မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမဲ့ ဆိတ်ငြိမ်ကမ္ဘာလေးဆီ

နှင်းဆီသခင် မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမယ့် ဆိတ်ငြိမ်ကမ္ဘာလေးလို့ ပြောရလောက်အောင် ပင် တကယ့်ကို တိတ်ဆိတ်နေတဲ့ နေရာလေးတစ်ခုပါ။ ရန်ကုန်မြို့ကနေ သွားရင်တော့ အနီးဆုံးတည်ရှိပြီး ပဲခူး ...

နှင်းဆီသခင်

မြို့ပြရဲ့မွန်းကြပ်မှုတွေဆီကနေ ထွက်သွားစေမယ့် ဆိတ်ငြိမ်ကမ္ဘာလေးလို့ ပြောရလောက်အောင် ပင် တကယ့်ကို တိတ်ဆိတ်နေတဲ့ နေရာလေးတစ်ခုပါ။ ရန်ကုန်မြို့ကနေ သွားရင်တော့ အနီးဆုံးတည်ရှိပြီး ပဲခူး အမြန်လမ်း ၁၀မိုင်ကုန်းမှာ ဆင်းမယ်ဆိုရင် ဒီ ဆိတ်ငြိမ်ကမ္ဘာလေးဆီကိုရောက်ရှိစေမှာပါ။ဒီနေရာလေးကို ဖွင့်တာ မကြာသေးပေမယ့် ရောက်ဖူးတဲ့သူတွေကတော့ တကယ့်ကို နှစ်ခြိုက်စေတဲ့နေရာတစ်ခုအဖြစ် ဆွဲဆောင်စေခဲ့ပါတယ်။


အမြန်လမ်း ၁၀မိုင်ကုန်းမှာဆင်းပြီး ဓမ္မဒူတ ဓမ္မရိပ်သာဆိုင်းဘုတ်လမ်းအတိုင်း လမ်းလျှောက်ပြီးဝင်ရင်တော့ မိနစ်အနည်းငယ် လောက်သာကြာပါတယ်။ ဆိတ်ငြိမ်ကမ္ဘာလေးဖြစ်တဲ့ ဘူးလယ်အင်းဗီလာကို ရောက်ရှိပါမယ်။ ဘူးဘယ်အင်းလို့ဆိုပေမယ့် လည်ပတ်စေမယ့်နေရာ တစ်ခုမဟုတ်ပေမယ့် အေးအေးဆေးဆေး အနားယူချင်သူတွေအတွက်
တကယ့်ကို နှစ်ခြိုက်စေမိတဲ့ နေရာတစ်ခုဖြစ်စေမှာပါ။

ခြံဝင်းက အကျယ်ကြီးဧ က ၃၀လောက်ရှိတယ်။ လျှောက်လမ်းတွေအနားယူနိုင်တဲ့ထိုင်ခုံလေးတွေ ညဖက်မှာ မီးတိုင်ထွန်းလို့ရမယ့် တိုင်တွေကို ထားပေးထားပါတယ်။ စိမ်းလန်းနေတဲ့ မြက်ခင်းစိမ်းတွေနဲ့ပနံသင့်လှနေတဲ့နေရာ၊ ဒီနေရာကို ဖြည့်ပေးလိုက်တဲ့ မတူညီတဲ့ အဆောက်အအုံတွေ၊ ရသတစ်ခုစီကို ပေးစွမ်းနိုင်အောင်ပုံဖော်ဖန်တီးထားတဲ့အဆောက်အအုံဒီဇိုင်များနဲ့ဆွဲဆောင်ထားတဲ့ အဆောက်အအုံများကို တွေ့ရပါ တယ်။ အဆောက်အအုံ ပတ်ဝန်းကျင်မှာလည်း သစ်ပင်
သီးပင် အလှပန်းပင် တွေကို နေရာတကျ စိုက်ပျိုးထားပါတယ်။

အဆောက်အဦ တွေရဲ့နံမည်တွေကလည်း စိတ်ဝင်စားစရာပင်။ရှေးပညာရှိတို့ရဲ့ နာမည်တွေ ဖြစ်တဲ့ ပေါ်ဦး၊ဝန်ဇင်း၊ မဟော်သဓာ၊ကင်းဝန် စတဲ့ ပညာရှိအမတ်တွေရဲ့နာမည်များပင်။ ရသမတူတဲ့ဒီဇိုင်းတွေနဲ့ ပထမဆုံးတွေ့ရတဲ့ ကိုလိုနီခေတ်လက်ရာဖန်တီးထားတဲ့ အဆောက်အအုံ နာမည်က ပေါ်ဦးအဆောက်အအုံပါ။

