သိန်း၂၀၀၀ မတည်ပြီး ဟိုတယ်နှင့် ခရီးသွား လုပ်ကိုင်သူများအတွက် Covid Clinic ဖွင့်လှစ်

Travelling journal ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိန်း၂၀၀၀ မတည်ပြီး Covid Clinic ကို သြဂုတ်လ ၁၅ ...

Travelling journal

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် မြန်မာ နိုင်ငံ ခရီးသွားအဖွဲ့ချုပ်မှ သိန်း၂၀၀၀ မတည်ပြီး Covid Clinic ကို သြဂုတ်လ ၁၅ ရက်တွင် ဖွင့်လှစ် ခဲ့သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်လက်အောက်ရှိအသင်း( ၁၁ )များမှ လှူဒါန်း ပေးသည့် အလှူငွေများနှင့်အလှူရှင်များမှ အလှူငွေများလည်း ပါဝင်ကြောင်း သိရသည်။

“အခုချိန်ကာလကလည်း ခရီးသွားလုပ်ငန်းက ဘာမှလုပ်လို့မရသေးတဲ့အချိန်မှာ အသင်းက ငွေတွေကို အကျိုးရှိရှိ အသုံးပြုချင်တာရယ်၊ ကိုယ့် Tourism Industry နယ်ပယ်က သူတွေအတွက် ကျန်း မာရေးစောင့်ရှောက်မှုကို တစ်ဖတ်တလမ်းကနေ အထောက်အပံ့ဖြစ်စေချင်တဲ့
ရည်ရွယ်ချက်နဲ့ ရန်ကုန်ဟိုတယ် ဇုန် ကနေ အလှူငွေကို လှူဒါန်းပေးခဲ့တာပါ”ဟု ရန်ကုန်ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ဒေါ်သိဂီလင်းက Travelling journal သို့ ပြောသည်။

အဆိုပါဆေးခန်းကို ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် စန္ဒကူးလမ်း ထောင့်ရှိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ရုံးချုပ် တွင် ဖွင့်လှစ် ပေးထား ကြောင်း သိရသည်။ ယင်း ဆေးခန်းတွင် ဆရာဝန်နှစ်ဦး ၊ သူနာပြု နှစ်ဦး ကို ထားရှိပေးထားပြီး တနလာ်နေ့မှ စနေနေ့ထိ မနက်၉နာရီ မှညနေ၅နာရီ ထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထို့ပြင်တယ်လီဖုံးဖြင့် မေးမြန်းခြင်းဝန်ဆောင်မှုကိုလည်း ဆွေးနွေး ဖြေကြားပေးသွားမည်ဖြစ် ကြောင်းသိရသည်။