MKT
မတ်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်လာမည့် ကမ္ဘာ လှည့်အပျော်စီးသင်္ဘော အား
ဆိုက်ကပ်ခွင့်ကို မပြု သည့်အတွက် ခရီးသည်များအတွက် ဆုံးရှုံးမှုများ ရှိသော်လည်း ယခုလို ကာလမျိုးတွင်
သင်္ဘောကြောင့် ဖြစ်လာသည်ဟု ဆိုလာပါက သမိုင်းတရားခံ ဖြစ်သွားလိမ့်မည်ဟု myanmar voyages international tourism co; Ltd ကုမ္ပဏီ မှ မန်နေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုး Travelling Journal သို့
ပြောသည်။
“နေ့လည်က ဝန်ကြီးကိုယ်တိုင် ပြောပါတယ်။ အခုကတော့ Cancel ဖြစ်သွားပါပြီ။ ဒီဘက်က အခြေအနေကလည်း သိတဲ့အတိုင်းပဲလေ။ လက်ခံလိုက်မယ်ဆိုရင်လည်း ပြဿ နာတွေကရှိနိုင်တယ်။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်
ဖြစ်နေမယ်။ ကိုယ့်ဆီမှာလည်း မရှိဘူးလို့ ပြောလို့မရပါဘူး။ တခြား ဖြစ်တဲ့ ကိစ္စ တစ်ခုနဲ့ ဖြစ်တာက သင်္ဘောကြောင့် ဆိုပြီး သမိုင်းတရားခံ ဖြစ်သွားရင် ပြီးပြီ။ အဲဒါ ကြောင့် လောလောဆယ် ဆုံးရှုံးတာထက် ဒိထက်မက မဖြစ်စေချင်လို့ပါ။ စိတ်ချစေချင်လို့ပါ” ဟု ၄င်းက ပြောသည်။
အဆိုပါ ကုမ္ပဏီအနေဖြင့် သဘောင်္ဆိုက်ကပ်လာပါက Land programm အပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးရမည်ဖြစ်ကာ ဆုံးရှုံးမှုများရှိသော်လည်း ယင်းထက် မြန်မာပြည်သို့ လာရောက်လည်ပတ်ချင်သည့် ကမ္ဘာလှည့် ခရီးသည် ၃၈၅ ဦး၏ ဆုံးရှုံးမှုက ပိုသည်ဟု ဦးသက်လွင်တိုးက ပြောသည်။
ကမ္ဘာလှည့်ခရီးသွား ၃၈၅ ဦးပါဝင်ပြီး သင်္ဘောဝန်ထမ်း များ ပါဝင်သည့် NV- Silver Spirit အပျော်စီးသင်္ဘောသည် တမြန်နေ့က စင်ကာပူသို့ တက်ရောက်ခဲ့ပြီးဖြစ်ကာ ထိုမှ တဆင့် မနက်ဖြန်တွင် ထိုင်းနိုင်ငံဖူးခတ် သို့
ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ တွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည့် လူနာ မရှိသေးသော်လည်း မတ်လ ၁ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသည့် ကမ္ဘာ့ နိုင်ငံပေါင်း ၅၄ နိုင်ငံရှိကာ ကူးစက်ခံရသူ ၈၅၄၀၃ ဦး၊ သေဆုံးသူ ၂၉၂၄ ဦး ရှိပြီး မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်လူနာ ၄၃ ဦး၊သံသယ လူနာ ၂ ဦး နှင့်စုစုပေါင်း ၄၅ ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။