ပေါ်ဦးအဆောက်အအုံ အတွင်းပိုင်းကို ဝင်လိုက် ပြီဆိုရင်ပဲ လူရဲ့စိတ်ကို အေးချမ်းမှုပေးစွမ်းနိုင်အောင် ဖန်တီးထားတဲ့ အပြင်အဆင်၊ လေဝင်လေထွက်၊ နားနေချင်စဖွယ် ကောင်းအောင် ဖန်တီးပေးထားပြီး မိမိအိမ်ကိုရောက်နေတဲ့ စိတ်ခံစားမှုကိုပေးစွမ်းနိုင်တဲ့ ရသကိုလည်းဖန်တီးထားတာကို တွေ့ရပါတယ်။

အဆောင်အတွင်း အလှဆင်ထားတဲ့ ပုံစံမှာလည်း စိတ်ကို ကြည်နူးစေပါတယ်။ အခန်းဖွဲ့စည်းက အစ နေချင်စဖွယ်ကောင်းအောင်တည်ဆောက်ထားတဲ့ ဒီဇိုင်းပညာရှင်ရဲ့ စိတ်ကူးစိတ်သန်းကို လည်းမှန်းဆမိပါတယ်။ စာရေးသူက တော့ ပေါ်ဦး အဆောင်ရဲ့ ဘယ်ဘက်ထောင့်နားက အခန်းလေးကို သဘောကျမိတယ်။ ပေါ်ဦး အဆောင်မှာ အခန်းသုံးခန်းရှိ တယ်။
မိမိစိတ်ကြိုက် ချက်ပြုတ်စားနိုင်အောင်လည်း ဖန်တီးပေးထားတယ်၊အဆောက်အအုံထဲမှာ ဧည့်ခန်းမ၊ ထမင်းစားခန်း၊ မီးဖိုခန်း၊ ဘေစင်၊ နားနေနိုင်ပြီး အေးအေးလူလူစာဖတ်နိုင်အောင်လည်း စာအုပ်ဗီဒိုထားပေးထားသေးတယ်၊။

ပေါ်ဦးအဆောက်အအုံ မလှမ်းမကမ်းမှာဝန်ဇင်း အဆောက်အအုံရှိပါ တယ်၊ ဝန်ဇင်းအဆောက်အအုံကိုတွေ့ရတာက မော်ဒန်အဆောက်အအုံဒီဇိုင်းလို ၊အုတ်အနီရောင်နဲ့ အဖြူရောင် တွဲစပ်ထားပြီး လှေကားထစ်တွေများများနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ။ ဒီအဆောင်မှာ အခန်းငါးခန်းရှိတယ်။ အခန်းတွေအကုန်လုံးကတော့ ဝန်ဆောင်မှုအပြည့်ကိုတူညီစွာပေးထားပြီးသားပါ။

ယင်းအဆောင်ဘေးနားမှာ ကင်းဝန် အဆောင်ကိုတွေ့ ရပြီး အဆောင်းလေးဆောင်အနက် အသေးဆုံး အဆောင်ဖြစ်သလို အခန်းကို တစ်ခန်း တည်းသာထားရှိပေးထားပါတယ်၊ သီးသန့်ဘန်ဂလိုစတိုင်ထားရှိထားတာပါ။ေ လးခုမြောက်အဆောင်ဖြစ်တဲ့ မဟော်သဓာ အဆောင်ကို တွေ့ရတဲ့ အခါမှာ နှစ်လိုဖွယ်ရာကောင်းတဲ့ အေဆောင်လို့ခံစားရစေပါတယ်။

တန်းပြီးမြင်လိုက်ရတဲ့ အခန်းဖွဲ့စည်းမှုက မတူပါဘူး၊ ယင်းအဆောင်မှာ အဆောင် လေးဆောင်အနက် အကြီးဆုံး အဆောင် လည်း ဖြစ်သလို တည်ဆောက်ပုံဒီဇိုင်းက ခေတ်ဆန် လှတယ်။ ဒီအဆောက်အအုံမှာ အသင်းအဖွဲ့တွေ၊ စည်းဝေးတွေ လုပ်နိုင်လောက်တဲ့ အနေအထားရှိပါတယ်။

