ငပလီဟိုတယ်အများစု ကြိုတင် Booking များဖြင့်ပြည့်

Travelling journal နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ အခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ်အများစုမှာ ခရစ္စမတ် ကာလနှင့် Happy New year ကာလများအတွက် ကြိုတင် Booking များဖြင့် ပြည့်နေပြီ ဖြ ...

Travelling journal

နာမည်ကျော် ကမ်းခြေတစ်ခုဖြစ်သည့် ငပလီကမ်းခြေ အခြေစိုက် ဖွင့်လှစ်ထားသည့် ဟိုတယ်အများစုမှာ ခရစ္စမတ် ကာလနှင့် Happy New year ကာလများအတွက် ကြိုတင် Booking များဖြင့် ပြည့်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လ အတွင်း ငပလီ ကမ်းခြေ သို့ ပြည်တွင်းဧည့်သည် (၈၇၈၃)ဦးနှင့် မြန်မာနိုင်ငံတွင်
အခြေစိုက် နေထိုင်ကြသည့် နိုင်ငံခြားသား ဧည့်သည် (၁၂၆)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှု ဦးစီးဌာန (သံတွဲ)မှ တာဝန်ရှိသူတစ်ဦးက Travelling journal သို့ ပြောသည်။

” ကျွန်တော် တို့ဆီမှာ ဆောင်းဦးပွဲတော် ဖွင့်လိုက်တော့ သွားလို့ရတယ်ဆိုတာ သိသွားကြတယ်။ ဒီမှာက လောလောဆယ်တော့ အေးချမ်းမှု လုံခြုံမှု ရှိနေတဲ့အနေအထားရှိနေတယ်။ အဲဒါကလည်း အားသာချက် ပေါ့။ အဲဒါကြောင့်မို့ Booking တွေ တော် တော်လေး ရှိတယ်ဆိုတာ သိထားပါတယ် “ဟု ရခိုင်ပြည်နယ် ဟိုတယ်ခရီး တာဝန်ခံ က Travelling journal သို့ ပြောသည်။

လက်ရှိတွင် သံတွဲ မြို့ပေါ်ရှိ ဟိုတယ် နှင့် တည်းခိုရိပ်သာ အလုံး (၄၀) သာ ဖွင့်လှစ်ထားရှိပြီး ထပ်မံ၍ COVID -19 စည်းကမ်းချက်များနှင့်အတူ ဟိုတယ်များကို စစ်ဆေးပြီး ထပ်မံ တိုးမြှင့် ဖွင့်လှစ်နိုင်အောင် စီစဥ်နေကြောင်း
သိရသည်။