင့်ပြီး Down Town ဧရိယာ အတွင်း မြို့နယ်များမှ ဆိုပါက အိမ်အထိ လာရောက်ကြိုပေးကြောင်းသိရသည်။