နှင်းဆီသခင်
မြန်မာပြည်တောင်ဘက်ပိုင်း သူဌေးကျွန်းက နေ စာရေးသူ ပြန်လာခဲ့တယ်။ ဒီနေရာလေးက မြန်မာ့ရေပိုင်နက် အတွင်းမှာ တည်ရှိပြီး တစ်ခု တည်းသော ကာစီနိုရှိတဲ့ ဟိုတယ်တစ်ခုပါပဲ။
ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်ကြီးဖြစ်သလို အမျိုးအစားအလိုက် ဧည့်သည်တွေလည်း များ ပြားလှပါတယ်။ အထူးသဖြင့် ထိုင်းခရီးသွား ဧည့်သည်တွေ လာရောက်တည်းခိုကြသလို ကာစီ နိုရှိတာမို့ အပန်းဖြေရင်း လာရောက် ဆော့ကစား ကြတဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေလည်း ရှိပါတယ်။ စာရေးသူကတော့ သူဌေးကျွန်းဟိုတယ် (Grand Andaman Hotel)ကို ကြားသာကြား ဖူးပြီး မျက်ဝါးထင်ထင် တွေ့ရတဲ့ အချိန်ကတော့ ကော့သောင်းခရီးသွားပြပွဲကို အကြောင်းပြုပြီး သူဌေးကျွန်းကို ရောက်ရှိခဲ့တာပါ။ Grand Andaman Group of Companies ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ(MD) ဦးမျိုးဝင်းသန်းက ဟိုတယ်မှာ လာရောက် တည်းခိုပါလို့ ဖိတ်ခေါ်တာကြောင့်လည်း အခွင့် ကြုံခဲ့ရ တာဖြစ်ပါတယ်။ ကိုယ်ပိုင်ကျွန်းပေါ်မှာ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို တည်ဆောက်ထားပြီး ကိုယ်ပိုင် ဆိပ်ကမ်း တစ်ခု လုပ်ထားပေးထားတာ တွေ့ရပါတယ်။ ထူးခြားတာကတော့ ကော့သောင်း ဘက်ကနေလာရောက်တဲ့ စပိဘုတ်တွေ ကပ်တဲ့ ဆိပ်ကမ်းတစ်ခုရှိသလို ထိုင်းနိုင်ငံရနောင်းဘက် ကို သွားရောက်တဲ့ စပိဘုတ်တွေရပ်တဲ့ ဆိပ်ကမ်း တစ်ခုလည်း သူဌေးကျွန်းဟိုတယ်က ဝန်ဆောင်မှု ပေးထားတာပါပဲ။
နိုင်ငံတကာအဆင့်မီတဲ့ ဟိုတယ်တစ်ခုဖြစ် တာမို့ သူဌေးကျွန်းဘက်ခြမ်းက ဆိပ်ကမ်းကို ရောက်တာနဲ့ လျှောက်လမ်းတွေကအစ သန့်ရှင်း သပ်ရပ်လှပသလို အဆင့်မီပြုလုပ်ထားတာကို တွေ့ရှိရပါတယ်။ လမ်းညွန်စာ တွေကအစ ထိုင်းစာ တွေနဲ့လည်း လမ်းညွှန်ပြုထားတာကို တွေ့ရပါတယ်။ ဝန်ထမ်းတွေကလည်း ထိုင်း ဝန်ထမ်း တစ်ချို့ကို တွေ့ရတယ်။ ထူးခြားချက်တစ်ခုက သူဌေးကျွန်း ဟိုတယ်ကို မရောက်ခင်ကြားမှာ ဂိတ် တစ်ခုကို ဖြတ်သန်းရတယ်။ ဒီဂိတ်ကတော့ ထိုင်း နိုင်ငံနယ်စပ်မြို့ ရနောင်းကို သွားလည်ချင်ရင် သွားလည်လို့ရ အောင် အဆင်သင့်လွယ်ကူစွာသွား လာနိုင်ဖို့ ထိုင်းလဝကရုံးကို ထားရှိပေးခြင်းက လည်း သူဌေးကျွန်း ဟိုတယ်ရဲ့ အားသာချက်ဝန် ဆောင်မှုတစ်ခုလို့ ဆိုရပါမယ်။
အဲဒီဂိတ်မှာ ဟိုတယ်ကိုသွားမယ့် အကြိုအပို့ ကားတွေက တန်းစီစောင့်ပေးပြီး တောင်လမ်းကြား ကွေ့လေး တွေကို ဖြတ်သန်းပြီး သိပ်မကြာခင်မှာ ထိုင်းအလံတိုင်တွေရယ်၊ မြန်မာအလံတိုင်နဲ့ ထိုင်း အလံကို တွေ့ရတဲ့ ကြယ်ငါးပွင့်ဟိုတယ်ကြီးကို စတင်တွေ့ရတော့တာပါပဲ။
