ကျိုင်းတုံနာရီစင်ကို ဒေသယဥ်ကျေးမှုနှင့်လိုက်လျော ညီထွေမည့် ဒီဇိုင်းဖြင့် တည်ဆောက်နေ

Travelling journal ကျိုင်းတုံ မြို့၏ အထင်ကရတစ်ခု ဖြစ်လာမည့် နာရီစင်ကို ဒေသနှင့်လိုက်လျော ညီထွေပြီး ယဥ် ကျေးမှု လက်ရာများ​ဖြင့် တည်ဆောက် နေကြောင်း ကျိုင်းတုံ စည်ပင်သာယာရေးကော်မတီ မှ အမှုဆောင်အရ ...

Travelling journal

ကျိုင်းတုံ မြို့၏ အထင်ကရတစ်ခု ဖြစ်လာမည့် နာရီစင်ကို ဒေသနှင့်လိုက်လျော ညီထွေပြီး ယဥ် ကျေးမှု လက်ရာများ​ဖြင့် တည်ဆောက် နေကြောင်း ကျိုင်းတုံ စည်ပင်သာယာရေးကော်မတီ မှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက် က Travelling journal သို့ ပြောသည်။

အဆိုပါ နာရီစင်ကို ထိုင်းဗိသုကာ ပညာရှင်မှ ဒီဇိုင်းရေးဆွဲထားပြီး မကြာခင်ပြီးစီးတော့မည်ဖြစ်သလို ကျိုင်းတုံ နာရီစင် တည်ဆောက်ရန်အတွက် လွိုင်မွေ ကုမ္ပဏီက လှူဒါန်း ပြီးစည်ပင်သာယာရေး ကော်မတီမှကြီးကြပ်တည်ဆောက်ပေးကြောင်းသိရသည်

“ထိုင်းဗိသုကာပညာရှင်ကို ရေးဆွဲထားခိုင်းတာပါ ။ပညာရှင်ရေးဆွဲထားတဲ့ဒီဇိုင်းကို ကျွန်တော်တို့ ကော်မတီ ကနေ စီမံခန့် ခွဲ ပြီးဆောက်လုပ်နေပါတယ်။(၇) လပိုင်းဆိုရင်ပြီးပါပြီ။ (၈လပိုင်းလဆန်း) ပိုင်းဆိုရင် ဖွင့်လှစ်ပေးသွားမှာပါ”ဟု ၄င်းက ပြောသည်။

ကျိုင်းတုံနာရီစင် ကို လာမည့် ​ဩဂုတ်လဆန်းပိုင်းတွင်ဖွင့်လှစ်ရန် စီစဥ်ထားပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လည်ပတ် နိုင်မည့် Tourist Site တစ်ခုဖြစ်ရန် ရည်ရွယ်ထားကြောင်းသိရသည်။

” ကျွန်တော်ကလောမြို့မှာ တာဝန်ကျတုန်းက လည်း Tourist Attraction တစ်ခုဖြစ်လာအောင် ကလောနာရီစင်ကို တည်ဆောက်ခဲ့ပါတယ်။အခုဆိုရင် ကလောကိုလာတဲ့ခရီးသွားဧည့်သည်တွေရဲ့ အမှတ်တရ ဓာတ်ပုံရိုက်တဲ့ Tourist Site တစ်ခုဖြစ်နေပါပြီ။ အခုကျိုင်းတုံ နာရီစင်ကိုလည်း အဲ့လိုပဲ Tourist Site တခု ဖြစ်အောင် တည်ဆောက် နေပါတယ်” ဟု ဦးကျော်မင်းထိုက်က ပြောသည်။

လက်ရှိတွင် ကျိုင်းတုံ မြို့၏ အမှတ်အသားဖြစ်သည့် နောင်တုံကန်ကိုအဆင့်မြှင့်တင်နေပြီး ဒေသခံများနှင့်အတူ ပြည်တွင်းခရီးသွားများကလည်း လာရောက်အမှတ်တရဓာတ်ပုံများရိုက်ကူးကြသည့်နေရာတစ်ခုဖြစ်လာနေပြီဖြစ်သည်။

ဆောက်လုပ်နေသည့် ကျိုင်းတုံနာရီစင်ဒီဇိုင်းကိုတွေ့ရစဥ်