#Travelling journal
စွန့်စွန့်စားစား ခရီးသွားချင်တဲ့သူတွေအတွက် ရှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲက ပြည်တွင်းခရီးသွား တွေ လာရောက် ခြေမချရသေးတဲ့ ဂျူးဂူ နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။
ဒေသအခေါ် ဂျူးဂူ က ပင်လောင်းမြို့နယ် ကနေ ၅မိုင်ခန့်သာ ကွာဝေးပြီး ယွန်းပျကျေးရွာနားမှာ တည်ရှိတယ်လို့ မြို့ခံ ဦးခွန်ရုဲင်း က ပြောပြပါတယ်။
ပင်လောင်းမြို့အနောက်ဖက် ယွန်းပျရွာကနေတဆင့် သွားရောက်နိုင်ပြီး ကားနဲ့ဖြစ်စေ ဆိုင်ကယ်နဲ့ဖြစ်စေ ဂူအနားထိ သွားရောက်နိုင်ပါတယ်။အဲဒီ ဂူ တောင် ကုန်းထိပ်ကနေ ငါးမိနစ်လောက် လမ်းလျှောက် တာနဲ့ ဂျူးဂူ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။
ဂျူးဂူ ထဲက ကျောက်စက်ပန်းဆွဲတွေဟာ တခြားဂူတွေမှာ တွေ့ရတာမျိုး မဟုတ်ပဲ ထူးခြားလှပတယ်လို့ဆိုပါတယ်။ ဂူအတွင်းပိုင်း က ကျယ် ပြန့်ပြီး နာရီ၂နာရီကျော် သွားရောက်ခဲ့ပေမယ့်လည်း ဂူက မဆုံးသေးပါဘူး။ ဒါ့ အပြင် ဒီဂူထဲမှာဘဲ အမြင့်ဆယ်ပေလောက်က ကျဆင်းလာတဲ့ ရေတံခွန် ငယ်တွေပါတွေ့ရတယ်လို့ ဝင်ရောက်လေ့လာခဲ့သူ ဦးခွန်ရုဲင်း က ပြောပါတယ်။
ဒါ့ပြင်ဂူအတွင်းပိုင်းမှာ လမ်းသွယ်တွေလည်းများပြီးဂူထဲမှာတောင် ဂူသုံးဂူလောက်ကို ထပ်မံ တွေ့ရတယ်လို့ ဆိုပါတယ်။
ပင်လောင်းမြို့ဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက မြို့ဖြစ်ပြီး ဂူ ပေါင်း၅၀ နီးပါးလောက်ရှိတယ်လို့ ဒေသဧည့်လမ်းညွန် ဦးခွန်ထူးအောင် က ဆိုပါတယ်။
ဂျူးဂူနဲ့ပတ်သက်ပြီး ဒဏ္ဍာရီတွေလည်းရှိပါသေးတယ်။ ဒဏ္ဍာရီတွေအရ ရွှေငွေပစ္စည်းတွေ ဒေသခံတွေ အရင်က ရတာမျိုး ရှိပေမယ့် နောက်ပိုင်းမပေးတော့ဘူး လို့ ဒေသခံတွေ အဆိုအရ သိရပါတယ်။
ပင်လောင်းမြို့ဟာ ရာသီဥတုကောင်းမွန်ပြီး စိုက်ခင်းရောင်စုံနဲ့ လှေကားထစ်စိုက်ပျိုးရေးမြင်ကွင်းတွေကိုတွေ့မြင်ရတာမို့ ပြည်တွင်းခရီးသွား တွေကြားမှာ ရေပန်းစားတဲ့မြို့လည်းဖြစ်ပြီး သဘာဝတရားကို ချစ်မြတ်နိုးသူ စွန့်စွန့်စားစား Adventure Tourism ကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမယ့် မြို့ဖြစ်လာနေ ပါပြီ။