#Travelling journal
ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ကြသည့် ငွေဆောင် ကမ်းခြေ သဇင် ကျေးရွာတွင်
ကြယ်သုံးပွင့် အဆင့်ရှိ ဟိုတယ်ကို စတင် ဖွင့်လှစ်မည် ဖြစ် ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်နာမည်ကို Pinn Pinn ( Ngwe Saung ) Hotel ဟု အမည်ပေးထားကာ လက်ရှိတွင် Phase 1 အနေဖြင့် အခန်း ၂၀ ကို တည်ဆောက်ပြီး ဖြစ်သလို Bungalow Type အမျိုးအစားဖြစ်ကြောင်း ယင်းဟိုတယ်ပိုင်ရှင်က Travelling journal သို့ ပြောသည်။
“ကျွန်တော်တို့က Beach Site ဘက်မှာ ပိုပြီး ရင်းနှီးမြှုပ်နှံချင်တာရယ် ကမ်းခြေဘက်မှာဆိုရင် Beach Party စျေးကွက်ကို ပိုပြီးချဲ့ချင်တာကြောင့် ဒီဘက်ကို ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ပါတယ်။ အခု စတော့ ဖွင့်တော့ဖွင့်နေပါပြီ။
အကုန်လုံးတော့ မဖွင့်သေးပါဘူး”ဟု ဟိုတယ်ပိုင်ရှင်က Travelling journal သို့ ပြောသည်။
လက်ရှိတွင် အခန်းခနှုန်းထားအနေဖြင့် သုံးယောက်ခန်းကို တစ်သိန်းငါးသောင်းကျပ် ဖြစ်ပြီး နှစ်ယောက်တည်းမည်ဆိုပါက တစ်သိန်း နှစ်သောင်း ကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိ တွင် ဧက ၁၄ ဧက ရှိပြီး ဧက ၅ ဧက ဝန်းကျင်ကို သာ သုံးစွဲထားပြီး တစ်ဆင့်ချင်းစီ တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ငွေဆောင် ကမ်းခြေနှင့် သုံးမိုင်ကျော်အကွာတွင် ဟိုတယ်ကို တည်ဆောက်ထားသလို ယင်းဟိုတယ် မှ ချောင်းသာ ကမ်းခြေသို့ မိနစ် ၃၀ ခန့် စက်လှေ ဖြင့် သွားရောက် နိုင် ကြောင်း သိရသည်။ ထို့အပြင် ခရီးသွားများ သွားရောက်လည်ပတ်လေ့ရှိသည့် ဓာတ်ပုံ ရိုက်ကောင်းသည့်မြွေကျွန်း နှင့် လည်း နီး ကြောင်း သိရသည်။
အဆိုပါ ဟိုတယ်ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက် ခဲ့ပြီး၂၀၂၁ နှစ်ဆန်းပိုင်းတွင် ပြီးစီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ခရီးသွားမြို့တော်ဖြစ်သည့် ကလော မြို့တွင် Pinn Pinn Hotel ကို တည်ဆောက်ထားပြီး ဖြစ် သလို ငွေဆောင် သဇင်ကျေးရွာတွင် Pinn Pinn ( Ngwe Saung ) Hotel ကို ထပ်မံ တည်ဆောက် ခဲ့ ကြောင်းသိရသည်။