ပုဂံမြေမှာမြင်းစီးရင်းးအလှတရားတွေခံစားကြမယ်

ယဉ်ယဉ်လှ ကမ္ဘာပေါ်ရှိတဲ့ လှပတဲ့အရာတိုင်းမှာ သိမ်မွေ့လှပလွန်းလှပါ တယ်။ အနုပညာဆိုတဲ့ စကားလုံးဟာ ရိုးရှင်းပေမယ့် ခံစားရတဲ့သူ တွေအပေါ်ကနေ အမျိုးမျိုးခွဲဖြာထွက်သွားစေခဲ့ရတာကလည်း အနုပညာ ပညာရပ်တစ်ခုပါ ...

ယဉ်ယဉ်လှ

ကမ္ဘာပေါ်ရှိတဲ့ လှပတဲ့အရာတိုင်းမှာ သိမ်မွေ့လှပလွန်းလှပါ တယ်။ အနုပညာဆိုတဲ့ စကားလုံးဟာ ရိုးရှင်းပေမယ့် ခံစားရတဲ့သူ တွေအပေါ်ကနေ အမျိုးမျိုးခွဲဖြာထွက်သွားစေခဲ့ရတာကလည်း အနုပညာ ပညာရပ်တစ်ခုပါပဲ။

စာရေးခြင်းအနုပညာ၊ ခရီးသွားခြင်းအနုပညာ၊ စားသောက် ခြင်းအနုပညာ၊ အိပ်စက်ခြင်းအနုပညာစတဲ့ မျိုးစုံတွေထဲကနေ မကုန်ခမ်းနိုင်ပါဘူး။ အဓိပ်္ပာယ်ဖွင့်ဆိုချက်တွေကတော့ ခံယူသူပေါ် ကနေ ကွဲပြားစေလွန်းလှပါတယ်။
ရသတွေမတူတဲ့ ခံစားမှုတွေကို ခံစားရနိုင်တဲ့ စိတ်ခံစားမှုပေး နိုင်တဲ့ မြင်းစီးခြင်းအနုပညာ၊ ရင်ခုန်စိတ်လှုပ်ရှားစရာတွေကို ဖန်တီး ပေးနိုင်တဲ့ မြင်းစီးခြင်းအနုပညာ၊ ခွန်အားတွေ ပေးစွန်းနိုင်တဲ့ မြင်းစီးခြင်းအနုပညာကို သင့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။

ရှေးမြန်မာတွေရဲ့ မြင်းစီးခြင်းအတတ်ပညာ၊ ပုဂံဘုရားတွေ ကြားကနေ မြင်းစီးပြီးသွားရတဲ့ ခံစားမှု၊ ထိုခံစားမှုမျိုးကတော့ ဘဝမှာ တစ်ကြိမ်လောက်တော့ ရရှိစေချင်ပါတယ်။ လူတွေဟာ စူးစမ်းမှုကိုရှာဖွေ ဖော်ထုတ်နေကြတာဖြစ်ပါတယ်။ ကမ်္ဘာဦးလူသား အစ ကျောက်ခေတ်ကာလကတည်းကပင် လူသားများဟာ စူးစမ်း ကြတာဟာ သက်သေပါပဲ။ နေ့စဉ် လူနေမှုစနစ်တွေများပြားလာ တာတဲ့အမျှ လူသားတွေရဲ့ စိတ်ခံစားမှုတွေကလည်း ပြောင်းလဲလာ ကြပါပြီ။

လက်ရှိ လူမှုပတ်ဝန်းကျင်လောကမှာ ပင်ပန်းစွာဖြတ်ကျော်နေ ရတဲ့ အခိုက်အတန့်တွေမှာ လူတွေဟာ စိတ်အပန်းဖြေစရာများကို ရှာဖွေမက်မောလာကြပါတယ်။ စာရေးသူကတော့ တောင်တန်းတွေ ကို ချစ်မြတ်နိုးတယ်။ သဘာဝအလှအပတရားတွေရှိတဲ့ နေရာတွေ တိုင်းကို ရောက်အောင်သွားလေ့ရှိပြီး စိတ်အပန်းဖြေလေ့ရှိပါတယ်။

