နှင်းဆီသခင်
ကလောဆိုတာ ဘယ်တော့မှ မရိုးသွားပဲ အမြဲ ချစ်စရာကောင်းလွန်းလှတဲ့ မြို့ငယ်လေးလို့ဆိုချင် ပါတယ်။ ကလောကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ အများဆုံးလာရတဲ့အကြောင်းကလည်း ဒီမြို့မှာ ရွေးချယ် လည်ပတ် စရာတွေရှိတဲ့အပြင် အမြဲအေးမြ စေတာကလည်း ကလောရဲ့ ထူးခြားချက်ဝိသေသ တစ်ခုလို့ ဆိုရပါမယ်။
ကလောဆိုတာနဲ့ ပြေးမြင်ယောင်မိစေတာက ကိုလိုနီခေတ်အဆောက်အအုံတွေကို တစ်နေရာ တည်းမှာ စုစုစည်းစည်းကြည့်လို့ရတဲ့ မြို့လို့ တန်းမြင် စေရတဲ့ မြို့လေးတစ်ခုပါ။ နှစ် ၁၀၀ ကျော် သက်တမ်း ရှိတဲ့ အဆောက် အအုံတွေကို Heritage Walk လုပ် ပြီး လေ့လာလို့ရတဲ့ မြို့လေးပါ။ ကလောရဲ့ ရာသီဥတု က အမြဲ အေးမြနေပြီး ကလောမှာရှိတဲ့ ဟိုတယ်တိုင်း ကလည်း တည်းခိုချင်စရာကောင်းလှတဲ့အတွက် ဧည့်သည် အားလုံးကို ကလောမြို့လေးက လာရောက် လည်ပတ်ချင်အောင် ဆွဲဆောင်နိုင်တဲ့မြို့လို့ ဆိုချင် ပါတယ်။
ဒီလိုချစ်စရာကောင်းတဲ့မြို့မှာ ပိုပြီးအထင်ကရ ဖြစ်စေတာက မြန်မာနိုင်ငံမှာ ဒုတိယမြောက်ဖွင့်လှစ် ခဲ့တဲ့ Kalaw Heritage Hotel ရှိနေခြင်းကလည်း ကလောကို ထပ်မံဆွဲဆောင်စေခြင်းပါပဲ။ သက်တမ်း ရင့် ဟိုတယ်တစ်ခု လည်းဖြစ်ပြီး ကလောရဲ့ ရှေးအကျ ဆုံးဟိုတယ် Kalaw Heritage Hotel ပါ။
ဒီဟိုတယ်ကို စဖွင့်ခဲ့တာက ၁၉၀၃ ခုနှစ်ထဲက ဖြစ်ပြီး အဆောက်အဦးပုံစံ အတွင်းဘက်အပြင်အဆင် သာမက အခန်းဖွဲ့စည်းပုံ စတာတွေကိုပါ အင်္ဂလိပ် ခေတ်က ရှိခဲ့တဲ့ ပုံစံအတိုင်းပဲ အခု လက်ရှိထိန်းသိမ်း ထားပြီး အတက် နိုင်ဆုံး Heritage ဖြစ်အောင် စောင့်ရှောက်ထားတဲ့ ဟိုတယ်တစ်ခုပါ။
ကိုလိုနီခေတ် အကြွင်းအကျန်ဟိုတယ်တစ်ခုဖြစ်ပြီး ကိုလိုနီခေတ်အငွေ့အသက်များစွာကျန်ရှိအောင် ထိန်းသိမ်း ထားခြင်းကလည်း ချီးကျူးစရာကောင်းလှ ပါတယ်။ ရန်ကုန်မြို့၊ ကမ်းနားလမ်းက Strand Hotel ပြီးရင် ဒုတိယရှေးအကျဆုံးဟိုတယ်လည်းဖြစ်တာမို့ ကိုလိုနီခေတ်အဆောက်အအုံတွေကို မြတ်နိုးသူတွေ နဲ့ ရှေးလက်ရာ တွေကို စိတ်၀င်စားသူတွေအတွက် တခုတ်တရနဲ့ ဟိုတယ်ကို လာရောက်လည်ပတ်သူ တွေ များလှပါတယ်။
