သဘာဝ တာတောင်ရှုခင်းများနှင့် တွဲဖက်ထားသည့် အပန်းဖြေစခန်းများကို ဝင်ငွေခွန် စတင် ကောက်

Travelling Journal သဘာဝ တောတောင်ရှုခင်းကြည့်များနှင့် တွဲဖက်ကာ ဓာတ်ပုံရှုခင်း ကြည့်ကွက်များဖြင့် ဖန်တီးထားသောရှမ်းပြည်နယ် အတွင်းရှိ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင်ကောက်ခံနေကြောင်း သိ ...

Travelling Journal

သဘာဝ တောတောင်ရှုခင်းကြည့်များနှင့် တွဲဖက်ကာ ဓာတ်ပုံရှုခင်း ကြည့်ကွက်များဖြင့် ဖန်တီးထားသောရှမ်းပြည်နယ် အတွင်းရှိ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင်ကောက်ခံနေကြောင်း သိရသည်။

အဆုိပါ အပန်းဖြေစခန်းအများစုမှာ ရှမ်းပြည်နယ်တွင် အများဆုံးရှိပြီး အထင်ကရ နေရာများဖြစ်သည့် ဓာတ်ပုံရှူခင်းများကို ဖန်တီးဆွဲဆောင်နိုင်သော ကလောမြို့၊ ရွာငံမြို့ နှင့် ရှမ်းရှေ့၊ ရှမ်းမြောက် တို့တွင် အများဆုံး ရှိကြောင်းသိရသည်။

ကလောမြို့အနီး ရေယောင်းမရွာကို အခြေပြုပြီးဖွင့်လှစ်ထားသည့် သီရိစန္ဒာ ဓာတ်ပုံ ရှူခင်း အပန်းဖြေစခန်းကလည်း ယခုနှစ် ၂၀၂၂ -၂၀၂၃ ခုနှစ် အပန်းဖြေစခန်း၏ ဝင်ငွေခွန်ကို စတင် ပေးဆောင်ခဲ့ရကြောင်းသိရသည်။

“ကျွန်တော်တို့ကိုလည်း နို့တစ်စာပို့လာတယ်။ ကျွန်တော်တို့ဆီ ပို့လာတာက တခြားအပန်းဖြေစခန်းတွေထက် အကြောင်းအရာချင်း ကောက်ခံပုံခြင်းမတူဘူး။ များနေတယ်။ အခုတော့ မဆောင်ရသေးပါဘူး။ ကျွန်တော်တို့ရဲ့ရှယ်ယာရှင်တွေကိုတော့ ပြောထားပါတယ်”ဟု ရှန်ဘာလာ ကလော ရေယောင်းမ View Point မှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ရွာငံမြို့ ရှိ မြင်းမူကုန်း View Point တာဝန်ရှိသူကလည်း ယခုနှစ်တွင် ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နည်းပါးသွားပြီး ယခုကဲ့သို့ ဝင်ငွေခွန်ကောက်ခံခြင်းစာလည်း မရောက်လာခဲ့ကြောင်း ဆိုသည်။

“နိုင်ငံရေးအခြေအနေ ပေါ်မူတည်ပြီး သိပ်မလာတော့ဘူး။ လူကလည်း သိပ်မရတော့ ဒီတိုင်းပဲထားထားရတယ် “ဟု မြင်းမူကုန်း View Point မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

အပန်းဖြေစခန်းများ၏ ဝင်ကြေးမှာ တစ်ဦးလျှင် ကျပ်တစ်ထောင်နှင့် တစ်ထောင်​ကျော်ဝန်းကျင်ဖြစ်ပြီး နေ့စဥ်လာရောက်မှုမှာ နည်းပါးလေ့ရှိကာ ပွဲတော်ရက် ကာလများတွင်သာ လူဥ​ီးရေ( ၅၀၀) မှ (၁၀၀၀)ကြားလောက်ထိသာ လာရောက်ကြကြောင်းသိရသည်။

Photo ရှမ်းပြည်နယ်အတွင်းရှိ Viewpoint တချို့ကိုတွေ့ရစဥ်။Credit