MKT
နံရံဆေးရေးပန်းချီကားများရှိသည့် ပုဂံဘုရားအများကို လုံခြုံရေး ဝန်ထမ်းအင်အားမလုံလောက်သည့်အတွက် ပိတ်ထားရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
လက်ရှိတွင် ရှေးဟောင်းပုဂံယဉ်ကျေးမှုနယ်မြေအတွင်း နံရံဆေးရေး ပန်းချီကားများရှိသည့် ဘုရားအဆူပေါင်း (၄၁၅) ဆူ ရှိပြီး ယင်းဘုရား များ ၏ လုံခြုံရေး ဝန်ထမ်းအစောင့်မှာ (၄၀) သာရှိသည့်အတွက် အဆိုပါဘုရားများကို ပိတ်ထားရကြောင်းသိရသည်။
“ကျွန်တော်တို့ပုဂံမှာ ဝန်ထမ်းအင်အားက ၂၄၀ ပဲ ရှိတာမို့ အင်အားမလုံလောက်ပါဘူး။ ဝန်ထမ်းမလောက်လို့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မင်းနန်သူ ဘုရားအတွင်းက နံရံဆေးရေး ပန်းချီကားကို ခိုးယူခံခဲ့ရသေးတယ်။ ဒါပေမယ့် ခိုးဖို့ပြင်ဆင်နေတုန်း ဖမ်းမိသွားခဲ့တယ်။ အဓိက က ဝန်ထမ်းအင်အားမလုံလောက်တဲ့ ပြသနာ ပါပဲ “ဟု ၎င်းကပြောသည်။
ပြည်ပဧည့်သည်များ အနေဖြင့် နံရံဆေးရေး ပန်းချီကားများလေ့လာ မည်ဆိုပါက သက်ဆိုင်ဧည့်လမ်းညွှန်မှ ရှေး/သု သို့ တင်ပြတောင်း ဆိုပါက လေ့လာနိုင်ရန် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။