#Travelling journal
သဘာဝတောတောင် ရှုခင်းကြည့်ကွက်များကို အခြေခံ ထားပြီး ခရီးသွားများကို ဆွဲဆောင်ထားသည့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့၏ မြင်းမူးကုန်း ရှုခင်းကြည့် နေရာသို့ ပြည်တွင်းခရီးသွား များ လာရောက်လည်ပတ်မှု များပြားလာကြောင်း သိရသည်။
အဆိုပါ မြင်းမူးကုန်း ရှုခင်းကြည့် နေရာသည် အောင်ပန်းမြို့မှ ၁၅မိုင်အကွာ ရွာငံ သွားကားလမ်းမဘေး၌ တည်ရှိပြီး ကျုံးရွာ အလွန် သုံးမိုင်အကွာတွင် တည်ရှိကြောင်း မြင်းမူးကုန်း ပိုင်ရှင် ဦးဌေးအောင် က Travelling journal သို့ ပြောသည်။
“ဒီနေ့ ညမှာတော့ ကျွန်တော်တို့ဆီမှာ ညအိပ် Camping ပြုလုပ်ပြီး နှစ်သစ်ကို ကြိုဆိုဖို့စာရင်း ပေးထားသူလူ ၃၀ ကျော် ရှိပါတယ်”ဟု မြင်းမူးကုန်း ပိုင်ရှင် ဦးဌေးအောင် က Travelling journal သို့ ပြောသည်။
ယခုကဲ့သို့ မြင်းမူးကုန်း ရှူခင်းကြည့်ပြကွက်ကို ပုံဖော် ရခြင်းမှာလည်း နောင်ချိုတိမ်ပင်လယ် ကို တွေ့မြင်ပြီး သကာလ မိမိ၏ ခြံကို ယင်းကဲ့သို့ စိတ်ကူးများဖြင့် ဆောင်ရွက်လာခဲ့ခြင်း ဖြစ်ကြောင်း အစောပိုင်းကာလတွင် ဧည့်သည် မရှိသော်လည်း တဖြည်းဖြည်း ခရီးသွားများလာရောက်လည်ပတ်ခဲ့သည့်အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရကြောင်း ဦးဌေး အောင်က ပြောသည်။
လက်ရှိတွင် မြင်းမူးကုန်း ရှူခင်းကြည့်နေရာသို့ ဧည့်သည် တစ်ဦးလျှင် ဝင်ကြေးကျပ်( ၁၀၀၀ )ဖြင့် လာရောက် လည်ပတ်နေကြောင်း သိရသည်။
#Zawgyi Version
သဘာဝေတာေတာင္ ရႈခင္းၾကည့္ကြက္မ်ားကို အေျခခံ ထားၿပီး ခရီးသြားမ်ားကို ဆြဲေဆာင္ထားသည့္ ဓႏုကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕၏ ျမင္းမူးကုန္း ရႈခင္းၾကည့္ ေနရာသို႔ ျပည္တြင္းခရီးသြား မ်ား လာေရာက္လည္ပတ္မႈ မ်ားျပားလာေၾကာင္း သိရသည္။
အဆိုပါ ျမင္းမူးကုန္း ရႈခင္းၾကည့္ ေနရာသည္ ေအာင္ပန္းၿမိဳ႕မွ ၁၅မိုင္အကြာ ႐ြာငံ သြားကားလမ္းမေဘး၌ တည္ရွိၿပီး က်ဳံး႐ြာ အလြန္ သုံးမိုင္အကြာတြင္ တည္ရွိေၾကာင္း ျမင္းမူးကုန္း ပိုင္ရွင္ ဦးေဌးေအာင္ က Travelling journal သို႔ ေျပာသည္။
“ဒီေန႕ ညမွာေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ညအိပ္ Camping ျပဳလုပ္ၿပီး ႏွစ္သစ္ကို ႀကိဳဆိုဖို႔စာရင္း ေပးထားသူ
လူ ၃၀ ေက်ာ္ ရွိပါတယ္”ဟု ျမင္းမူးကုန္း ပိုင္ရွင္ ဦးေဌးေအာင္ က Travelling journal သို႔ ေျပာသည္။
ယခုကဲ့သို႔ ျမင္းမူးကုန္း ရႉခင္းၾကည့္ျပကြက္ကို ပုံေဖာ္ ရျခင္းမွာလည္း ေနာင္ခ်ိဳတိမ္ပင္လယ္ ကို ေတြ႕ျမင္ၿပီး သကာလ မိမိ၏ ၿခံကို ယင္းကဲ့သို႔ စိတ္ကူးမ်ားျဖင့္ ေဆာင္႐ြက္လာခဲ့ျခင္း ျဖစ္ေၾကာင္း အေစာပိုင္းကာလတြင္ ဧည့္သည္ မရွိေသာ္လည္း တျဖည္းျဖည္း ခရီးသြားမ်ားလာေရာက္လည္ပတ္ခဲ့သည့္အတြက္ ဝမ္းသာပီတိျဖစ္ခဲ့ရေၾကာင္း ဦးေဌး ေအာင္က ေျပာသည္။
လက္ရွိတြင္ ျမင္းမူးကုန္း ရႉခင္းၾကည့္ေနရာသို႔ ဧည့္သည္ တစ္ဦးလွ်င္ ဝင္ေၾကးက်ပ္( ၁၀၀၀ )ျဖင့္ လာေရာက္ လည္ပတ္ေနေၾကာင္း သိရသည္။