မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို DPTOA အသင်းမှ ကျပ်သိန်း(၄၀၀) ကျော် လှူဒါန်း

#TravellingJournal မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)၏ သုံးပါးရတနာလူမှုကူညီရေးကော်မတီမှ ကျပ်သိန်း(၄၀၀) ကျော် သွားရောက်လှ ...

#TravellingJournal

မန္တလေးနှင့် စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA)၏ သုံးပါးရတနာလူမှုကူညီရေးကော်မတီမှ ကျပ်သိန်း(၄၀၀) ကျော် သွားရောက်လှူဒါန်း
ပေးခဲ့ကြောင်း သိရသည် ။

ပြီးခဲ့သည့် ဧပြီလ (၂၆) ရက်က စစ်ကိုင်းမြို့ရှိ ကျောက်တာကျေးရွာနှင့် မန္တလေးမြို့ရှိ ရွှေတန်းရပ်နှင့်ကုသိုလ်တော်ဘုရားကယ်ဆယ်ရေးစခန်းတို့ရှိ အိမ်ထောင်စုပေါင်း(၃၉၇)စုကို ငွေသားနှင့်စားသောက်ကုန်ပစ္စည်းစုစုပေါင်းတန်ဖိုး(၄၀၀)သိန်းခန့် ကို လှူဒါန်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကြီးကနေ အခုလိုမျိုး သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့တဲ့နေရာဒေသတွေကို သွားလှူဒါန်းခဲ့တာက ငါးကြိမ်မြောက်တော့ရှိပါပြီ။ ရေဘေး ၊ ငလျင်ဘေး ဖြစ်ခဲ့တဲ့ ဧရာဝတီတိုင်း၊ပဲခူး၊နေပြည်တော်၊အင်းလေး၊အခု မန္တလေးနဲ့ စစ်ကိုင်းတို့ကို လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ အသင်းအောက်မှာရှိတဲ့ ခရီးသွား ဝန်ဆောင်မှုလုပ်တဲ့လုပ်ငန်းတွေကတော့ သူတို့ဘာသာသူတို့အစီအစဥ်နဲ့လှူဒါန်းကြတာတွေလည်းအများကြီးရှိပါတယ် “လို့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင် မှုအသင်းမှ တာဝန်ရှိသူက Travelling သို့ ပြောသည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း (DPTOA) အသင်းကြီးလက်အောက်ရှိ သုံးပါးရတနာ လူမှုကူညီရေးကော်မတီ ကို ဖွဲ့စည်းထားပြီး ယင်းကော်မတီမှ သဘာဝဘေးအန္တရာယ်ဖြစ်ပွား
သည့်ဒေသများကို သွားရောက်လှူဒါန်းထောက်ပံ့နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် DPTOA အသင်း၌ အသင်း၀င် (၆၀၀) ဝန်းကျင်ရှိပြီး အသင်းမ၀င်ရသေးသည့်လုပ်ငန်းများလည်းရှိကြောင်း သိရသည်။

#TravellingJournal
#News
#Donation
#Photo DPTOA