ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက်လည်ပတ်နိုင်ဟု ဝန်ကြီး ဌာန ထုတ်ပြန်

#TravellingJournal ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက် လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ယနေ့ (မေလ ၉ ရက်)တွင် ထုတ်ပြန် ...

#TravellingJournal

ပြည်တွင်းပြည်ပခရီးသွားများ ငလျင်ဘေးသင့်ရာဒေသနှင့်ခရီးစဥ်နေရာများကို ပုံမှန်အတိုင်းသွားရောက် လည်ပတ်နိုင်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ယနေ့ (မေလ ၉ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။

မြန်မာနိုင်ငံ၏ ခရီးစဥ်ဒေသများအနက် ငလျင်ဘေးသင့်ရာဒေသများ၌ ငလျင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများကို ပြည်တွင်းပြည်ပခရီးသည်များက သွားရောက်ကြည့်ရှုကြခြင်းဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့်ဗဟုသုတများရရှိစေနိုင်သည့်အပြင် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့်ဝင်ငွေများတိုးပွားရရှိနိုင်ကာ ဒေသ၏ lအကျိုးစီးပွားကိုလည်းအထောက်အပံ့ဖြစ်စေနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။

လက်ရှိတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှူမရှိသော ဟိုတယ်များ၊ ခရီးသွား အေဂျင်စီများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာအသင်းအဖွဲ့များမှ ပုံမှန်အတိုင်းလုပ်ငန်းများ ပြန်လည် လည်ပတ်ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် တောင်ကြီး ခရီးစဉ် ၊ ပုဂံ ခရီးစဉ်များကို ထွက်ရှိပေးနေပြီး ခရီးစဥ်အသစ်အနေဖြင့်
ဘားအံခရီးစဥ်ကို မေလ ၂၄ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုဖြစ်သည့် The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

” မေလ 24 ရက်နေ့က စပြီး အပတ်စဉ် စနေနေ့တိုင်း ဘားအံပြေးဆွဲမှာ ဖြစ်ပြီး တစ်ဦးကိုကျပ် ၂၆၀၀၀၀ ဖြစ်ပါတယ် “ဟု The Unlock Travels & Tourမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

#Travelling Journal
#News