ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၂၅ရာခိုင်နှုန်း ထိ လျော့ချပေးမည်

#Travelling journal ငပလီကမ်းခြေ အခြေစိုက် မြပြင်ကျေးရွာတွင် တည်ရှိသည့် ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင် နှုန်း ထိ လျော့ချပေးသွားမ ...

#Travelling journal

ငပလီကမ်းခြေ အခြေစိုက် မြပြင်ကျေးရွာတွင် တည်ရှိသည့် ကြယ်လေးပွင့်အဆင့်ရှိ Jade Marina Resort မှ ဟိုတယ်အခန်းခများကို ၁၀ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင် နှုန်း ထိ လျော့ချပေးသွားမည်ဖြစ်ကြောင်း ယင်းဟိုတယ်၏ Sale Director ဒေါ်စုစုမွန် က Travelling journal သို့ ပြောသည်။

ဟိုတယ်အခန်းခများကို ဖေဖေါ်ဝါရီလမှ မေလလယ်အထိ လျော့ချပေးထားပြီး ကြိုတင်အခန်းမှာယူမှသာ အခန်းခလျော့ချထားသည့် ဝန်ဆောင်မှု များကို ရရှိမည် ဖြစ်ကြောင်း သိရသည် ။

“အခန်းစျေးတွေကိုလည်း တော်တော်လေး ချပေးထားပါတယ်။ ဘွက်ကင်လေးလုပ်ထားလိုက်ရုံပဲ။ ဇန်နဝါရီ ၃၁ ရက်ထိ အခန်းကြိုတင်မှာထားရုံနဲ့ရပါပြီ။ Open Date နဲ့ပဲ ဖြစ်ဖြစ်။အဲဒီမျိုးဆိုရင် ရပါပြီ”ဟု Sale Director
ဒေါ်စုစုမွန် က Travelling journal သို့ ပြောသည်။

အခန်းအမျိုးအစားများဖြစ်သည့် Deluxe ၊ Executive Deluxe ၊Garden View Villa၊ Seaview Villa နှင့် Beachfront Villa ထိ အခန်းအမျိုးအစားအလိုက် အခန်းခများကို ၁၀ ရာခိုင်နှုန်း မှ ၂၅ ရာခိုင်နှုန်း ထိ လျော့ချထားသည်။

ထို့​ပြင် ပရိုမိုးရှင်းကာလအတွင်း အခန်းမှာယူပါက သံတွဲလေဆိပ် ကြို၊ ပို့ ၊ Breakfast ၊Welcome drinks in room ၊3ply fabric mask for each guest ၊ Pocket Antiseptic bottles ၊ Free WiFi internet service ၊ အပြန် swab test ယူရန် သံတွဲသို့ ကြို၊ပို့ စသည့် ဝန်ဆောင်မှု များကိုလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဟိုတယ်ကို ဧကပေါင်း ၆ ဒဿမ ၆ဧက ပေါ်တွင် တည်ဆောက်ထားပြီး ဟိုတယ်အခန်းပေါင်း ၅၆ ခန်းရှိသော်လည်း ကိုဗစ်ကာလအတွင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီး ဌာန၏ ညွန်ကြားချက် ဖြင့် အခန်း ပေါင်း ၂၀ ကျော်သာ ဖွင့်လှစ်ပေးသွားမည်ဖြစ်သလို ရေကူးကန်ကိုလည်း ခွင့်ပြုချက် ဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် ငပလီကမ်းခြေ သို့ လေယာဥ် ခရီးစဥ် ဖြင့် သွားရောက်နိုင်ပြီး ခရီးသွားများအနေ ဖြင့် Q ဝင်စရာမလိုဘဲ ကိုဗစ် ရောဂါရှိမရှိစစ်ဆေးခြင်းကိုဆောင်ရွက်ပြီး Negative ဖြစ်မှသာ ခရီးသွားလာခွင့်ရှိသည်။

Photo Jade Marina Resort