ဒီလို စိတ်အပန်းဖြေစရာတွေထဲကနေ တစ်မူခွဲထွက်စေတဲ့ အရာကတော့ ရသစုံနဲ့ ခရီးသွားလို့ရတဲ့ မြင်းစီးခြင်းအနုပညာပါပဲ။
မြင်းစီးခြင်း အနုပညာမှာ အမျိုးမျိုးခံစားမှုကို ပေးစွမ်းနိုင်တာကို တွေ့ရတယ်။ စာရေးသူဟာ တစ်ခါမှ မြင်းမစီးဖူးသလို မြင်းလည်း မစီးတက်ခဲ့ပါဘူး၊ သို့သော် တကယ်မြင်းစီးပြီး သွားရတဲ့ခံစားရတဲ့ အခိုက်အတန့်မှာ ဘာနဲ့မှကိုမလဲနိုင်ပါဘူး။ ပုဂံဆိုတာ မြန်မာတွေရဲ့ နှလုံးသည်းပွတ်၊ မြန်မာတို့ရဲ့နှလုံးသား ပုဂံပါ။

ဒီလို ရှေးဟောင်းယဉ်ကျေးမှုတွေ ကြီးမြတ်လှတဲ့ ပုဂံမြေမှာ ဘုရားပုထိုးတွေကြားမှာ မြင်းစီးပြီး ဘုရားပုထိုးတွေကို ကြည့်ရှုရတဲ့ မြင်ကွင်းက ခွဲပြားခြားနားနေမယ်ဆိုတာအသေချာပါပဲ။ ပုဂံရဲ့ နေဝင်ဆည်းဆာကို မြင်းစီးပြီးကြည့်မလား၊ နေထွက်ချိန်အလှကို ခံစားကြည့်မလား ဆိုတာကို ရွေးချယ်နိုင်ပါသေးတယ် စာရေးသူက တော့ နံနက်ခင်း ၅ နာရီ မထိုးခင်ထပြီးတော့ မြင်းစီးပြီး နေထွက် ချိန်ကြည့်ဖို့ ရွေးချယ်လိုက်ပါတယ်။နေထွက်ချိန်မှာ Balloon တွေ နောက်ကနေ မြင်းစီးပြီးလိုက်ရတဲ့ အရသာက ရင်ခုန်စေရပါတယ်။ ပုဂံဆိုတာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာမြေလို့ တင်စားထားတာပါ။

ပုဂံရဲ့ မြေနီသင်းနံ့ကလည်း ချစ်စရာကောင်းလွန်းပါတယ်။ပုဂံမြေရဲ့ မြေသင်းရနံ့တွေက ဖြားယောင်းစေလွန်းပါတယ်။ လေညှင်း ရနံ့တွေတိုက်လိုက်တဲ့ အခိုက်အတန့်မှာဆို မြေနီသင်းရနံ့တွေကို ရှူရှိုက်ကြည့်ပါ။ သင့်ရဲ့စိတ်ကို လန်းဆန်းစေမယ်ဆိုတာ သေချာပါ တယ်။ နေဝင်ချိန်တွေမှာ မြင်းစီးပြီး ဘုရားတွေကြား ဝင်ကြည့် မလား၊ မြေသားလမ်းကြို လမ်းကြားတွေကနေ ကြည့်ရတဲ့ မြင်ကွင်း က လှပမှုတွေ၊ အေးစိမ့်တဲ့ လေနုအေးနဲ့ ဘုရားပုထိုးတွေရဲ့ ခမ်းနား မှုကြီးကျယ်မှုတွေကို မြင်တွေ့စေရမှာပါ။

