ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ ခရီးသွားဧည့်သည် (၈၄၀၀၀)ကျော် ဝင်ရောက်လည်ပတ်

#TravellingJournal ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်ဦးရေ စုစုပေါင်း ( ၈၄၁၃၅ )ဦး လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးည ...

#TravellingJournal

ငွေဆောင်ကမ်းခြေသို့ ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလအထိ လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်ဦးရေ စုစုပေါင်း ( ၈၄၁၃၅ )ဦး လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန(ငွေဆောင်ဌာနခွဲ)မှ သိရသည်။

” လေးလတာ ကာလအတွင်းမှာဆိုရင် ခရီးသွားဧည့်သည် (၈၄၀၀၀) ကျော်လာရောက်ဆိုတော့ တစ်ရက်ကို ပျမ်းမျှဧည့်သည် (၅၀၀) နီးပါးဝင်ရောက်လည်ပတ်တဲ့သဘောပါ ” ဟု ဟိုတယ် နှင့်ခရီးသွားလာရေးညွန်ကြားမှု ဦးစီးဌာန ငွေဆောင် ဌာနခွဲမှ တာဝန်ရှိသူ က Travelling သို့ ပြောသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ တွင် ပြည်တွင်း(၂၇၇၈၆)ဦးနှင့် ပြည်ပ( ၂၁၀၀)ဦး စုစုပေါင်း (၂၉၈၈၆ )ဦး၊ဖေဖော်ဝါရီ လ တွင် ပြည်တွင်း (၉၅၃၅)ဦးနှင့် ပြည်ပ (၁၁၉၉)ဦး စုစုပေါင်း (၁၀၇၃၄)ဦး၊ မတ်လတွင် ပြည်တွင်း (၃၀၇ ၂၇)ဦး နှင့် ပြည်ပ (၁၀၀၆ )ဦး စုစုပေါင်း (၃၁၇၃၃)ဦး ၊ဧပြီလတွင်ပြည်တွင်း (၁၁၂၂၈)ဦး နှင့် ပြည်ပ( ၅၅၄)ဦး စုစုပေါင်း (၁၁၇၈၂)ဦး တို့ ဝင်ရောက်လည်ပတ်ခဲ့ကြောင်းသိရသည်။

လက်ရှိတွင်ငွေဆောင်ကမ်းခြေ၌ ဟိုတယ် အလုံး(၃၄ ) လုံးရှိပြီးအခန်းပေါင်း (၁၆၅၆)ခန်းရှိကြောင်းသိရသည်။

#TravellingJournal
#News
#Ngwesaung
#Photo-Atthesea