ကိုလိုနီခေတ်အဆောက်အအုံဖြစ်တဲ့အပြင် ဟိုတယ်ကလည်း အရမ်းလှလွန်းတာမို့ ဧည့်သည် တွေကပါ ဓာတ်ပုံလာရိုက်ကြတဲ့နေရာ (Movie Site) တစ်ခု ဖြစ်နေသလို ပြည်တွင်းပြည်ပ ဧည့်သည်တွေရဲ့ Tourist Attraction တစ်ခု ဖြစ်နေတာကလည်း ဟိုတယ်ရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခုပါ။
ဟိုတယ်ကလည်း ဟိုတယ်ဇုန်တွေရှိတဲ့ဘက်မှာ ရှိတာရယ် ကုန်းမြင့်လေးပေါ်မှာ သီးသီးသန့်သန့် ခြံအကျယ်ကြီးနဲ့ တည်ရှိတာမို့ သီးခြားစီတည်ရှိနေ တဲ့ ဟိုတယ်တစ်ခုပါ။ Reception ကို သွားတဲ့ လမ်းဘေး တလျောက်မှာ ပန်းပင်တွေ တန်းစီစိုက် ထားတာမို့ မပျင်းစေရပဲ လေညင်းခံရင်း လှပတဲ့ ပန်း ပွင့်လေးတွေကို ငေးမောကြည့်ရင်း သွားရောက်ရတာ ကလည်း ဟိုတယ်ရဲ့ဆွဲဆောင်မှုတစ်ခုလို့ဆိုရပါမယ်
PINE
Reception ရှိတဲ့ အဆောက်ဦးနာမည်က တော့ PINE လို့ခေါ်ပါတယ်။ နှစ်ထပ်အဆောက်အဦး ဖြစ်ပြီး အင်္ဂလိပ် ခေတ် ၁၉၀၆ တည်းကဆောက်ခဲ့တဲ့ ရှေးအဆောက်အဦးတွေပါ။ ဟိုတယ်အထဲ Reception ကို ၀င်၀င်ချင်းမှာ ဓာတ်ပုံမှတ်တမ်းတွေကို ဦး စွာမြင်ရစေပါတယ်။ ဒီဟိုတယ်ကို ခေတ်အဆက်ဆက် လုပ်ကိုင်ခဲ့တဲ့ လူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေအပြင် ယခင်ကာလများဆီက ရှေးဓာတ်ပုံတွေ၊ ရန်ကုန်မြို့ရဲ့ ပထမဆုံး ဟိုတယ် Strand Hotel ဓာတ်ပုံတွေကို ချိတ်ဆွဲပြသ ထားရှိခြင်းပါ။ PINE အဆောင်မှာတော့ အပေါ်ထပ်မှာဆိုရင် Delux Room အမျိုးအစား (၈)ခန်း၊ Heritage Suite အခန်း(၄)ခန်းနဲ့ စုစုပေါင်း (၁၂)ခန်းသာ ရှိပါတယ်။ Suite အခန်းတွေကတော့ အဆောင်ရဲ့ အစွန်ဘက်တွေပဲရှိတဲ့အတွက် အခန်း တွင်းကနေ လှမ်းကြည့်လိုက်ရင် သာယာတဲ့ ရှုခင်း တွေကို ခံစားစေမိမှာအမှန်ပါ။
နောက်ပြီး ဟိုတယ်၀န်းဘေးကနေ မီးရထား သံလမ်းတွေကို ဖောက်လုပ်ထားတဲ့အတွက် ရထားခုတ်မောင်းတဲ့ အချိန်တွေဆို တောင်တန်းတွေ ရယ် မီးရထားခုတ်မောင်းသွားတာကို ငေးမောကြည့် ရတဲ့အရသာက တစ်ခြား ဟိုတယ်တွေနဲ့ မတူတဲ့ ရသ တစ်မျိုးကို ခံစားရစေမှာအမှန်ပါပဲ။ ဒီလိုရှုခင်းရသမျိုးကတော့ PINE အဆောင်ရဲ့ ထိပ်ဆုံး Suite နှစ် ခန်းကနေဆို ပိုပြီးထိထိမိမိခံစားရစေမှာ အမှန်ပါ။