မြင်းစီးခြင်းဟာ အရင်ကတော့ မြန်မာတွေနဲ့ စိမ်းတယ်လို့ မခေါ်ပါဘူး။ ဟိုးရှေးခေတ်ကတည်းကပင် မြင်းစီးခြင်းအလေ့အထ ရှိခဲ့တာပါ။ မြင်းစီးစေတာဟာ ကျန်းမာရေးနဲ့လိုက်စားသူတွေ အတွက်လည်း တကယ့်ကို ကောင်းမွန်စေခဲ့တဲ့ အလေ့အကျင့် ကောင်းတစ်ခု၊ ပုဂံမှာ မြင်းစီးစေဖို့ စိတ်ကူးကို အကောင်အထည် ဖော်သူက Ayeindamar Tour ပါ။ အရင်ကတော့ မြင်းစီးခြင်း ခရီးသွားကို နိုင်ငံခြားသားတွေကိုသာ ဝန်ဆောင်မှုလုပ်ခဲ့ပေမယ့် ပြောင်းလဲလာတဲ့ အရွေ့စူးစမ်းချင်လာကြတဲ့ မြန်မာတွေကြောင့် Ayeindamar Tour မြင်းစီးခရီးသွားလုပ်ငန်းကနေ မြန်မာတွေ အတွက်ပါ ဝန်ဆောင်မှုတွေကို ပေးလာခဲ့ပါတယ်။

နိုင်ငံခြားသားဆို တစ်ယောက်ကို လမ်းကြောင်းအရှည်ဆိုရင် 95 $ ပေးရပေမယ့် မြန်မာတွေအတွက်ဆိုရင် လမ်းကြောင်းအတိုကို မြင်းစီးမယ်ဆိုရင် တစ်ယောက်ကို သုံးသောင်းခွဲကျပ်နဲ့ ဝန်ဆောင် မှုပေးတဲ့အတွက် အခုဆိုရင် မြင်းစီးလာကြတဲ့သူတော်တော်များ များရှိလာတာကိုတွေ့ရပါတယ်။ မြင်းစီးအခြေခံ တက်မြောက်သွားခဲ့ တဲ့အပြင် မြင်းစီးပြီး ပုဂံမြေရဲ့ ဘုရားတွေကို လှည့်လည်ဖူးမျှော်ရ တာကလည်း တကယ့်ကိုကြည်နူးစရာပါပဲ။

Ayeindamar Tour နဲ့ Mo Riding မြင်းစီးကလပ်ပူးပေါင်း ပြီး မြင်းစီးဝန်ဆောင်မှုကို ပုဂံမှာ ဆောင်ရွက် ပေးနေတာပါ။ ပုဂံမှာ တင် မြင်းစီးနိုင်ရုံသာမက တခြားနေရာတွေမှာရောက်ရင်လည်း စီးနိုင်ပါတယ်။ ဒီမြင်းစီးခရီးစဉ်ကို ၂၀၁၀ ခုနှစ်မှာ စတင်ပြီး Equestrian Tour အနေနဲ့ မြန်မာပြည်မှာ စဖော်ထုတ်ရောင်းချခဲ့တဲ့ Equestrian Tour Pioneer Company ဖြစ်ပါတယ်လို့ စွန့်ဦး တီထွင်လုပ်ကိုင်ခဲ့သူ မအေးသီတာမိုးက ဆိုပါတယ်။ အရင်ကတော့ မြင်းစီးခရီးစဉ်တစ်ခုကို အနည်းဆုံး ကန်ဒေါ်လာ (၃၀၀)ကျော်ပေး စီးရတဲ့ခရီးစဉ်တွေရှိခဲ့ရာ ယခုအခါမှာတော့ ခရီးလမ်းကြောင်း အရှည်နဲ့ လမ်းကြောင်းတိုအသစ်နှစ်ခုကို ဖော်ထုတ်ရောင်းချခဲ့တာ (၂)နှစ်ထဲကို ရောက်ရှိလာခဲ့ပါပြီ။

