#Travelling journal
ရှေးအခါက ဘုရင်များစစ်တိုက်ထွက်သည့်အခါ အသုံး ပြုသည့် Emperor Bell Tents ပုံစံဖြင့် ဝန်ဆောင်မှု ပေးသည့် အစီအစဉ်ကို အလိုင်နီ ဆည်တွင် စတင်အကောင် အထည် ဖော်နေပြီဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး အတွင်းရှိ Home at Alaingni ဟု အမည်ပေးထားပြီး အလိုင်နီဆည်ဘေးနားတွင် Tents ပုံစံ အဆောက်အအုံ သုံးခုကို စတင်ဆောင်ရွက်ထားပြီး သဘာဝတရား ကို ချစ်မြတ်နိုးပြီး တိတ်တိတ် ဆိတ်ဆိတ် နေချင်သူများအတွက် ရည်ရွယ်အကောင်အထည်ဖော်ထားကြောင်း သိရသည်။
အလိုင်နီဆည်သို့ သွားရောက်အပန်းဖြေ လိုသူများအနေဖြင့် ရန်ကုန်-ပဲခူး လမ်းမကြီး အတိုင်း သွားရောက် နိုင်ပြီး ပဲခူး တိုးဂိတ်မရောက်ခင် တိုက်ကြီး-ဖောင်ကြီးလမ်း အတိုင်း ချိုးဝင်ပြီး မိနစ် ၂၀ ခန့် ကားမောင်းပါက အလိုင်နီ ရွက်ဖျင်တွဲ ဆီသို့ ရောက် ရှိနိုင် ကြောင်းသိရသည်။
“လက်ရှိ မှာ တဲ သုံးခုနဲ့ လုပ်ထားပြီး နေ့ချင်းပြန် လည် ပတ် လို့ရပါတယ်။ လူဦးရေ ကိုတော့ ကန့်သတ် ထားပါတယ်။ တဲ တစ်ခုကို လေးယောက် ထက် ပိုမထားပါဘူး။အခု လုပ်ရတဲ့ ရည်ရွယ်ချက်က ပိုက်ဆံ ရှိတာ မရှိတာ ထက် သဘာဝပတ်ဝန်းကျင် ကို အလေးထား တဲ့သူ တွေ အတွက် ရည်ရွယ်တာပါ။ အခု ဒီမှာက Off Grid လုပ်ထားတာလေ။ ဆိုလာ စနစ်နဲ့ပဲ ထားတယ်။ ခြံမှာ စိုက်တဲ့ဟင်းသီးဟင်း ရွက်တွေကိုလည်း သဘာဝအတိုင်း ကြက်ချေး နဲ့ပဲ စိုက်ပျိုးပါတယ်”ဟု အလိုင်နီ ကို တည်ထောင်သူ က Travelling journal သို့ ပြောသည်။
လက်ရှိတွင် နေ့ချင်းပြန် လည်ပတ်သူများအတွက် တစ်ဦးလျှင် နေ့လည်စာအပါ ကျပ် နှစ်သောင်း ခွဲ သတ်မှတ် ထားပြီး ညအိပ် တည်းခိုပါက တဲ တစ်ခု လျှင် လူနှစ်ယောက် တည်းခိုပါက ကျပ်တစ်သိန်း သတ်မှတ်ထား ကြောင်း သိရသည်။
“နေ့ချင်းပြန်လာလည်တဲ့ဧည့်သည်တွေကို တစ်ယောက် နှစ်သောင်းခွဲ သတ်မှတ်ထားပါတယ်။ ရွက်ဖျင်တဲမပါပါဘူး။ ရွက်ဖျင်တဲယူရင် ငါးသောင်း ထပ်ပေးရပါပါတယ်။ နေ့ချင်းပြန်တဲ့ဧည့်သည်တွေရော ညအိပ်မယ့် ဧည့်သည်တွေအတွက်နေ့လည်စာနဲ့ kayakလှေစီးတာ၊စက်ဘီးစီးဖို့တွေ စီစဉ်ပေးထားပါတယ်။ Extra Bed ထိုးရင် တစ်ယောက်ကို သုံးသောင်းပါ”ဟု အလိုင်နီ ကို တည်ထောင်သူ က Travelling journal သို့ ပြောသည်။
အဆိုပါ ပုံစံများမှာ ကိုဗစ်ကာလတွင် ခေတ်စားလာခဲ့ပြီး ရွက်ဖျဉ်တဲများဖြင့် အပန်းဖြေလာကြသည့် Camp Sites များကို ခရီးသွား လုပ်ငန်းဆိုင်ရာ အခြားဝန်ဆောင်မှု အမျိုးအစားလုပ်ငန်းတွင် ထည့်သွင်းပြီး ခရီးသွား အပန်းဖြေ လိုင်စင်ထုတ်ပေးနိုင်ရန် စဉ်းစားနေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ၏ ဒုတိယညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန် က Travelling journal သို့ ပြောကြားထားပြီး ဖြစ်သည်။