ဒီနှစ်ခန်းထဲက တစ်ခန်းမှာတော့ ဂျာမန်စာရေး ဆရာဖြစ်သူ Jan – Philipp Sendker က တကူး တကနဲ့ မြန်မာပြည်ကိုရောက်အောင်လာပြီး Kalaw Heritage Hotel ရဲ့ Suite အခန်းကို ရက်ရှည် လာရောက်တည်းခို လေ့ရှိတယ်လို့ သိရပါတယ်။ တကယ်လည်း ဒီအခန်းလေးမှာတည်းပြီး နားနေရတဲ့ ခံစားမှုရယ် တောင်တန်းတွေကို ငေးပြီး သဘာ၀အလှတရားကို ခံစားလို့ အကောင်းဆုံးအခန်းလို့ဆိုချင်ပါတယ်။
စျေးနှုန်းတွေအနေနဲ့ Delux အမျိုး အစားဆိုရင် ပြည်တွင်းဧည့်သည်တွေအနေနဲ့ ကျပ် (၁၁၁၅၀၀) ကျသင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ ကန်ဒေါ်လာ (120)$ ကျသင့် မှာပဲ ဖြစ်ပါတယ်။ Suite Room အမျိုးအစားဆိုရင် ပြည်တွင်းဧည့်သည်တွေအနေနဲ့ ကျပ် (၁၄၀၀၀၀) ကျ သင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားသားဧည်သည်တွေဆိုရင် ကန်ဒေါ်လာ (165) $ ကျသင့်မှာ ဖြစ်ပါတယ်။
PINE ရဲ့ အောက်ထပ်မှာကတော့ Heritage Bar ၊ Sisson ́s Restaurant နဲ့ အမှတ်တရပစ်္စည်း ဆိုင် စတဲ့အခန်းတွေရှိပါတယ်။ လျှောက်လမ်းရဲ့ ဘေး တစ်ဖက်စီ အခန်းအရောင်တွေနံရံက အဖြူလွင့်ရောင် သုတ်လိမ်းထားတာမို့ ချစ်စရာကောင်းပြီး ရိုးရှင်းတဲ့ ဆွဲဆောင်မှုလို့ ခံစားမိစေရမှာပါ။
ARCON
ဒီအဆောက်အအုံကတော့ …ကိုလိုနီခေတ် အဆောက်အဦးနှစ်ခုထဲက ရှေးအကျဆုံးတစ်ခုပါ။ ARCON အဆောက်အအုံကိုတော့ ၁၉၀၃ ခုနှစ်က တည်းက ဆောက်ထားတာဖြစ်ပြီး ပြန်ပြီးပြင်ဆင်ထား တာမရှိပါဘူး။ အရင်ကဆောက်ခဲ့တဲ့ အဆောက်အအုံ အတိုင်း ထားရှိပေးထားတာပါ။ ဒီအဆောက်အအုံကို တော့ နိုင်ငံခြားသားဧည့်သည်တွေက အထူးသဖြင့် နှစ်သက်ကြပြီး တကူးတက အခန်းကြိုတင်မှာပြီး တည်းခိုလေ့ရှိတယ်လို့ သိရပါတယ်။ ARCON ဆောင်မှာတော့ Superior အခန်းအမျိုးအစားတွေ သာ ထားရှိပေးထားပါတယ်။ အခန်းပေါင်းကတော့ (၁၅)ခန်းရှိပြီး စျေးနှုန်းကတော့ နိုင်ငံခြားသား ဧည့်သည်ဆိုရင် တစ်ညကို ကန်ဒေါ်လာ (100)$ နဲ့ ပြည်တွင်း ဧည့်သည်တွေတည်းခိုမယ်ဆိုရင် တစ်ည ကို ကျပ် (၉၀၀၀၀) ကျသင့်မှာပဲဖြစ်ပါတယ်။
TUDOR
