ဂျပန်အငွေ့သက်တွေရှိနေသေးတဲ့စူငယ်ဘာလိုင်းကမ်းခြေ (သို့) ဂျပန်ကမ်းခြေ

လရောင်ချို နာမည်ဆန်းတဲ့ ကမ်းခြေတစ်ခု ဖြစ်တဲ့ စူငယ်ဘာလိုင်းကမ်းခြေ လို့ခေါ်တဲ့ ဂျပန်ကမ်းခြေကို အခုဆိုရင် ပြည်တွင်းခရီးသွားတွေ ကြားမှာ တစစနဲ့ သွားလာလည်ပတ်နေကြပါပြီ။ ဒီ ကမ်းခြေဟာဆိုရင် ကော ...

လရောင်ချို

နာမည်ဆန်းတဲ့ ကမ်းခြေတစ်ခု ဖြစ်တဲ့ စူငယ်ဘာလိုင်းကမ်းခြေ လို့ခေါ်တဲ့ ဂျပန်ကမ်းခြေကို အခုဆိုရင် ပြည်တွင်းခရီးသွားတွေ ကြားမှာ တစစနဲ့ သွားလာလည်ပတ်နေကြပါပြီ။

ဒီ ကမ်းခြေဟာဆိုရင် ကော့သောင်းမြို့ရဲ့ ကမ်းခြေသစ် တစ်ခုတည်းမှာ ပါဝင်နေပြီး ပြည်တွင်းခရီးသွားတွေကြားမှာ စိတ်ဝင်စားမှုရရှိလာတဲ့ ကမ်းခြေဖြစ်လာပါတယ်။ တနသာၤရီတိုငျးဒသေကွီး ၊ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ထဲမှာ တည်ရှိနေပြီး စူငယ်ဘာလိုင်းကျေးရွာအုပ်စု ထဲမှာ တည်ရှိတာမို့ အရင်ကတော့ စူငယ်ဘာလိုင်း ကမ်းခြေလို့ ခေါ်တွင်ပါတယ် ။ ဒါပေမယ့် ဒေသခံ အများစုက ဂျပန်ကမ်းခြေလို့ပဲ ခေါ်ပါတယ်။ ဂျပန်ကမ်းခြေလို့ ခေါ်ရတာကလည်း ဒီကမ်းခြေမှာ အရင်တုန်းက ဂျပန်တွေအသုံးပြုခဲ့တဲ့ ဂျပန် လေယာဉ်ကွင်း အသုံးပွုုခဲ့တဲ့ နေရာရှိတာရယ်၊ ဂျပန်ခေတ်က အသုံးပြုခဲ့တဲ့ ရေတွင်းဟောင်းလည်း ရှိနေတာမို့ ဂျပန်ကမ်းခြေဆိုရင် ပိုပြီး လူသိများစေပါတယ်။

ကော့သောင်းကနေ ဂျပန်ကမ်းခြေကို ကုန်းလမ်းကနေသာမက ရေလမ်းကနေလည်း လာရောက်လည်ပတ်နိုင်ပါတယ်။ ကုန်းလမ်းကနေ လာမယ်ဆိုရင် မိုင်အားဖြင့် မိုင် ၅၀ အကွာအဝေးမှာရှိပြီး တစ်နာရီ နဲ့ ၄၅ မိနစ်ဝန်းကျင် လောက်ကားစီးရုံနဲ့ ရောက်နိုင်ပါတယ် ။ ရေလမ်းကနေလာမယ်ဆိုရင် တော့ ရေမိုင် ၃၂ လောက်မိုင်အကွာမှာ တည်ရှိပါတယ်။

ကမ်းခြေဖြစ်တာမို့ ကမ်းခြေမှာ activity လုပ်နိုင်တဲ့ ကစားနည်းတွေ ထည့်သွင်းသွားဖို့ လုပ်ဆောင်နေတဲ့ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေ လည်း ရှိနေပါပြီ။ ကမ်းခြေကို လာရောက်လည်ပတ်တဲ့သူတွေများတာမို့ ကမ်းခြေမှာ ဟိုတယ် တွေ ၊ လုံးချင်းတွဲ အဆောက် အအုံတွေ ကိုပါ စတင် တည်ဆောက်နေတဲ့လုပ်ငန်းရှင်တွေလည်း ရှိနေပါတယ်။

