တိုရစ်ဇင် မှီခိုနေရသည့် ဟဲယာရွာမ နှင့် ပတ်ဝန်း ကျင် ကျေးရွာများကို စားနပ်ရိက္ခာနှင့် ကျန်းမာရေး ဆက်စပ်ပစ္စည်းများကိုထောက်ပံ့ ပေးလျက်ရှိနေ​

ဟဲယာရွာမ တွင် နေထိုင်သည့် အင်းသားဒေသခံများကို ရိက္ခာနှင့် ကျန်းမာရေးဆက်စပ်ပစ္စည်းများအား စက်တင်ဘာ ၁၁ ရက်က သွားရောက်ထောက်ပံ့ပေးနေစဥ် Travelling journal တိုရစ်ဇင် မှီခိုနေရသည့် ရေပေါ်စျေးရွာဖြစ်သ ...
ဟဲယာရွာမ တွင် နေထိုင်သည့် အင်းသားဒေသခံများကို ရိက္ခာနှင့် ကျန်းမာရေးဆက်စပ်ပစ္စည်းများအား စက်တင်ဘာ ၁၁ ရက်က သွားရောက်ထောက်ပံ့ပေးနေစဥ်

Travelling journal

တိုရစ်ဇင် မှီခိုနေရသည့် ရေပေါ်စျေးရွာဖြစ်သည့် ဟဲယာရွာမ ကျေးရွာအတွင်း နေထိုင်ကြသည့် အင်းသူအင်းသားများ အား စားနပ်ရိက္ခာနှင့် ကျန်းမာရေး ဆက်စပ်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိနေ​ကြောင်း အင်းလေး
ဟဲယာပန်းပဲ ပရဟိတအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက Travelling journal သို့ ပြောသည်။

” လက်ရှိ ကျွန်တော်တို့က တိုရစ်ဇင် ကို မှီခိုရတဲ့ ဟဲယာရွာမ က လူဦးရေ ၆၀၀ ကျော်ကို ရိက္ခာပိုင်းမှာ အဓိက
ဦးစားပေး ထောက်ပံ့ပေးနေပါတယ်။ ကျန်တာကတော့ ကျန်းမာရေး ဆက်စပ်ပစ္စည်းတော်တော်များများကို လွှမ်းခြုံပေးထားနိုင်ပါတယ် “ဟု ၄င်းက ပြောသည်။

လူဦးရေ ၃၁၀၀ ကျော်နေထိုင်ကြသည့် ဟဲယာ ရွာမ မှ အိမ်ခြေအားလုံးအား လက်ရှိတွင် စားနပ်ရိက္ခာထောက်ပံ့ပေးခြင်းကို ၃၅ ရာခိုင်နှုန်း ဝန်းကျင်လွှမ်းခြုံထားနိုင်ပြီးကျန်းမာ ရေးဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဟဲယာရွာမ ပတ်ဝန်းကျင် တဝိုက်ရှိ ရွာပေါင်း ၂၀ ကျော်ကိုလည်း ကျန်းမာရေး ဆက်စပ်ပစ္စည်းများကိုလည်း ထောက်ပံ့ပေးထား​ကြောင်း သိရသည်။

“ဒီဘက်က ရွာတစ်ချို့က စားဝတ်နေရေး တောင်တော်တော်လေး ခက်ခဲနေတာ။ သူတို့မှာ နောက်ထပ် အခက်အခဲ တွေရှိတယ်။ အဲဒါတွေက ဘာလဲဆိုရင် ကျန်းမာရေးအတွက် ဆေးဝါးတွေ မဝယ်နိုင်ကြဘူး။စားဖို့တောင် အနိုင်နိုင်လေ။ ဒါမို့ ကျွန်တော်တို့ကလည်း အခု ကျန်းမာရေး ဓာတ်စာတွေ ဆေးဝါးတွေ ထောက်ပံ့ပေးနိုင်ဖို့ အလှူရှင် နှစ်ဦး သုံးဦးနဲ့ ပြောဆိုထားပါတယ်”ဟု ၄င်းက ပြောသည်။

တစ်ချိန်က အထင်ကရကျော်ကြားခဲ့သည့် မူလ ဟဲယာရွာမ ရေပေါ်ဈေးရှိခဲ့သည့် ကျေးရွာကြီးဖြစ်ပြီး လက်ရှိ ဟဲယာရွာမသည် အိမ်ခြေ ၁၃၀၀ကျော် ရှိကာ လက်မှု လုပ်ငန်းထွန်းကားသည့် ကျေးရွာကြီး တစ်ရွာလည်းဖြစ်ကြောင်း သိရ သည်။

Photo အင်းလေးဟဲယာပန်းပဲ ပရဟိတအဖွဲ့