မြန်မာ့ခရီးသွားဘဏ်တွင် ချေးငွေ ရရှိရန် ခရီးသွားလုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က UMTA သို့ တင်ပြထား

#Travelling journal ခရီးသွားလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရန်အတွက် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က ချေးငွေ ရရှိရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ တင်ပြလျှောက်ထား ကြောင်း အသင်း ဥက္ ...

#Travelling journal

ခရီးသွားလုပ်ငန်းများ ပြန်လည်ရပ်တည်နိုင်ရန်အတွက် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်က ချေးငွေ ရရှိရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းသို့ တင်ပြလျှောက်ထား ကြောင်း အသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က Travelling journal သို့ ပြောသည်။

ဖေဖေါ်ဝါရီ ၅ ရက်ထိ ချေးငွေ လျှောက်ထားရန်အတွက်အသိပေးထားသော်လည်း ထပ်မံ တစ်ရက် နောက်ဆုတ်ပေးပြီး ၆ ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

” တကယ်ဆိုရင် စုစည်းရမှာ ကို မစုစည်းနိုင်သေးဘူးဖြစ် နေတာ။ပုံမှန်ဆို ရုံးက တစ်ရက် နေ့မှာ ပြန်ဖွင့်ရမှာကို
မဖွင့်နိုင်ခဲ့ဘူး။ လျှောက်ထားတဲ့သူတွေတော့ Email ထဲကို ရောက်နေကြပြီ။ ဝန်ထမ်းတွေက Stay at Homeနဲ့ လုပ်နေကြတော့ ကောက်ဖို့ခက်နေသေးတယ်။ တစ်ရက် လောက်တော့နောက်ဆုတ်ပေးမယ်လို့ လုပ်ထားတယ်။ အကြမ်းဖျဉ်း ဆိုရင် ကျွန်တော် သိသလောက်က လုပ်ငန်း ရှင် ၁၀၀ ဝန်းကျင်လောက် ဖြစ်သွားလိမ့်မယ်။အခု လက် ရှိ ပို့နေတဲ့သူတွေလည်းရှိနေတယ် “ဟု ဦးနောင်းနောင်းဟန် က Travelling journal သို့ ပြောသည်။

ချေးငွေ လျှောက်ထားမည့်အသင်းဝင်များမှ အာမခံ ပစ္စည်းပေးနိုင်မည့်သူများအနေဖြင့် အိမ် မော်တော်ယာဥ် ကွန်ဒို တိုက်ခန်းများကို အာမခံ ထားခြင်းဖြင့် လည်ကောင်း အာမခံမပေးနိုင်သည့်သူများအနေဖြင့် တင်ပြလျှောက်ထားနိုင်ပြီး ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ် နှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီးခရီးသွားကဏ္ဏ မြှင့်တင်ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြပြီး နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။