ဟိုတယ်စင်ဝင်အောက်ကို ရောက်ရှိတာနဲ့ လှေကားထစ်လေးတွေကို ကျော်ဖြတ်ပြီး ဟိုတယ် ကောင်တာကို သွားရောက်ခဲ့တယ်။ ဟိုတယ် ကောင်တာမှာ ထိုင်းအမျိုးသမီးလေးတွေ မြန်မာ အမျိုးသမီးလေးတွေကို ကိုယ်စီတွေ့ရတယ်။
သတ်မှတ်ထားတဲ့ ဟိုတယ်အခန်းသော့ကို တောင်းယူဖို့ ဘားတစ်ခုရဲ့ ကောင်တာရှေ့မှာ စောင့်နေတုန်း ဘားကောင်တာက မိုက်တယ် ။ အရှေ့မှာ တီးဝိုင်းစင်လုပ်ထားပေးပြီး နားထောင် ချင်တဲ့သူက နားထောင်။ ဘားကောင်တာမှာ ထိုင်ခုံမြင့်မြင့်လေးတွေမှာထိုင်ပြီး ကြိုက်ရာသောက် လို့ရသလို အေးအေးဆေးဆေး သီချင်းနားထောင် လု့ိရတယ်။ တကယ့်ကို အထက်တန်းစားဟိုတယ် တစ်ခုဆိုတာ အပြင်အဆင်ကို ကြည့်ရ တာနဲ့တင် ခန့်မှန်းနိုင်ပါတယ်။
ဘားကောင်တာဘေးမှာထားတဲ့ ဟိုတယ် ဧည့်ခန်းမှာလည်း အေးအေးလူလူနားနေကြတဲ့ ထိုင်းဧည့်သည် တွေရော မြန်မာတွေရော တွေ့ရ တယ်။ ဝင်ဝင်ချင်းမှာ ကြီးမားလွန်းလှတဲ့ ကြောင် လှေကားလိုအကွေ့နဲ့ မဟော်ဂနီရောင်တောက် နေတဲ့ကျွန်း လှေကားကြီးကလည်း ခန့်ခန့်ညား ညားလှနေပြန်ကော။
ထူးခြားချက်က စာရေးသူတို့ နောက်ကျခဲ့လု့ိ ကိုယ့်အစီအစဉ်နဲ့ကိုယ် စားဖို့လုပ်နေတုန်း။ အစ်မ တို့အတွက် စီစဉ် ထားတယ်ပြောလို့ အံ့သြသွား ခဲ့ရတယ်။ များပြားလှတဲ့ လူအရေအတွက်ရှိနေ တာတောင် ထမင်း မစားရသေးတာကိုသိပြီး စီစဉ် ပေးထားတာကိုတွေ့ရတော့ စီမံခန့်ခွဲမှုကောင်းလှ တဲ့ သူဌေးကျွန်း ဟိုတယ်ရဲ့ဝန်ဆောင်မှုကို စာရေးသူ သတိထားမိခဲ့တယ်။
ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကျယ်ကြီးကို တွေ့ရတာ ခဏတာစိတ်မှာ အေးချမ်းစေမိတယ်။ စာရေးသူကတော့ အေးချမ်းမှုတွေ ခံစားရတာကို ကြိုက်တယ်။ သူဌေးကျွန်းဟိုတယ်မှာ အေးအေး လူလူ နံနက်စာစားသောက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ပြီး မြင်ရတဲ့မြင်ကွင်းလေးက တစ်မျိုးလှစေ တာတော့ အမှန်ပါပဲ။ စိတ်ထဲမှာ လှပတဲ့မြင်ကွင်း ကို ကြည်နူးခံစားပြီး မနက်စာစားရတာကလည်း ကျေနပ်ခြင်းရသတစ်မျိုးကို ခံစားရစေတယ်။
မြန်မာပြည်မြေပုံဆုံးမြို့ဖြစ်တဲ့ ကော့သောင်း၊ မြန်မာပြည်မြေပုံခြေထောက်လို့ တင်စားတာ ကြောင့်လည်း စိတ်လှုပ်ရှားနေမိတာလည်းပါခဲ့ တာပါ။ မြန်မာကို ကမ္ဘာက စိတ်ဝင်စားစေတဲ့ အကြောင်း တရားများ စွာထဲက သဘာဝကျွန်း ပေါင်းများစွာဖြင့် တည်ရှိ နေတဲ့ မြန်မာနိုင်ငံတောင် ဘက် တနင်္သာရီတိုင်း ဒေသကြီးပါ။ မြန်မာ ပြည်တောင်ပိုင်းအစွန် ကော့သောင်းခရိုင်အတွင်း အက်ဒမန်(Andaman) ပင်လယ်အတွင်းမှာရှိတဲ့ ကျွန်းပေါင်း များစွာထဲက နေ ထင်ရှားတဲ့ ကျွန်းတွေ အများအပြားရှိပါတယ်။
