
#TravellingJournal
နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ မကျည်းပင်ကျေးရွာအုပ်စုမှ ရေဘေးကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရသည့် ညောင်ပင်သာကျေးရွာရှိ နေအိမ်(၂၂ ) လုံးကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ အိမ်တစ်လုံးလျှင် (၅၄ )သိန်းခွဲဖြင့် ဆောက်လုပ်လှူဒါန်းပြီး ရွာသားများထံအပ်နှံပေးခဲ့ကြောင်း အဆိုပါအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling သို့ ပြောသည်။
“အိမ်တစ်လုံးကို ကျပ် (၅၄) သိန်းခွဲ ဝန်းကျင်နဲ့ အိမ် (၂၂) လုံး ဆောက်ပေးခဲ့တာပါ။ Community Center ကတော့ သိန်း(၃၅၀) ကျပါတယ်။ နောက်ထပ်အခုလိုမျိုး ထပ်လှူနိုင်ဖို့လည်းကြိုးစားသွားမှာပါ ” ဟု အဆိုပါအဖွဲ့ချုပ်၏ဥက္ကဋ္ဌ ဦးရန်ဝင်း က Travelling သို့ ပြောသည်။

နေပြည်တော်ရှိ ရေဘေးသင့်ခဲ့သော ကျေးရွာရှိဒေသခံများလက်ဝယ်သို့ ယနေ့ (မေလ ၃ ရက်)တွင် အိမ်များ အပ်နှံပေးခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် လက်အောက်ရှိ ဘေးအန္တရာယ်တုံ့ပြန်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ပြောသည်။
ရေဘေးကြောင့် ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည့်ညောင်ပင်သာကျေးရွာသို့ သွားရောက်ကွင်းဆင်းခဲ့ပြီး မိုးတွင်းမရောက်ခင် တည်ဆောက်ပေးခဲ့ကာ ယခုအခါ အိမ်များ အားလုံးပြီးစီးသွားသဖြင့် လက်ဝယ်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ရေဘေးဒဏ်သင့်ခဲ့သည့် ညောင်ပင်သာကျေးရွာတွင် Community Centre တစ်ခုနှင့် အိမ်အလုံး(၂၂ ) ဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်လက်အောက်ရှိအသင်းများနှင့်
အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကုမ္ပဏီများမှ ထည့်ဝင်ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းပေးနိုင်ခဲ့ကြောင်းသိရသည်။
#TravellingJournal
#News
#Photo MTF