မနက်ခင်းနေအလင်းအရောင်မရှိခင်သေးချိန်မှာ Mo Riding မြင်းစီးကလပ် ရောက်သွားခဲ့ပြီး မြင်းစတင်စီးဖို့ ပြင်ဆင်ရပါပြီ။ မြင်းစီးတာကို လိုက်ပို့ပေးမယ့် မြင်းစီးဂိုက်ကတော့ အစ်မဖိနပ်က အဆင်မပြေဘူး။ ရှုးဖိနပ်မှ အဆင်ပြေမှာမို့ ဖိနပ်ရှာပေးပါတယ်။ ဝန်ဆောင်မှုကောင်းတဲ့ Mo Riding ကလပ်ပါ။ မြင်းအသားနဲ့ ထိခိုက်ပါက အသားနာကျင်မှာစိုးလို့ ဒူးခေါင်းနားအထိ သားရေ အပတ်ကို ကပ်နေအောင်ပတ်ပေးပြီး မြင်းစီးရင် သက်သာတယ်လို့ ဆိုပါတယ်။

ဦးထုပ်တွေ ဖိနပ်တွေ၊ ဒူးကာတွေပါ ပေးတော့ တော်တော် လေးကို အဆင့်မြင့်အောင် လုပ်ပေးထားတာပါ။ နိုင်ငံခြားသားတွေ စီးတဲ့ ပုံစံအတိုင်းပဲ မြန်မာတွေကိုပါ သူတို့ဝန်ဆောင်မှုလုပ်ပေးထား တာ။ မြင်းစီးရမယ့် မြင်းကို မြင်းစတင်းစီးရမယ့်နေရာကို ခေါ် ဆောင်လာပါတယ်။ စာရေးသူစီးတဲ့ မြင်းက စိန်ဧကရီပါ၊ နားနား ကပ်ပြီး မင်းရဲ့သခင်နော်လို့ တိုးတိုးလေးကပ်ပြီး မျက်လုံးကိုကြည့် ပြီး မြင်းစတင်စီးမယ့်အတိုင်း မြင်းပေါ်ကို ခွတင်ထိုင်ကြည့်တော့ အဆင်သင့်အနေအထားဖြစ်နေပြီ။
မြင်းတစ်ခါမှ စီးဖူးခြင်းမရှိပေမယ့် မြင်းစီးဂိုက်ရဲ့ သင်ပြမှုရယ် ကိုယ့်စီးရမယ့်မြင်းကလည်း သင်ကြားပြသထားပြီးတဲ့ မြင်းတွေက သေချာလေ့ကျင့်ထားတဲ့ မြင်းတွေမို့ ချောချောချူုချုပါပါပဲ။

အားလုံးမြင်းပေါ်ရောက်ပြီး စတင်ထွက်ခွာလာပါတယ်။ နေအလင်း ရောင် နည်းနည်းလေး စတင်ထွက်လာပါပြီ၊မြင်းစီးတဲ့ လမ်းကြောင်း အတိုင်း မြင်းစီးရင်းနဲ့ ကိုယ့်ရှေ့မှာလမ်းကြောင်းပြတဲ့ မြင်းစီးအစ်ကို ရယ်။ ကိုယ့်နောက်မှာတော့ ကိုယ့်ဂျာနယ်က အဖော်တစ်ယောက် ရယ်။ အဲဒီနောက်မှာ မြင်းစီး ဂိုက်အစ်ကိုရယ်၊ နောက်ထပ် မြင်းစီး ဂိုက်အစ်ကိုနှစ်ယောက်က ဘေးကနေ ထပ်ကြပ်မကွာလိုက်ပြီး လို အပ်တာကို ပြောပြပေးပါတယ်။

မြင်းစတင်စီးရတဲ့ ခံစားမှုက ကိုယ့်ကို ရင်ခုန်စေတာကတော့ အမှန်ပါ။ ပထမဆုံးစီးရတဲ့ ခံစားမှုက မြင်းပေါ်ကနေ စီးရခြင်းရယ်။ ပုဂံဆိုတော့ ထန်းတောများတာပေါ့၊ လမ်းကြောင်းကို ကလပ်ကနေ မြေနီလမ်းအတိုင်း ထွက်လာတယ်။
စစခြင်း ထန်းတောတွေကြား ဖြတ်ရတယ်၊ အဲဒီအချိန်ခံစား မှုရသက တစ်ကြိမ်မှမရဖူးတဲ့ခံစားမှု၊ ဟိုးအဝေးမှာ ဘုရားပုထိုးတွေ မြင်ရတော့ မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ရတဲ့ မြင်ကွင်းအလှက ကိုယ့်ကို ဖမ်းစားနေတာပါ။

