မွန်၊ ကရင် နှင့် ပဲခူး​မြို့ခရီးသွားပတ်လမ်းကြောင်းကို ပထမဆုံးဖော်ဆောင်ပြီး ခရီးစဥ်ရောင်းချမည်

#TravellingJournal မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း တို့ကို သွားရောက်လည်ပတ်မည့် ခရီးသွားပတ်လမ်းကြောင်း ကို ပထမဆုံးဖော်ဆောင်နေပြီး ခရီးစဥ်ရောင်းချသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက ...

#TravellingJournal

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း တို့ကို သွားရောက်လည်ပတ်မည့် ခရီးသွားပတ်လမ်းကြောင်း ကို ပထမဆုံးဖော်ဆောင်နေပြီး ခရီးစဥ်ရောင်းချသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် Hearticraft Myanmar Travel and Tours မှ တာဝန်ရှိသူတစ်ဦးက Travelling သို့ ပြောသည်။

လက်ရှိတွင် ယင်းခရီးသွားပတ်လမ်းကြောင်းကို
ဖော်ဆောင်ရန် ခရီးစဥ်နေရာများကို ယင်းကုမ္ပဏီ အနေဖြင့် သွားရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်ရှိ ကိုလိုနီအဆောက်အအုံများနှင့် ဦးနာအောက်ကျောင်း၊ ကျောက်သင်ပုန်းရွာ၊ ကျိုက်ထီးရိုး စသည့်နေရာများ၊ ကရင်ပြည်နယ်ရှိ သဘာဝအလှတရား များရှိရာ ဂူခရီးစဥ်များ နှင့်တောင်တက်ခရီးစဥ်များ၊ Trekking လမ်းကြောင်းခရီးစဥ်များနှင့် ပဲခူးမြို့ပေါ်ရှိ ကမ္ဘောဇသာဒီနန်းတော်၊ ရွှေသာလျောင်းနှင့် ဝင်္ဂဘော် ဆင်စခန်း တို့ကို သွားရောက်လည်ပတ်ရန် စီစဥ်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဥ်ကို ငါးညအိပ် ခြောက်ရက်ခရီးစဥ်သတ်မှတ်ထားပြီး ဟိုတယ်တည်း/ငြိမ်း/စား အပြီးအစီးကို တစ်ဦးလျှင် ကျပ်(၁၀)သိန်းမှ ကျပ် (၁၅)သိန်း ဝန်းကျင် သတ်မှတ်ထားပြီး နိုင်ငံခြားသားတစ်ဦးကို ကန်ဒေါ်လာ( ၆၀၀) ဝန်းကျင် သတ်မှတ်ထားကြောင်း သိရသည်။

“ဒီခရီးစဥ်လမ်းကြောင်းကို လေ့လာခဲ့ပြီးပါပြီ။ ခရီးသွားပတ်လမ်းအနေနဲ့ဖော်​ဆောင်သွားမှာပါ။လက်ရှိ ဒီနေရာတွေကို သွားလာလို့ရနေပါတယ်။ ဒီခရီးစဥ်တွေရောင်းလို့ရတယ်ဆိုတာကို ပြည်တွင်းအခြေစိုက်ခရီးသွား ကုမ္ပဏီတွေကို ဖိတ် ခေါ်သွားဖို့လည်း နောင်ကျရင် စီစဥ်ထားပါတယ် “ဟု ကရင်ပြည်နယ် အခြေစိုက် Hearticraft Myanmar Travel and tours မှ တာဝန်ရှိသူတစ်ဦး က Travelling သို့ ပြောသည်။