#ZawgyiVersion
ေရွးအခါက ဘုရင္မ်ားစစ္တိုက္ထြက္သည့္အခါ အသုံး ျပဳသည့္ Emperor Bell Tents ပုံစံျဖင့္ ဝန္ေဆာင္မႈ ေပးသည့္ အစီအစဥ္ကို အလိုင္နီ ဆည္တြင္ စတင္အေကာင္ အထည္ ေဖာ္ေနၿပီျဖစ္ေၾကာင္း သိရသည္။
ပဲခူးတိုင္းေဒသႀကီး အတြင္းရွိ Home at Alaingni ဟု အမည္ေပးထားၿပီး အလိုင္နီဆည္ေဘးနားတြင္ Tents ပုံစံ အေဆာက္အအုံ သုံးခုကို စတင္ေဆာင္႐ြက္ထားၿပီး သဘာဝတရား ကို ခ်စ္ျမတ္နိုးၿပီး တိတ္တိတ္ ဆိတ္ဆိတ္ ေနခ်င္သူမ်ားအတြက္ ရည္႐ြယ္အေကာင္အထည္ေဖာ္ထားေၾကာင္း သိရသည္။
အလိုင္နီဆည္သို႔ သြားေရာက္အပန္းေျဖ လိုသူမ်ားအေနျဖင့္ ရန္ကုန္-ပဲခူး လမ္းမႀကီး အတိုင္း သြားေရာက္ နိုင္ၿပီး ပဲခူး တိုးဂိတ္မေရာက္ခင္ တိုက္ႀကီး-ေဖာင္ႀကီးလမ္း အတိုင္း ခ်ိဳးဝင္ၿပီး မိနစ္ ၂၀ ခန႔္ ကားေမာင္းပါ
က အလိုင္နီ ႐ြက္ဖ်င္တြဲ ဆီသို႔ ေရာက္ ရွိနိုင္ ေၾကာင္း
သိရသည္။
“လက္ရွိ မွာ တဲ သုံးခုနဲ႕ လုပ္ထားၿပီး ေန႕ခ်င္းျပန္ လည္ ပတ္ လို႔ရပါတယ္။ လူဦးေရ ကိုေတာ့ ကန႔္သတ္ ထားပါတယ္။ တဲ တစ္ခုကို ေလးေယာက္ ထက္ ပိုမထားပါဘူး။
အခု လုပ္ရတဲ့ ရည္႐ြယ္ခ်က္က ပိုက္ဆံ ရွိတာ မရွိတာ ထက္ သဘာဝပတ္ဝန္းက်င္ ကို အေလးထား တဲ့သူ ေတြ အတြက္ ရည္႐ြယ္တာပါ။ အခု ဒီမွာက Off Grid လုပ္ထားတာေလ။ ဆိုလာ စနစ္နဲ႕ပဲ ထားတယ္။ ၿခံမွာ စိုက္တဲ့ဟင္းသီးဟင္း ႐ြက္ေတြကိုလည္း သဘာဝအတိုင္း ၾကက္ေခ်း နဲ႕ပဲ စိုက္ပ်ိဳးပါတယ္”ဟု အလိုင္နီ ကို တည္ေထာင္သူ က Travelling journal သို႔ ေျပာသည္။
လက္ရွိတြင္ ေန႕ခ်င္းျပန္ လည္ပတ္သူမ်ားအတြက္ တစ္ဦးလွ်င္ ေန႕လည္စာအပါ က်ပ္ ႏွစ္ေသာင္း ခြဲ သတ္မွတ္ ထားၿပီး ညအိပ္ တည္းခိုပါက တဲ တစ္ခု လွ်င္ လူႏွစ္ေယာက္ တည္းခိုပါက က်ပ္တစ္သိန္း သတ္မွတ္ထား ေၾကာင္း သိရသည္။
“ေန႕ခ်င္းျပန္လာလည္တဲ့ဧည့္သည္ေတြကို တစ္ေယာက္ ႏွစ္ေသာင္းခြဲ သတ္မွတ္ထားပါတယ္။ ႐ြက္ဖ်င္တဲမပါပါဘူး။ ႐ြက္ဖ်င္တဲယူရင္ ငါးေသာင္း ထပ္ေပးရပါပါတယ္။ ေန႕ခ်င္းျပန္တဲ့ဧည့္သည္ေတြေရာ ညအိပ္မယ့္ ဧည့္သည္ေတြအတြက္ေန႕လည္စာနဲ႕ kayakေလွစီးတာ၊စက္ဘီးစီးဖို႔ေတြ စီစဥ္ေပးထားပါတယ္။ Extra Bed ထိုးရင္ တစ္ေယာက္ကို သုံးေသာင္းပါ”ဟု အလိုင္နီ ကို တည္ေထာင္သူ က Travelling journal သို႔ ေျပာသည္။
အဆိုပါ ပုံစံမ်ားမွာ ကိုဗစ္ကာလတြင္ ေခတ္စားလာခဲ့ၿပီး ႐ြက္ဖ်ဥ္တဲမ်ားျဖင့္ အပန္းေျဖလာၾကသည့္ Camp Sites မ်ားကို ခရီးသြား လုပ္ငန္းဆိုင္ရာ အျခားဝန္ေဆာင္မႈ အမ်ိဳးအစားလုပ္ငန္းတြင္ ထည့္သြင္းၿပီး ခရီးသြား အပန္းေျဖ လိုင္စင္ထုတ္ေပးနိုင္ရန္ စဥ္းစားေနေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာန ၏ ဒုတိယၫြန္ၾကားေရးမႈးခ်ဳပ္ ဦးေအာင္ေအးဟန္ က Travelling journal သို႔ ေျပာၾကားထားၿပီး ျဖစ္သည္။