ချိုင့်ဝှမ်းတောင်စောင်းထက်က ကိုလိုနီစတိုင် တည်ဆောက်ထားတဲ့ Green Valley

နှင်းဆီသခင် ကလောဆိုတာ ဘယ်အချိန် ဘယ်ရာသီပဲ ဖြစ်ဖြစ် အေးမြလွန်းတဲ့ ရာသီဥတုကို ထာဝရပိုင်ဆိုင် ထားတဲ့ မြို့ငယ်လေးမို့ ယနေ့ထိတိုင် ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ ဆွဲဆောင်စရာမြို့အဖြစ် တည်ရှိနေပါ တယ် ...

နှင်းဆီသခင်

ကလောဆိုတာ ဘယ်အချိန် ဘယ်ရာသီပဲ ဖြစ်ဖြစ် အေးမြလွန်းတဲ့ ရာသီဥတုကို ထာဝရပိုင်ဆိုင် ထားတဲ့ မြို့ငယ်လေးမို့ ယနေ့ထိတိုင် ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့ ဆွဲဆောင်စရာမြို့အဖြစ် တည်ရှိနေပါ တယ်။ ထင်းရှုးရနံ့တွေ ထုံမွန်းနေတာရယ်၊ တစ်နေရာ တည်းမှာ ထင်းရှုးပင်များစွာကျန်ရှိနေသေးတဲ့ အစိမ်း ရောင်မြို့လေးလို့ တင်စားခံထားရတဲ့ ကလောမြို့လေး ပဲဖြစ်ပါတယ်။ အေးချမ်းတဲ့  ခံစားမှုမျိုးကို ဆယ်စုနှစ် ပေါင်းများစွာ ထိန်သိမ်းထားနိုင်တဲ့ ထင်းရှုးမြို့တော် ကလောမြို့လေးပဲဖြစ်ပါတယ်။

ဒီလို အေးမြတဲ့ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ကလောမြို့ငယ်လေးမှာ ရင်းနှီးမြုပ်နှံလာကြတဲ့ ဟိုတယ်တွေကလည်း တစ်စတစ်စနဲ့ရှိနေပါပြီ၊ ဒီလို များစွာထဲမှ မကြာသေးခင်က ဖွင့်လှစ်ထားပြီးတော့  ဟိုတယ်အဆင့်မီ တည်ဆောက်ထားတဲ့ Green Valley Motel လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီမိုတယ်ဟာဆိုရင် အစိမ်းရောင်တောင် ကြားလမ်းလို့ဆိုတဲ့အတိုင်း နာမည်လေးနဲ့ တစ်သား တည်းကျနေ အောင်ဖန်တီးထားပြီးတော့ ချစ်စရာကိုလို နီစတိုင် ဘန်ဂလိုလုံးချင်းပုံစံ တည်ဆောက်ထားတဲ့  ဟိုတယ်ပိုင်ရှင်ရဲ့ စိတ်ကူးကတော့ သဘာဝကိုချစ်မြတ် နိုးသူတစ်ယောက်အနေနဲ့ ကိုလိုနီအငွေ့အသက်လေး တွေရရှိစေအောင် တည်ဆောက်ထားတဲ့ စိတ်ကူးကို လည်း ပေါ်လွင်စေမိပါတယ်။

ကလောဆိုတာ ကိုလိုနီအဆောက်အအုံများ စွာကျန်ရှိနေသေးတဲ့ တစ်ခုတည်းသောထင်းရှုးမြို့တော် ပါ။ ဘယ်နေရာပဲကြည့်ကြည့် ကိုလိုနီအငွေ့အသက် တွေရှိနေဆဲလို့ ခံစားရစေတဲ့ မြို့လည်းဖြစ်ပါတယ်။

ဒီမိုတယ်ဟာဆိုရင် ညောင်ပင်သာလမ်း ၇ ရပ်ကွက်မှာတည်ရှိပြီးတော့ သွားရောက်မယ်ဆိုရင်  ကလောမြို့အဝင် ဘီးခွန်ဂိတ်ကနေ ၁၀ မိနစ်ဝန်းကျင် လမ်းလျှောက်ရုံမျှနဲ့ ရောက်ရှိနိုင်မှာဖြစ်ပါတယ်။ ချိုင့် ဝှမ်းတောင်ကြားမှာ တည်ဆောက်ထားတဲ့ Green Valley ကို မြေဧက ၂ ဧကခွဲပေါ်မှာ တည်ဆောက် ထားပြီးတော့ ထူးခြားချက်က သီးသီးသန့်သန့်နေချင် တဲ့သူတွေရယ်၊ ရှုပ်ရှုပ်ယှက်ယှက် သိပ်မကြိုက်တဲ့ သူတွေအတွက် အကြိုက် တွေ့စေမှာဖြစ်ပါတယ်။

ကွန်ကရစ်နဲ့ ထင်းရှုးသားကို ပေါင်းစပ်ပြီး ဘန်ဂလိုလုံးချင်းတွေကို တည်ဆောက်ထားရှိပေးထား ခြင်းကလည်း ွ Green Valley ရဲ့ ထူးခြားမှုတစ်ခု ပါပဲ။ Green Valley Motel မှာ ဘန်ဂလိုလုံးချင်း ၁၀ လုံးကို တည်ဆောက်ထားပြီး ဘန်ဂလိုလုံးချင်းမှာ တည်းမယ် ဆိုရင် တစ်ညကို ကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး အနည်းဆုံးသုံးယောက်တည်းခိုနိုင်ပါတယ်။Superior အခန်းအမျိုးအစားက သုံးခန်းရှိပြီးတော့ တစ်ည ကို  ကျပ် ၃၅၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

ဘန်ဂလိုလုံးချင်းတွေရဲ့ အခန်းတွေကတော့ ကျယ်ဝန်းပြီး အခန်းထဲဝင်လိုက်တာနဲ့တင် စိတ်ကိုပေါ့ ပါးစေတဲ့ ခံစားချက်မျိုးရရှိအောင် အခန်းဖွဲ့စည်းပြင် ဆင်ထားတာကို တွေ့မြင်ရစေပါတယ်။ အတွင်းပိုင်းကို ထင်းရှုး အသားတွေနဲ့ ရောစပ်တည်ဆောက်ထားတာမို့ အခန်းတွင်းအေးမြမှုကိုတော့ တစ်နေကုန်ရရှိစေပါ တယ်။ ဒါ့အပြင် ရေချိုးခန်းမှာ  Bathtub ထားရှိပေး ထားပြီး Bathtub ထဲမှာရေစိမ်ရင်း ကောင်းကင်ကို တွေ့နိုင်တဲ့ မြင်ကွင်းမျိုးကို ရရှိစေအောင် ပုံဖော် တည်ဆောက်ထားတာကို တွေ့မြင်ရပါတယ်။

ဘန်ဂလိုရဲ့ အရှေ့ဘက်ဝရံတာကနေကြည့် မယ်ဆိုရင်လည်း  စိမ်းစိုနေတဲ့ တောင်စောင်းချိုင့်ဝှမ်း ကိုမြင်တွေ့နိုင်သလို ညနေဆိုရင်လည်း တောင်စောင်း နောက်ကို ကျဆင်းသွားတဲ့  နေဝင်ဆည်းဆာအလှကို လည်း ခံစားရရှိစေအောင်တည်ဆောက်ထားပါတယ်။

ဒါ့အပြင် Dining Room ခန်းမကိုလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ကြိမ်ကုလား ထိုင်တွေနဲ့အလှဆင်ပေးထားတာကိုတွေ့ မြင်ရစေပါတယ်။ နောက်ပိုင်းဒီနေရာမှာ အစည်း အဝေးတွေ၊ သင်တန်း ခန်းမတွေ၊ မင်္ဂလာဆောင်တွေ စတဲ့ ဝန်ဆောင်မှုတွေကို ပေးသွားဖို့လည်း ရှိပါတယ် လို့ ဆိုပါတယ်။

Green Valley Motel မှာတည်းပြီး အနီး နားက ထင်းရှုးတောလမ်းတွေနဲ့ လိမ္မော်ခြံစိုက်ခင်းတွေ ကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။ သဘာ၀ ကို ချစ်မြတ်နိုးသူနဲ့ သီးသီးသန့်သန့်တည်းခိုချင်တဲ့သူ  တွေအတွက် Green Valley ကို တည်ဆောက်ထား တာဖြစ်ပါတယ်။

ဒါကြောင့်မို့ အေးမြတဲ့ရာသီဥတုကိုထာဝရ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသောထင်းရှုးမြို့တော်ကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားတွေအတွက် တိတ်ဆိတ်မှုကိုခံစားနိုင်ပြီး အမြင်အာရုံကိုရှင်းလင်း စေရုံမက သွားလာရ လွယ်ကူစေတဲ့အပြင် ဟိုတယ်အဆင့်ဝန်ဆောင်မှုမျိုးကိုပေးထားတဲ့ ချိုင့်ဝှမ်းတောင် စောင်းထက်က ကိုလိုနီ စတိုင် တည်ဆောက်ထားတဲ့ Green Valley Motel ကို သွားရောက်လည်ပတ် နိုင်ဖို့ ဒီတစ်လရဲ့ ဟိုတယ် လမ်းညွှန်အဖြစ်ဖော်ပြပေးလိုက်ပါတယ်။

Vol-1-Issue-22

Photo Green Valley