ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ် ပြန် စတင်

Travelling journal COVID 19 ရိုက်ခတ်မှုကြောင့်မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင ...

Travelling journal

COVID 19 ရိုက်ခတ်မှုကြောင့်မြန်မာ့ခရီးသွားလုပ်ငန်း ရပ်ဆိုင်းခဲ့ပြီးနောက် ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးအတွက် ကနဦးခြေလှမ်းအနေဖြင့် ရန်ကုန်မြစ်တွင်းညနေခင်း အပျော်စီး သင်္ဘောခရီးစဥ်ကို ဒီဇင်ဘာ ၂၀ရက်တွင် ပြန်လည်စတင်ခဲ့သည်။

ရန်ကုန်မြစ်တွင်းခရီးစဥ်ဖြစ်သည့် ဗိုလ်တထောင် – ဘုရင့်နောင်-မြစ်သုံးဆိုင် – ဗိုလ်တထောင်ခရီးစဥ်နှင့်ဗိုလ်တထောင် – မြစ်သုံးဆိုင် -ပဲခူးမြစ်- ဗိုလ်တထောင်ခရီးစဥ်တို့ကို ကျောက် တံတားမြို့နယ်ရှိ ကျန်းမာရေး ဆိပ်ကမ်းမှ ညနေ၄နာရီမှ စတင်ထွက်ခွာခဲ့သည်။

ယင်းခရီးစဥ်ဖြစ်မြောက်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွန်မှုနှင့် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညှိနှိုင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှအကောင်အထည်ဖော်ခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာ​ရေးဝန် ကြီးဌာနမှ ကနဦး ဆောင်ရွက်သွားမည့် ခရီးစဉ်များမှာ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊မြစ်တွင်းသင်္ဘောခရီးစဉ်၊ကုန်းတွင်းယာဉ်တန်းနှင့်အဏ္ဏဝါ ခရီးသွားလုပ်ငန်းများကို ဆောင်ရွက် သွားမည်ဖြစ်သည်။