ထိုထဲမှ ကြက်မောက်ကျွန်းလို့ ခေါ်ကြသလို အသည်းပုံသဏ္ဌာန် ဖြစ်ပေါ်နေတဲ့ Cock Comb Island ဖြစ်တဲ့ ဒီကျွန်းကို Grand Andaman Hotel (သူဌေးကျွန်း)က နိုင်ငံတော်နဲ့ အကျိူးတူ ပူးပေါင်းလုပ်ကိုင်ခွင့်ရယူပြီး ခရီးသွားဧည့်သည် တွေ သွားရောက်လည်ပတ်နိုင်အောင် ဝန်ဆောင် မှုတွေဆောင်ရွက်ပေးနေတာပါ။
သူဌေးကျွန်းရဲ့ ကာစီနိုခန်းမကလည်းအကျယ် ကြီးပါပဲ။ ဒါ့အပြင် သူဌေးကျွန်းဟိုတယ်ဝင်းအတွင်း မှာ ဈေးဝယ်နိုင်အောင်လည်း ဖန်တီးပေးထား သေးတယ်။ သူဌေးကျွန်းမှာ အေးအေးလူလူနား ရင်း တောင်ပေါ် တက်ပြီး Trekking သွားမလား၊ ရေငုပ်မလား အေးဆေးနားနေပြီး ပြုလုပ်နိုင်ပါ တယ်။ သူဌေးကျွန်းဟိုတယ်မှာ တည်းခိုရင်တော့ ဈေးနှုန်းတွေကတော့ အမျိုးအစားလိုက်ရှိပါတယ်၊ အခန်းအမျိုးအစားအလိုက် လေးမျိုးရှိတယ်။Superior ရယ်၊ Dulex ရယ်၊ ဗစ်တိုးရီးယား Sweet ရယ်၊ အက်ဒမန် ဆွိရယ်ဆိုပြီး လေးမျိုးရှိပါတယ်။ ကန်ဒေါ်လာ ၁၅၀ ဒေါ်လာ ကနေ ၄၀၀ ကျော်ထိရှိပါတယ်။
ဒါ့အပြင် “သူဌေးကျွန်းရဲ့ ဝန်ဆောင်မှုက တော့ ပင်လယ်ပြင်ခရီးစဉ်တွေကို စီစဉ်ပေးသေး တယ်။ ရေအောက်ငုပ်ပြီး ကြည့်မလား၊ ရေငုပ်ပြီး လှပတဲ့ သန္တာကျောက်တန်းတွေရယ်၊ ငါးတွေကို ကြည့်မလား၊ ပုလဲကျွန်း လေ့လာရေးခရီးစဉ်တွေပါ စီစဉ်ပေးပါတယ်။ သူဌေးကျွန်းဟိုတယ်ကနေ ကြက်မောက်ကျွန်း သွားမလားစီစဉ်ဖို့ပေးပါတယ်။မြင်းခွာကျွန်း၊ ကြက်မောက်ကျွန်းတို့ကိုလည်း လေ့လာလို့ရပါသေးတယ်” ဟု Grand Andaman Group of Companies ရဲ့အုပ်ချုပ်မှုဒါရိုက်တာ(MD) ဦးမျိုးဝင်းသန်းက ဆိုပါတယ်။
ဒါကြောင့် မြန်မာပြည်တောင်ဘက်ပိုင်းက သူဌေးကျွန်းဟိုတယ်ကို သွားရောက်လည်ပတ်ပြီး ရနောင်းဘက်ခြမ်းကို လွယ်လွယ်ကူကူသွားရောက် လည်ပတ်နိုင်သလို မြန်မာပြည်ပိုင် နက်ထဲက ကြက်မောက်ကျွန်းကို လည်း သွားရောက်လည်ပတ်ကာ ပြီး ပြည့်စုံနေတဲ့ အလှအပတွေကိုရရှိစေ မယ်ဆိုတာအသေအချာပြောပါရစေ။
သူဌေးကျွန်းရဲ့ ထူးခြားတဲ့ ဝန် ဆောင်မှုနောက်ထပ်တစ်ခုက ကျွန်း ပေါ်ကို ညအိပ်တည်းခိုမယ့် ဧည့်သည်များ သာ လာရောက်နိုင်တာမဟုတ်ပဲ ည အိပ်တည်းခိုခြင်းမပြုပဲ လေ့လာရုံ သက်သက်ဖြင့်လည်း လာရောက် လည်ပတ်နိုင်ရန် စီစဉ်ထားခြင်းပင် ဖြစ်သည်။
ဒါကြာင့် ခရီးသွားဧည့်သည်များ အနေနဲ့ အခွင့်အခါကြုံလို့ ကော့သောင်း မြို့လေးကို ရောက်ခဲ့ရင် ပင်လယ်လေကို တဝကြီးခံစားပြီး သဘာဝအလှပများကိုမြင်တွေ့ နိုင်ရုံသာမက နှစ်နိုင်ငံယဉ်ကျေးမှုကိုပါ တွေ့နိုင် မယ့် သူဌေးကျွန်းဟိုတယ်(Grand Andaman Hotel )ကို တစ်ကြိမ်လောက်တော့ သွားရောက် လည်ပတ်နိုင်ဖို့ လမ်းညွန်ပေးလိုက်ပါတယ်။