ဒီနှစ်ထပ်ဆောင်ကတော့ နောက်မှထပ်ဆောက် ထားတဲ့ အဆောက်အအုံပါ။ နှစ် ၁၀၀ မရှိသေးပါဘူး။ အဖြူရောင် ဆေးရောင်သုတ်လိမ်းထားတာမို့ အဝေး ကနေကြည့်လိုက်ရင် အဖြူရောင်အဆောက်အအုံကို မြင်စေရတာကလည်း ကောင်းကင်ပြာပြာအောက်က အဖြူရောင်ရဲတိုက်ကို မြင်ရစေသလို အထင်အရှားမြင် တွေ့ရစေပါတယ်။ ဒီအဆောင်မှာတော့ Classic Room အခန်းအမျိုးအစားတွေသာရှိပြီးတော့ အခန်း ပေါင်းကတော့ (၁၈)ခန်းရှိပါတယ်။ အခန်းစျေးနှုန်း တွေကတော့ ပြည်တွင်းဧည့်သည်ဆိုရင် (၆၅၀၀၀) ကျပ် ကျသင့်မှာဖြစ်ပြီးတော့ နိုင်ငံခြားဧည့်သည်တွေ ဆိုရင် ကန်ဒေါ်လာ (75) $ ကျသင့်မှာပဲ ဖြစ်ပါတယ်။
PINE ရယ် ARCON ရယ် TUDOR အဆောက်အအုံသုံးခုပေါင်းမှ အခန်းပေါင်း ၄၅ ခန်း ပဲရှိပါတယ်။ အခန်းတွေရဲ့ အပြင်အဆင်တွေကလည်း ဥရောပစတိုင် အပြင်အဆင်မျိုးထားရှိပေးထားပါ တယ်။ အခန်းထဲ ၀င်လိုက်ပြီဆိုရင်ကို အနောက်နိုင်ငံရဲ့ ဟိုတယ် အခန်းထဲကို ရောက်ရှိနေသလိုခံစားရစေတာ ကလည်း ဒီဟိုတယ်ရဲ့ ဆွဲဆောင်မှုတစ်မျိုးပါ။
ဟိုတယ်ရဲ့ အခန်းတွေကလည်း ကိုလိုနီခေတ် အငွေ့အသက်လေးတွေနဲ့ စိတ်ကူးယဉ်စရာကောင်း လှပါတယ်။ ဖန်တီးခြင်းအတတ်ပညာနဲ့ နူးညံ့သိမ်မွေ့မှု ရသကို ပေါင်းစပ်လိုက်တဲ့အခါမှာ ရသခံစားမှုက သူ မတူအောင် ရရှိစေတာကလည်း ဟိုတယ်ရဲ့ ထူးခြား လွန်းတဲ့ ဆွဲဆောင်စရာပါ။ ဟိုတယ်ရဲ့အခန်းတိုင်းမှာ Aircon မတပ်ဆင်ထားပါဘူး။ ရှေးခေတ်စတိုင် မျက်နှာကျက်ကပ်ပန်ကာတွေကိုသာ တပ်ဆင်ပေး ထားပါတယ်။ အခန်းရဲ့ ခေါင်းရင်းဘက်မှာ ကြီးမားတဲ့ ပန်းချီကားတစ်ချပ်ကိုလည်း ချိတ်ဆွဲထားရှိခြင်းပါပဲ။ ပန်းချီကားတွေကလည်း ကမ္ဘာ့မြေပုံကို ဖော်ပြထား တဲ့ ပန်းချီကားမျိုးပါ။
Sisson ́s Restaurant ကတော့ မနက်မှာ Breakfast အခန်းဖြစ်ပြီး၊ ညကျရင်တော့ ဒေသ အစားအစာတွေ၊ အနောက်တိုင်းအစာတွေကို မှာ ယူစားသောက်လို့ရပါတယ်။ ဟိုတယ်ရဲ့ Breakfast ကလည်း တကယ့်ကို စိတ်ကြိုက်ရွေးချယ်စရာတွေ များလှပါတယ်။ Breakfast ကို နိုင်ငံခြားသား အကြိုက် ရွေးချယ်၀န်ဆောင်မှုပေးထားတာပါ …။ Breakfast ကို ဘူဖေးထားရှိပေးပြီး အနောက်တိုင်း၊ မြန်မာ၊ တရုတ်ဟင်းမျိုးတွေပါ၀င်ပါတယ်။ ဟိုတယ်ရဲ့ မနက်စာ ဘူဖေးက အမယ်စုံပါ၀င်သလို စားရတာ အရသာရှိတာမို့ အပြင်ဧည့်သည်တွေကပါ ဒီဟိုတယ် ရဲ့ Breakfast ကို လာရောက် စားသုံးတာမျိုးလည်း ရှိပါတယ်။ ဘေးချင်းကပ် Heritage Bar ကတော့ အေးအေးဆေးဆေး နားနားနေနေ အပန်းဖြေလို့ ကောင်းတဲ့ Bar တစ်ခုပါ။ ဒီအခန်းကိုလည်း ရှေး လက်ရာပစ္စည်းတွေနဲ့အလှဆင်ထားပါတယ်။ အပြင် ဧည့်သည်တွေပါ လာရောက်စားသောက်နိုင်အောင် ၀န်ဆောင်မှုပေးထားပါတယ်။
နားအေးပါးအေး ကော်ဖီသောက်မလား။ ဒါမှ မဟုတ် စျေးလည်းသင့်တင့် ရွေးစရာလည်းရှိတဲ့ Cocktail Menu လည်းရှိပါတယ်။ စိတ်ကြိုက်ရွေး ချယ်သုံးဆောင်နိုင်ပါတယ်။ Bar ရဲ့အခန်းရှေ့မှာတော့ အမှတ်တရပစ္စည်းတွေ၀ယ်လို့ရအောင် Gift Shop ကို ထားရှိပေးတာကလည်း ဟိုတယ်ရဲ့ ၀န်ဆောင်မှု ကို အလေးထားပေးတာကိုသတိပြုမိစေရပါတယ်။
LOVER’s TREE
ဟိုတယ်၀င်းထဲက ဆွဲဆောင်စရာနေရာတစ်ခု လည်း ရှိလို့နေပါတယ်။ ထင်းရှုးနဲ့ ညောင်ပင်တွဲလိုက် စိုက်ထားတဲ့ နှစ် ၁၀၀ ကျော် Loveŕs Tree ကြီးက လည်း စိတ်၀င်စားစရာကောင်းပါတယ်။ ကလောရဲ့ ဆွဲဆောင်စရာ တစ်ခုလို့တောင်ပြောရမှာပါ။ အထူးတလည်ညွှန်းဆိုစရာမလိုအောင် ဒီ Loveŕs Tree နဲ့ အမှတ်တရဓာတ်ပုံရိုက်သူတွေ မနည်းမနောပါ။ ပြည်တွင်းရောပြည်ပရော အမှတ်တရဓာတ်ပုံရိုက်လေ့ရှိ တဲ့နေရာ တစ်ခုမို့ Loveŕs Tree နဲ့ မရိုက်ပဲပြန်လေ့ ရှိတဲ့ ဧည့်သည်ဆိုတာနည်းပါတယ်။ သစ်ပင်ရဲ့ဘေးမှာ ဒါန်းစီးလို့ရအောင် ကားတာယာန ဲ့ဒါန်းစီးလုပ်ပေးထား ပြီး ထင်းရှူးသားခုံတန်းလျားလည်း ထားရှိပေးတာမို့ လေတဖြူးဖြူးနဲ့ နေလို့ကောင်းလွန်းတဲ့ နေရာပါ။
ဒါကြောင့်မို့ ကိုလိုနီခေတ်အငွေ့အသက်တွေ ကြိုက်နှစ်ခံစားလိုသူတွေရော ရှုခင်းကောင်းကောင်းနဲ့ အေးဆေးစွာတည်းခိုချင်သူတွေအတွက်ရော ကလော မြို့လေးကို သွားရောက်လည်ပတ်ဖြစ်ခဲ့ရင် ကိုလိုနီ ခေတ်အငွေ့အသက်တွေကို အပြည့်အ၀ခံစားနိုင် စေမယ့် မြန်မာနိုင်ငံရဲ့ ဒုတိယမြောက်ရှေးအကျဆုံး ဟိုတယ်ဖြစ်တဲ့ Kalaw Heritage Hotel မှာ ခံစား မှုရသတွေကို ရရှိခံစားရင်း အပန်းဖြေတည်းခိုဖို့ ဒီ တစ်လရဲ့ ဟိုတယ်လမ်းညွှန်ကဏ္ဍလေးကနေ လမ်းညွှန်ပေးလိုက်ရပါတယ်