လက်ရှိမှာဆိုရင် ကမ်းခြေကို လာရောက်လည်ပတ်တဲ့ သူတွေအနေနဲ့ Jet Ski စီးလို့ရပါတယ်။ ဘဲလေး ဘုတ်တွေ စီးလို့ရတယ်။ ဒါ့အပြင် ကမ်းခြေရဲ့ အနီးနားမှာရှိတဲ့ ငှကျသိုုကျကြှနျး ဆီကို သွားရောက်လည်ပတ်နိုင်သေးတယ်။ ငှက်သိုက်ကျွန်း ရဲ့ အောက်မှာ လှိုဏ်ဂူတွေ ရှိတာမို့ဒီ အထဲကိုလည်း Jet Ski တွေနဲ့ ဝင်လို့ရပါတယ်။ ဘုတ်တွေနဲ့လည်း ပတ်လို့ရတဲ့ Activity တွေ လုပ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် ဂျပန်ကမ်းခြေကနေ သွားရောက်လည်ပတ်နိုင်တဲ့ ကျွန်းပတ်ခရီးစဉ်တွေကိုလည်း သွားလည်ပတ် နိုင်ပါသေးတယ်။ ဒါ့အပြင် snorkeling ငုပျလိုု့ လည်းရတယ် ။ ကမ်းခြေမှာ မြင်းလှည်းစီးတာ တွေ၊ မြင်းစီးနိုင်အောင်လည်း ဖန်တီးပေးထားတယ်။ ကလေးငယ်တွေ အတွက်လည်း ကစားနည်းတွေကိုပါ ထည့်သွင်း သွားမယ်လို့ ဆိုပါတယ်။နောက်ပိုင်းမှာဆိုရင် လေထီးစီးတာတွေ လုပ်သွားမယ့် Activity တွေကိုပါ ထည့်သွင်းသွားမယ်လို့ ဂျပန်ကမ်းခြေမှာ ခရီးသွားလုပ်ငန်းတွေဆောင်ရွက်နေတဲ့K&L Travel& Tour က တာဝန်ရှိသူတွေကလည်းဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်သင်္ကြန်မှာ ကမ်းခြေကို လာရောက်လည်ပတ်ကြတဲ့သူတွေ များလာတာမို့ အခုဆိုရင် ကမ်းခြေမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေဖွင့်လှစ်ပေးထားပြီး လာရောက် လည်ပတ်တဲ့ သူမှန်သမျှ နားနေရင်း ကစားရင်းနဲ့ အပန်းဖြေနိုင်လို့ရနေတဲ့ ကမ်းခြေတစ်ခု ဖြစ်လာပါပြီ။

ကမ်းခြေအသစ်တွေကို စိတ်ဝင်စားနေသူတွေနဲ့ ကမ်းခြေချစ်သူများအတွက်တော့ ဂျပန်ကမ်းခြေကို ကြိုက်နှစ်သက်မယ်ဆိုရပါမယ်။ ကမ်းခြေဖြစ်တာနဲ့အညီ ကမ်းခြေမှာ ဥရောပအစားအစာ၊ ထိုင်းအစားအစာ တွေ အပါအဝင် ဒေသရိုးရာ အစားအစာတွေကိုပါ ရောင်းချပေးတဲ့ စားသောက်ဆိုင်တွေလည်း ရှိတာမို့ လာရောက် လည်ပတ်သူတွေ အတွက် ရွေးချယ်စားသောက်ရုံပါပဲ။ ဒါ့အပြင် Bar ဆိုင်လည်း ဖွင့်ထား တာမို့ ဘားကြိုက် တဲ့သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။

ဒါ့ကြောင့်မို့ ကမ်းခြေအသစ်တွေကိုမှ စိတ်ဝင်စားတဲ့ ကမ်းခြေချစ် သူများအတွက် ကော့သောင်းမြို့နယ်ထဲက ဂျပန်အငွေ့အသက်တွေ ရှိနေတဲ့ စူငယ်ဘာလိုင်း ကမ်းခြေခေါ် ဂျပန် ကမ်းခြေ အသစ်ကို သွားရောက်လည်ပတ် နိုင်ဖို့ မိတ်ဆက် ပေးလိုက်ပါတယ် ။

Travelling_Journal/Vol_1_Issue_20

Photo_K&L Travels & Tour