မီးအာမခံအပြင် ငလျင်အာမခံ ဝယ်ယူခဲ့သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၇၀၀၀)ကျော် ပေးအပ်ခဲ့

#Travelling Journal မီးအာမခံအပြင် ငလျင်အာမခံပါ ဝယ်ယူခဲ့သည့် မန္တလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ စုစုပေါင်းကျပ်သိန်းပေါင်း (၁၇၀၀၀) ကျော်ပေးအပ်ခဲ့ကြ ...

#Travelling Journal

မီးအာမခံအပြင် ငလျင်အာမခံပါ ဝယ်ယူခဲ့သည့် မန္တလေးအခြေစိုက်ဟိုတယ်တစ်ခုဖြစ်သည့် Hotel Mandalay ကို မြန်မာ့အာမခံက လျော်ကြေးငွေ စုစုပေါင်းကျပ်သိန်းပေါင်း (၁၇၀၀၀) ကျော်ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

အဆိုပါဟိုတယ်သည် မီးအာမခံအပြင်အပိုကာကွယ် (၁၁)မျိုးထဲမှ ငလျင်အာမခံ၊လေမုန်တိုင်းအာမခံ နှင့် ရေကြီးရေလျှံအာမခံ သုံးမျိုးကို ထပ်မံဝယ်ယူခဲ့ခြင်းကြောင့် ယခုကဲ့သို့လျော်ကြေး ငွေပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

“ဟိုတယ်မန္တလေးကတော့မြေပိုင်ရှင်ကသပ်သပ်နဲ့အငှားကသပ်သပ်ဖြစ်မယ်။တစ်ဦးချင်းစီကနေ ထားထားတဲ့ အာမခံအတွက် အခုလိုမျိုးလျော်ကြေးပေးအပ်ခဲ့တာ “ဟု မြန်မာ့အာမခံမှတာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။

မတ်လ၂၈ ရက်က အင်အားပြင်းထန်သော
မြေငလျင်လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် မြန်မာ့အာမခံလုပ်ငန်းတွင် မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးသောင်းထိုက်မင်း (Hotel Mandalay)(ပိုင်)အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၂,၃၂၈.၂၄)သိန်း၊ မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော AK Construction & Industry Co.,Ltd (ပိုင်) အဆောက်အဦအတွက် တစ်စိတ်တစ်ဒေသ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ် (၃,၀၉၈.၆၇) သိန်း၊မီးအာမခံနှင့်အတူ မြေငလျင်အကာအကွယ်ယူ၍ အာမခံထားရှိသော ဦးအေးကို၊ ဦးစိုင်းအောင်ကြီး (Hotel Mandalay) (ပိုင်) အဆောက်အဦအတွက် လျော်ကြေးငွေ ကျပ် (၁၂,၄၁၇.၇၆ )သိန်းတို့ကို အသီးသီးလျော်ကြေးငွေကို မေလ ၃၀ ရက်က ပေးအပ်ခဲ့ကြောင်းသိရသည် ။

#Travelling Journal
#News
#Photo-Myanmainsurance-fb