ဘုရားတွေ ကြားထဲက ဖြတ်ရင်း မြင်းစီးဂိုက်က အနောက်က နေ ရှင်းပြပါတယ်။ ဒီဘုရားက ဂူပြောက်ကြီးဘုရားတဲ့။ ဟိုးကတော့ ဂူပျောက်ငယ်တဲ့။ မြေနီလမ်းတွေ၊ တောလမ်းတွေ၊ အုပ်ဆိုင်းနေတဲ့ တွေကို ဖြတ်ကျော်သွားသလို ရောင်နီထွက်လာတဲ့ အချိန်မှာဆို တော့ ပုဂံမြေဟာ တကယ့်ကို လှပလွန်းလှနေတာ။ ဒါ ကျွန်မတို့ ချစ်တဲ့ ပုဂံမြေပါလားလို့ ကျေနပ်နှစ်သက်မိစေခဲ့တာပါ။ အဲဒီနောက် မှာ ရှင်ဘို့မယ်အုတ်ကျောင်း၊ အလိုတော်ပြည့်ဘုရားတွေကြားဖြတ် သန်းသွားလာရင်း ဘေးပတ်ဝန်းကျင်အလှတရားတွေကို ခံစားရင်း အဲဒီနောက်မှာ ဘူးလယ်သီးဘုရား၊ ညောင်လက်ဖက်ကန် လူလုပ် ကုန်း၊ သပိတ်မှောက်ဘုရားတွေကို မြင်းစီးရင်းလေ့လာ၊ ဓာတ်ပုံ ရိုက်ကြရင်း မနက်ခင်းအလှတရားတွေပြီးပြည့်စုံနေတဲ့ ပုဂံမြေပါ၊
မြင်းစီးဂိုက်အစ်ကိုတစ်ယောက်က နေထွက်လာတော့မယ်၊ မကြာခင်မှာ Balloon တွေ ထွက်လာတော့မယ်၊ တစ်လုံးပြီး တစ်လုံး တဲ့ …၊ ကောင်းကင်ကို မော်ကြည့်တော့ အိုး …တကယ့်ကို Balloon တစ်လုံးပြီးတစ်လုံး၊ မြင်းစီးဂိုက်အစ်ကိုက မြင်းကို နည်း နည်းလေးသွက်သွက်စီးဖို့ အကြံပေးတယ်၊ လုပ်နိုင်မလားတဲ့ …။ စိတ်ဓာတ်ခွန်အားကို မြင့်တင်ပေးပြီး ပြောပြလာတဲ့အခါမှာ စာရေး သူတို့ဟာ ကြိုးစားကြည့်မယ်၊ အိုကေရယ်ဒီဆိုပြီး မြင်းကို နည်းနည်း သော့သော့ပြေးလွှားစေခဲ့တယ်။ ခန်္ဓာကိုယ်ဟာ ခုန်ချီတစ်လှည့် စိတ်လှုပ်ရှားစရာ စီးနင်းရတဲ့ အချိန်ကာလပေါ့။ ဒီအချိန်မှာ မြင်းစီးရတဲ့ ခံစားမှု၊ မနက်ခင်းအလှတရားကို ခံစားရတဲ့ခံစားမှု၊ ဘေူူသသည တွေနောက်ကို လိုက်ရတဲ့ ခံစားမှု အိုး …တကယ့်ကို ရသပေါင်းစုံကို ပေးစွမ်းနိုင်တဲ့ ခံစားမှုပေါ့။

