နောင်ချိုကြီးကျေးရွာတွင် တိမ်ပင်လယ်စခန်းသစ် နှစ်ခု မကြာခင် ဖွင့်လှစ်တော့မည်

Travelling Journal  ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် စခန်းသစ် နှစ်ခု ကို မကြာခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Cloudy Villa မှ တာဝန်ရှိ ...

Travelling Journal 

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့၊ နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် စခန်းသစ် နှစ်ခု ကို မကြာခင် ဖွင့်လှစ်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။

မကြာခင် ဖွင့်လှစ် မည့် တိမ်ပင်လယ်စခန်းသစ် နှစ်ခုမှာ Win Villa နှင့် Naykyar Villa တို့ဖြစ်ကြောင်း သိရသည်။

” Cloudy Villa ကတော့ အောက်တိုဘာ (၈) ရက် ကနေစပြီး ဖွင့်လှစ် ခဲ့တာပါ။ ဒီနှစ် ခုကိုတော့ နိုဝင်ဘာလပိုင်း အမှီ ဖွင့်လှစ် ဖို့ ပြင်ဆင်နေပါပြီ”ဟု Cloudy Villa မှ တာဝန်ရှိသူ ဒေါ် ယုနန္ဒာမှိုင်း က Travelling သို့ ပြောသည်။

Cloudy Villa ကိုတွေ့ရစဉ်

လက်ရှိဖွင့်လှစ်ထားသည့် Cloudy Villa တွင် ရွက်ဖျင်တဲ အလုံး (၂၀)နှင့် ဘန်ဂလို လုံးချင်းအိမ် (၁၀) လုံး ​ဖွင့်လှစ်ထားပြီး နှစ်ယောက်အိပ် Tent ​ငှားရမ်းမည်ဆိုပါက  ကျပ် သုံးသောင်း ကျသင့်မည်ဖြစ်ကာ လေးယောက်အိပ် Tent ငှားရမ်းမည်ဆိုပါက ကျပ် ငါးသောင်း ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လေးယောက် တည်းခိုနိုင်သည့် ဘန်ဂလို ငှားရမ်းခမှာ တစ်ညလျှင် ကျပ် ခုနှစ်သောင်း ဖြစ်ပြီး ၊ ခြောက်ယောက်တည်းခိုနိုင်သည့် ဘန်ဂလို စျေးနှုန်း မှာ ကျပ် တစ်သိန်းသုံးသောင်း ဖြစ်ကာ ရေချိုးခန်း၊ အိမ်သာ တွဲလျက် ပါရှိကြောင်း သိရသည်။ 

” လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော် သွားလည်ခဲ့သေးတယ်။အခုလောက် သိပ်မလှဘူး။ အခုကတော့  ကြည့်လို့ကောင်းသွားပါတယ် “ဟု ပြီးခဲ့တဲ့ ရက်ပိုင်း​က သွားရောက်လည်ပတ်ခဲ့သည့် ဧည့်သည် တစ်ဦး​က သူ၏ အမြင်ကို Travelling သို့ ပြောသည်။

Cloudy Villa ကိုတွေ့ရစဉ်

လက်ရှိတွင် နောင်ချိုကြီး ကျေးရွာ တွင် တိမ်ပင်လယ် ကြည့်လို့ရသည့်  တိမ်ပင်လယ်စခန်းများမှာ တိမ်ပင်လယ် ဦးထွန်းရွှေ ၊  စော်ဘွားတောင်  ၊ သတ္တမမြောက် ကောင်းကင်ဘုံ  ၊ Cherry Hill Resort  ၊ Sky Resort  ၊ Cotton Hill  ၊ ထင်ရှားမောင် တိမ်ပင်လယ် စခန်း  စသည့် တိမ်ပင်လယ်စခန်း (၁၀) ခုခန့် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ 

နောင်ချိုမြို့​ပေါ်မှ တိမ်ပင်လယ် အလှကိုအကောင်းဆုံး ကြည့်ရှုနိုင်သည့် ကာလမှာနိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီလ စသည့်ဆောင်းရာသီတွင်သာ တိမ်ပင်လယ်ကို မြင်တွေ့နိုင်ပြီး တိမ်ပင်လယ်ကို မနက် ၅ နာရီကျော်မှစတင် ပြီး ၉ နာရီလောက်အထိ တိမ်ပင်လယ်အလှကို တွေ့မြင်နိုင်ကြောင်း သိရသည်။ 

Photo Sai Noon Phoo/  Cloudy Villa FB/ 7th Heaven FB