မဟော်သဓာမှာတော့ အခန်း လေးခန်း ရှိပါတယ်။ဒီဆိတ်ငြိမ် ကမ္ဘာလေးလို့ပြောရလောက်အောင်ပင် မိသားစု လိုက်အပန်းဖြေချင်သူတွေ၊ မြို့ပြရဲ့ မွန်းကြပ်မှုတွေအောက်ကနေ ရုန်းထွက် အနားယူချင်သူတွေ အတွက် တကယ့်ကို သင့်တော်တဲ့ ဘူးလယ်အင်းဗီလာပါ။

ဒီအဆောက်အအုံတွေမှာ ကိုယ်တိုင်နားနေတည်းနိုင်သလို ကိုယ်တိုင် ဟင်းလျာများ ချက်ပြုတ် စားသောက်ချင်သူများအတွက် ကိုယ်တိုင်ချက်ပြုတ်နိုင်ရန် စီစဉ်ပေးထားတာကလည်း ထူးခြားလှတဲ့ ဝန်ဆောင်မှု တစ်ခုပါ။
အဆောက်အအုံ တစ်ခုလုံးကို ဌားရမ်းမယ်ဆိုရင် ကန်ဒေါ်လာ (၃၀၀)ဝန်းကျင် ကျသင့်မှာဖြစ်ပြီး တစ်ခန်းချင်း ဌားမယ်ဆိုရင် တစ်ခန်းကို ကန်ဒေါ်လာ (၁၀၀) ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ ဟိုတယ်က မနက်ခင်းစာ နဲ့ နေ့လည်စာကို ကျွေးမွေးမှာဖြစ်ပါတယ်။

အိပ် ညနေ မဟုတ်ပဲ နေ့လည်ဘက် လာရောက်အပန်းဖြေချင်ပါကတစ်ဦးကို ကန်ဒေါ်လာ (၃၀) ဖြင့် အနည်း ဆုံး လူ ရှစ်ယောက်အပန်းဖြေနိုင်ပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆေက်အအုံမှာနေနိုင်ပါတယ် ။ အခန်းအမျိုးအစားဈေးနှန်းတွေကတော့ ကန်ဒေါ်လာ ၁၀၀ ကနေ ၁၂၀ ထိရှိပါတယ်။

နေ့လည်ဘက် လာနားနေချင်သူတွေကတော့ မနက်ခင်း (၁၀) နာရီ ကနေ ညနေ (၅) နာရီ ထိ နားနေနိုင်သလို နေ့လည်စာ ကို ဟိုတယ်က ဧည့်ခံမှာဖြစ်ပါတယ်။

ဘူးလယ်အင်းဗီလာ( Bulaeinn Villas ) ကို လာရောက် အပန်းဖြေမယ့် သူတွေအနေနဲ့ ကြိုတင် Booking ပြုလုပ် ရန် လိုအပ်ပါတယ်၊ အခန်းအကန့်အသတ် ရှိနေခြင်းကြောင့်ပါ။ ရန်ကုန်နဲ့လည်မဝေးလွန်း၊သီးသန့်ကမ္ဘာလေးတစ်ခုလိုဖန်တီးပေးထားပြီးအေးချမ်း တိတ်ဆိတ်မှု ကို သဘောကျသူတွေအနေနဲ့ကတော့ဘူးဘယ်အင်းဗီလာကို နှစ်ခြိုက်စေမိမှာလို့ ပြောရဲပါတယ်။

မိသားစုဖြင့် ဖြစ်စေ တစ်ဦးချင်းဖြစ်စေ၊ အပေါင်းအသင်းများဖြင့် ဖြစ်စေ ဆိတ်ငြိမ် ကမ္ဘာလေးဆီကို သွားရောက်အနားယူနိုင်ပြီး၊ ဘဝရဲ့အမောတွေကို ခဏတာဖြေဖျောက်စေနိုင်တဲ့ နေရာတစ်ခုဖြစ်စေပါတယ်။ဒါမှမဟုတ် သီးသန့်ခြံကျယ်ကြီးမှာ မွေးနေ့လုပ်ချင်သူတွေ၊ ပျော်ပွဲစားထွက်ချင်သူတွေအတွက် လည်း တကယ့်ကို ဘူးလယ်အင်းဗီလာကစောင့်ကြိုနေတာပါတယ်။ ဒါကြောင့် ဆိတ်ငြိမ်ကမ္ဘာလေးဆီကိုသွားရောက် လည်ပတ်ပါလို့ လမ်းညွန်ပေးလိုက်ပါတယ်။