မြင်းဇက်ကြိုးကို ထိန်းညှိပေးရင်း မြင်းနဲ့ကိုယ့်ကိုယ် တစ်သား တည်းဖြစ်အောင်နေလိုက်ပြီး လျော့လိုက်တင်းလိုက်၊ နှေးလိုက် မြန်လိုက်နဲ့ပေါ့၊ တစ်ခါတစ်ရံ မျက်လုံးမှတ်ပြီး မြင်းသွားရာစီးမျော လိုက်သွားလိုက်ရတာလည်း တစ်မျိုးခံစားမှု …။
ရာသီဥတုက မနက်ခင်းမို့ လေအေးတွေက တိုးဝှေ့၊ မိုးမရွာတဲ့ ပုဂံမှာ ထိုနေ့က မိုးဖွားဖွားလေးတွေ ရွာလိုက်တာ၊ အိုး … တကယ့် ကို အေးစိမ့်စိမ့်နဲ့ အရာရာဟာ လှပလွန်းနေတာပါပဲ၊ မကြာခင် မှာ နေလုံးကြီးက တက်လာကော …၊
တကယ့်ကို လှပလွန်းတဲ့ ပုဂံမြေမှာ ရောက်ရှိနေတာ သိပ်လှ တဲ့ မြင်ကွင်း၊ တနောင်းပင်တန်းတွေက လှပလွန်းနေတယ်။ နောက်ခံ ဘုရားတွေ၊ ဘောလုံးတွေက ကောင်းကင်ပေါ်မှာ ရသစုံ ပေးနိုင်တဲ့ မြင်းစီးခြင်းပေါ့။ ဘုရားတွေကြားထဲ၊ မြေနီလမ်းကြား ထဲ၊ တောလမ်းထဲ မြင်းစီးရင်းသွားရတဲ့ အချိန်မှာ အိုး …ဒီအချိန် မှာ စာရေးသူဟာ ဂုဏ်ကြီးဝင်နေမိတဲ့အချိန်ပေါ့၊ မြန်မာတွေရဲ့ ပုဂံမှာ မတူညီတဲ့ ရှုထောင့်ကနေ ပုဂံဘုရားတွေကို မြင်းစီးရင်း ကြည့်ရတဲ့ ခံစားမှုက မမေ့နိုင်စရာပါ။ ရှေးမြန်မာစစ်သူကြီးတွေလို မြင်းစီးပြီး သွားလာလှုပ်ရှားရတဲ့ ရသတွေကော ခံစားရပြန်ကော၊ ပုဂံမှာတော့ မြင်းစီးကလပ်မှာတော့ မြင်းအနည်းငယ်သာထားရှိ ပေးထားပြီး ပင်မမြင်းစီးကလပ်ရှိတဲ့ ပုဂံ- ပုပ်္ပါးတောင်သွားတဲ့ လမ်း ထီးပုရွာမှာ တည်ရှိပါတယ်။

ပင်မကလပ်မှာတော့ နိုင်ငံခြားမှ မြင်းကောင်းမြင်းသန့်များနဲ့ မြန်မာမြင်းကောင်းမြင်းသန့် (၄၀)ကျော်ကို မွေးထုတ်ကာ မြန်မာ လက်ရွေးစင် မြင်းစီးသမားတွေကို မွေးထုတ်ပေးနေတာပါ။ မြန်မာ နိုင်ငံရဲ့ ဂုဏ်ယူရတဲ့ မြင်းစီးကလပ်တစ်ခုအဖြစ် ရပ်တည်နေတဲ့Mo Riding ကလပ်ပါ။ ကဲ သမိုင်းဝင်ဘုရားတွေရဲ့ ရာဇဝင်တွေကို မြင်းစီးရင်း နားထောင်မလား။ ရသမျိုးစုံခံစားနိုင်မယ့် (Around Temple Tour )ဘုရား ပုထိုးစေတီများအကြားမြင်းစီးရင်း မြန်မာ တို့ရဲ့ နှလုံးသားဖြစ်တဲ့ ပုဂံမြေမှာ မတူညီတဲ့ ရသတစ်မျိုးကိုခံစားရလေအောင် အခွင့်အခါကြုံရင် တစ်ကြိမ်လောက်တော့ မြင်းစီးပြီး ပုဂံမြေကိုရဲ့ အလှတရားတွေကို ခံစားလိုက်ပါလို့ တိုက်တွန်းချင် ပါတယ် …။

Travelling_Journal
Vol_1_Issue_8
ခရီးသွားဆောင်းပါး
Photo-Travellingjournal