Tour Package ဖြင့် လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသွားများ၏ ခရီးစဥ်အစအဆုံး မှတ်တမ်းများကို ဝန်ကြီးဌာနသို့ပေးပို့ရမည်

#Travelling Journal လိုင်စင်ရခရီးသွားကုမ္ပဏီများမှ Tour Packageဖြင့်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဥ် အစအဆုံးမှတ်တမ်းများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင ...

#Travelling Journal

လိုင်စင်ရခရီးသွားကုမ္ပဏီများမှ Tour Package
ဖြင့်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဥ် အစအဆုံးမှတ်တမ်းများကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဝန်ကြီးဌာနမှ မေလ(၁၆)ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားပြီး ထုတ်ပြန်ချက်တွင် မတ်လ(၂၈) ရက် မန္တလေးငလျင်ကြီးဖြစ်ပွားပြီးနောက် လိုင်စင်ရခရီးသွားကုမ္ပဏီများ၏အစီအစဥ်ဖြင့် ခရီးစဥ် ဒေသများသို့ လာရောက်လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသည်များနှင့် မြိတ်ကျွန်းစုသို့စက်တပ်ရွက်လှေများဖြင့် လာရောက်လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသည်များ၏ ခရီးစဥ်များကိုတင်ပြခဲ့ရာ ခရီးသွားကုမ္ပဏီများ၏ အစီအစဥ်ဖြင့်လာရောက်သော ခရီးစဥ်များတွင် ခရီးသည်များ၏ ဓာတ်ပုံ၊ဗွီဒီယိုများရိုက်ကူးထားရှိပြီး ဌာနသို့ ပေးပို့ရန်နှင့် ဌာန၏ Website နှင့် Social Media များတွင်ဖော်ပြရန်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်းသိရသည်။

“အခု မြိတ်ကျွန်းစုဘက်က ဒီရာသီက ခရီးသွားရာသီနားထားတယ်။ နိုဝင်ဘာကျမှ မြိတ်ကျွန်းစုခရီးသွားကာလက ပြန်လည်ဖွင့်တာ။ တခါတလေတော့ခရီးသွားလာတာမျိုးရှိပါတယ်။ အဲဒီအချိန်ကျရင်တော့တင်ပြရမှာပေါ့ “ဟု ဟိုတယ်နှင့်ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန ( ကော့သောင်းရုံးခွဲ) မှ တာဝန်ရှိသူက Travelling သို့ပြောသည်။

လိုင်စင်ရခရီးသွားကုမ္ပဏီများအနေဖြင့် ဝန်ဆောင်မှူပေးခဲ့သော ခရီးစဥ်များတွင် ပါရှိသည့်ခရီးသွားများ စတင်ရောက်ရှိလာရာမှစတင်ပြီး ခရီးစဥ်လည်ပတ်ကြည့်ရှုနေမှုများနှင့် လမ်းခရီးတစ်လျှောက်လှုပ်ရှားမှုများကို ဓာတ်ပုံ ဗွီဒီယိုများဖြင့် မှတ်တမ်းတင်ရိုက်ကူးပြီး ခရီးစဥ် ပြီးဆုံးသည့်နေ့မှ (၁၀) ရက်အတွင်း ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဟို တယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးဌာနခွဲ Email (trd.trd2021@gmail. com) သို့လိပ်မူ၍ မပျက်မကွက်ပေးပို့ရန် ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်းသိရသည်။

#Travelling Journal
#News
#Photo Tourism Tanintharyi